ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ခြေစွာလွန်းခဲ့လို့ နေ့ချင်းညချင်းမှာပဲ ဥရောပရဲ့အတောက်ပဆုံး ဆယ်ကျော်သက် ဘောလုံးသမားလေး ဖြစ်လာခဲ့ရတဲ့ အာလင်းဟာလန်းကတော့ သူ့ကိုအလိုရှှိနေတဲ့ ကလပ်အသင်းကြီးတွေကို လစ်လျူရှပြီး ဘွန်ဒက်လီဂါကလပ် ဒေ့ါမွန်အသင်းကိုပဲ ရွေးချယ်သွားခဲ့တာက ဘောလုံးပရိသတ်တွေအားလုံးအတွက် အံ့အားသင့်စရာ ဖြစ်လာခဲ့ရပါတယ်။ အခုလည်း ဟာလန်းလိုပဲ လူငယ်ကြယ်ပွင့်လေးတစ်ယောက်ဖြစ်တဲ့ ဒန်နီအိုလ်မိုမှာလည်း သူ့ကို လိုချင်နေတဲ့ အသင်းကြီးတွေကြားထဲကမှ ရက်ဘူးလိုက်ပ်ဇစ်အသင်းကိုပဲဲ ရွေးချယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : En24News

အသက်၂၁နှစ်အရွှယ်သာရှိသေးတဲ့ စပိန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အိုလ်မိုဟာ ဘာစီလိုနာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းမှာ ပါဝင်ကစားရင်းနဲဲ့ သူရဲ့ခြေစွမ်းကောင်းတွေကို ထုတ်ဖော်ပြသလာနိုင်တာကနေတစ်ဆင့် ဥရောပအသင်းပေါင်းများစွာရဲ့ပစ်မှတ်ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် အိုလ်မိုက သူ့ကို အလိုရှိနေကြတဲ့ အသင်းကြီးတွေထဲကမှ ဘယ်သူမှ မထင်မှတ်ထားတဲ့အသင်းအဖြစ် ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ်ဆီကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Youtube

အိုလ်မိုကို သူရဲဲ့အသင်းဟောင်း ဘာစီလိုနာရဲ့ ပစ်မှတ်ဖြစ်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့နွေစျေးကွက်တုန်းကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အခုဆောင်းစျေးကွက်ရဲ့ အစပိုင်းတုန်းကလည်း အိုလ်မိုအနေနဲ့ အေစီမီလန်အသင်းဆီကို ရောက်ရှိတော့မယ်ဆိုပြီး သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ အိုလ်မိုက ဘွန်ဒက်လီဂါမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ လိုက်ပ်ဇစ်ကိုပဲ ယူရိုသန်းနှစ်ဆယ်နဲ့ ပြောင်းရွှေ့သွားခဲဲ့တာပဲဖြစ်ပါတယ်။ အိုလ်မိုဟာ လိုက်ပ်ဇစ်ကို အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ချုပ်ဆိုခဲ့တာဖြစ်ပြီး ကျောနံပါတ်၂၅ကို ဝတ်ဆင်မှာဖြစ်ကာ အသင်းနဲ့အတူ ဒီရာသီ ဘွန်ဒက်လီဂါချန်ပီယံဖြစ်ဖို့ တိုက်ပွဲဝင်ပေးသွားနိုင်ဖွယ် ရှိနေပါတယ်။

(Zawgyi)

ဘွန်ဒက်လီဂါကိုပဲ ရွေးချယ်သွားခဲ့ပြန်တဲ့ နောက်ထပ်ဥရောပရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦး

ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ခြေစွာလွန်းခဲ့လို့ နေ့ချင်းညချင်းမှာပဲ ဥရောပရဲ့အတောက်ပဆုံး ဆယ်ကျော်သက် ဘောလုံးသမားလေး ဖြစ်လာခဲ့ရတဲ့ အာလင်းဟာလန်းကတော့ သူ့ကိုအလိုရှိနေတဲ့ ကလပ်အသင်းကြီးတွေကို လစ်လျူရှပြီး ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်သွားခဲ့တာက ဘောလုံးပရိသတ်တွေအားလုံးအတွက် အံ့အားသင့်စရာ ဖြစ်လာခဲ့ရပါတယ်။ အခုလည်း ဟာလန်းလိုပဲ လူငယ်ကြယ်ပွင့်လေးတစ်ယောက်ဖြစ်တဲ့ ဒန်နီအိုလ်မိုမှာလည်း သူ့ကို လိုချင်နေတဲ့ အသင်းကြီးတွေကြားထဲကမှ ရက်ဘူးလိုက်ဇ်ပစ်အသင်းကိုပဲ ရွေးချယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : En24News

အသက်၂၁နှစ်အရွှယ်သာရှိသေးတဲ့ စပိန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အိုလ်မိုဟာ ဘာစီလိုနာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းမှာ ပါဝင်ကစားရင်းနဲ့ သူရဲ့ခြေစွမ်းကောင်းတွေကို ထုတ်ဖော်ပြသလာနိုင်တာကနေတစ်ဆင့် ဥရောပအသင်းပေါင်းများစွာရဲ့ပစ်မှတ်ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် အိုလ်မိုက သူ့ကို အလိုရှိနေကြတဲ့ အသင်းကြီးတွေထဲကမှ ဘယ်သူမှ မထင်မှတ်ထားတဲ့အသင်းအဖြစ် ဘွန်ဒက်လီဂါကလပ် လိုက်ဇ်ပစ်ဆီကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Youtube

အိုလ်မိုကို သူရဲ့အသင်းဟောင်း ဘာစီလိုနာရဲ့ ပစ်မှတ်ဖြစ်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့နွေဈေးကွက်တုန်းကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အခုဆောင်းဈေးကွက်ရဲ့ အစပိုင်းတုန်းကလည်း အိုလ်မိုအနေနဲ့ အေစီမီလန်အသင်းဆီကို ရောက်ရှိတော့မယ်ဆိုပြီး သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ အိုလ်မိုက ဘွန်ဒက်လီဂါမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ လိုက်ဇ်ပစ်ကိုပဲ ယူရိုသန်းနှစ်ဆယ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ အိုလ်မိုဟာ လိုက်ဇ်ပစ်ကို အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ချုပ်ဆိုခဲ့တာဖြစ်ပြီး ကျောနံပါတ်၂၅ကို ဝတ်ဆင်မှာဖြစ်ကာ အသင်းနဲ့အတူ ဒီရာသီ ဘွန်ဒက်လီဂါချန်ပီယံဖြစ်ဖို့ တိုက်ပွဲဝင်ပေးသွားနိုင်ဖွယ် ရှိနေပါတယ်။