MySport Myanmar

မန်ယူနဲ့ပွဲကို ဆေးလ်ဗား အပါအဝင် ဆိုစီဒက် ကစားသမား(၆)ဦးခန့် လွဲချော်ဖွယ်ရှိ

မနက်ဖြန်ညမှာ ကျင်းပသွားမယ့် ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်အတွင်း အိမ်ရှင်ဆိုစီဒက်အသင်းဘက်က အဓိက ဝါရင့်ကစားသမားကြီး ဒေးဗစ်ဆေးလ်ဗား အပါအဝင် ကစားသမား (၆)ယောက်ခန့်လောက် ဒီပွဲကို လွဲချော်သွားရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sportskeeda

လာလီဂါကလပ် ဆိုစီဒက်အသင်းဟာ ဒီနှစ်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲအတွင်းမှာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့တဲ့ ပွဲစဉ် အပါအဝင် ကစားထားခဲ့သမျှ ပွဲစဉ်တွေအားလုံးကို အနိုင်ရထားခဲ့ပြီး အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တတ်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံသွားရမယ့် အုပ်စုနောက်ဆုံးပွဲမှာ သရေတစ်မှတ်လောက် ရရှိခဲ့မယ်ဆိုရင်တောင် အုပ်စုပထမနေရာကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုစီဒက်ဟာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲအတွင်း အသင်းအတွက် အရေးပါလှတဲ့ ကစားသမားတွေကို အနားရမှာဖြစ်လို့ ဒါက သူတို့အသင်းအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : 90Min

ရီးယဲလ်ဘက်တစ်နဲ့ ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်မှာ ဆိုစီဒက်အတွက် ပါဝင်ထားနိုင်ခြင်းမရှိတဲ့ ဝါရင့် ကွင်းလယ်လူ ဆေးလ်ဗားက ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း ဆက်လက် လွဲချော်ရဦးမှာ ဖြစ်သလို အဲ့ဒီ ဘက်တစ်နဲ့ပွဲကို လွဲချော်ထားခဲ့ရတဲ့ ကစားသမားတွေဖြစ်တဲ့ ကူဘို အော်ယာဇာဘယ်လ် အလီချို မူနော့ဇ် ဆာဒစ်ခ်နဲ့ ဘာရန်နတ်စ်ဆေယာတို့ဟာလည်း ယူနိုက်တက်နဲ့ ပွဲကို ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ ဧည့်သည် ယူနိုက်တက်ကလည်း အန်တိုနီ ဆန်ချိုတို့လို winger တွေကို ဆက်လက် အနားပေးရဖွယ် ရှိနေပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီဖြစ်တဲ့ မာရှယ်ကိုတော့ လူစာရင်းမှာ ထည့်သွင်း အသုံးပြုလာဖွယ် ရှိနေပါတယ်။ ကွန်းဖရန့်လိဂ်ကို စတင် အသက်သွင်းခဲချိန်ကစပြီး ယူရိုပါလိဂ်မှာလည်း စည်းမျဉ်းတွေ ပြောင်းလဲလာခဲ့ရာ အုပ်စုအတွင်း အုပ်စုပထမနေရာရတဲပ ကလပ်အသင်းက ရှုံးထွက်(၁၆)သင်းအဆင့်ကို အလိုအလျောက် တတ်လှမ်းခဲ့ရကာ အုပ်စုဒုတိယအသင်းကတော့ ချန်ပီယံလိဂ်ကနေ ပြုတ်လာတဲ့ အသင်းတွေနဲ့ ပလေးအော့ပွဲ ထပ်မံ ဆင်နွဲပြီး အနိုင်ရလာမှသာ (၁၆)သင်းအဆင့်ဆီ တတ်လှမ်းရတာဖြစ်လို့ ယူနိုက်တက်အတွက် ဆိုစီဒက်အတွက်ပါ အုပ်စုပထမနေရာက အတော်လေးကို အရေးပါနေရပါတယ်။

Exit mobile version