မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ မန်ယူအသင်းအနေနဲ့ လက်ရှိရာသီမှာ ဆီးမီး ဖိုင်နယ် ပွဲစဉ် (၂) ပွဲကို ကစားရပြီး အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ်ကနေ ထွက်ခဲ့ရတာကြောင့် ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်အဆင့်နဲ့တော့ မလုံလောက်ဘဲ ဗိုလ်လုပွဲ တက်ရမယ်လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ ယူရိုပါလိဂ် ကွာတား ဖိုင်နယ်မှာ ကိုပင်ဟေဂင်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာတော့ ဗလန်စီယာအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်ကိုတော့ ယခုအပတ် တနင်္ဂနွေနေ့ည ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းကတော့ ယခုအပတ် တနင်္ဂနွေနေ့ည၊ တနင်္လာနေ့ နံနက်၊ (၁း၃၀) အချိန်မှာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် ကစားသွားရမှာ ဖြစ်ပြီး (၂၀၁၇) ခုနှစ်နောက်ပိုင်း လက်ရှိအချိန်အထိ ဆုဖလား တစ်ကြိမ်တစ်ခါမှ မရရှိနိုင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆီမီး ဖိုင်နယ် ပွဲစဉ် (၂) ပွဲ ကစားခွင့် ရရှိခဲ့ပြီး အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်ကနေ ထွက်သွားခဲ့ရတာ ဖြစ်ပေမယ့်လည်း ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် အဆင့်မှာ ကစားနေရပြီး နည်းပြ ဆိုးလ်ရှားက ယူရိုပါလိဂ်ဆီမီး ဖိုင်နယ်အဆင့်နဲ့တော့ မလုံလောက်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့ ဆီမီး ဖိုင်နယ် ပွဲစဉ် (၂) ပွဲ ကစားရတယ်။ ဒါပေမယ့် နောက်တစ်တင့်ကို တက်ဖို့ လိုအပ်ပါတယ်။ ဆီမီး ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းနိုင်တာက ကောင်းတဲ့ ကြိုးစားမှု နဲ့ ကောင်းမွန်မှုပါပဲ။ ဒါပေမယ့် ဆီမီး ဖိုင်နယ် ပွဲစဉ်က မန်ယူအသင်းအတွက် မလုံလောက်ပါဘူး။ အသင်းက တိုးတတ်လာပြီး ပိုပြီး ဆာလောင်လာပါတယ်။ ကျွန်တော်တို့ ဖလား ပြိုင်ပွဲ (၂) ခုမှာ ကစားခဲ့ရပြီး တစ်ခုက ထွက်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ပိုပြီး ပေါက်ရောက်ချင်ပါတယ်။ ကျွန်တော် ပွဲစဉ် (၁) ပွဲ ရှုံးတဲ့ အချိန် ဒါမှမဟုတ် တစ်ခုခု ရှုံးနိမ့်တဲ့ အချိန်မှာတော့ အဲဒီလိုမျိုး ခံစားချက်ကို ထပ်မလိုချင်တော့ပါဘူး။ ဒီတော့ ကျွန်တော်တို့ လာမယ့် တနင်္ဂနွေနေ့ ကစားသွားရမယ့် ပွဲစဉ်အတွက် အသင်းအနေနဲ့ အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။