အသင်းရဲ့ အဓိကပစ်မှတ် ကီလီယန်အမ်ဘာပေကို ခေါ်ယူဖို့ လက်လျှော့ခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဒီရာသီ စီးရီးအေမှာ အတော်လေးကို ခြေစွမ်းပိုင်း တောက်ပလျက်ရှိနေရတဲ့ အီတလီစီးရီးအေချန်ပီယံ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့် ကစားသမားလေး ရာဖယ်လ်လီယာအိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၂၀)နဲ့ပါ ကမ်းလှမ်းသွားဖို့ထိ စီစဉ်နေတယ်လို့ အီတလီအခြေစိုက် Gazzetta dello Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Arsenal, Man City interest in Rafael Leao forces AC Milan into eye-opening  contract decision over star

Photo Credit : TEAMtalk

လက်ရှိမှာ အသက်(၂၂)နှစ်အရွွယ်သာ ရှိနေသေးတဲ့ ပေါ်တူဂီလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားလေး လီယာအိုဟာ ပေါ်တူဂီ ကစားသမားကောင်းတွေကို မွေးထုတ်ပေးလေ့ရှိတဲ့ စပို့တင်းလစ္စဘွန်း လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး စပို့တင်းကနေ လိုင်လီ လိုင်လီကနေမှ အေစီမီလန်အသင်းဆီကို ၂၀၁၉ခုနှစ်မှပဲ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်း ကြွယ်ဝပြီး ဘောလုံးစကေးလည်း ကျွမ်းကျင်သူဖြစ်တဲ့ လီယာအိုဟာ ဒီရာသီမှာလည်း မီလန်အသင်း စီးရီးအေချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ပ့ံ့ပိုးပေးနိုင်ခဲ့ပြီး အသင်းအတွက်ကိုလည်း စီးရီးအေသွင်းဂိုး(၁၁)ဂိုးထိကို သွင်းယူနိုင်ခဲ့ပါတယ်။

MN: Agent has received an important offer for Rafael Leao - AC Milan News

Photo Credit : AC Milan News

မီလန်နဲ့အတူ ပွဲပေါင်း (၁၁၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း သွင်းဂိုး (၂၇)ဂိုးထိကို သွင်းယူထားနိုင်ခဲ့တဲ့ လီယာအိုကို ၂၀၂၁ခုနှစ် အောက်တိုဘာလမှာပဲ ပေါ်တူဂီလက်ရွေးစင်အသင်းကပါ ရွေးချယ်သွားခဲ့ပါတယ်။ ဒီလို တောက်ပနေတဲ့ လီယာအိုကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပြီး လက်ရှိမှာလည်း ရီးယဲလ်အသင်းကပါ လီယာအိုကို အရခေါ်ယူနိုင်ဖို့အတွက် ငွေကြေး အမြောက်အများထိ အသုံးပြုလာဖွယ် ရှိနေရပါတယ်။ ဘယ်တောင်ပံနေရာမှာ အဓိက ပါဝင်ကစားတတ်သူဖြစ်တဲ့ လီယာအိုဟာ အေစီမီလန်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသူဖြစ်ပေမယ့်လည်း သူရဲ့အနာဂတ်က လာမယ့်နွေမှာ အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် ရီးယဲလ်ဘက်က အခုလို အသေအချာ ကမ်းလှမ်းသွားဖို့ စီစဉ်နေရတာ ဖြစ်ပါတယ်။ ပေါ်တူဂီ-အန်ဂိုလာနွယ်ဖွား လီယာအိုဟာ ဒီနှစ်ဘောလုံးရာသီမှာ မီလန်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၄)ဂိုး သွင်းယူထားပေးခဲ့သလို (၁၂)ဂိုးထိ ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူရဲ့ ဂိုးပါဝင်ပတ်သက်မှုနှုန်းက တကယ့်ကို ကျေနပ်လောက်စရာ အတိုင်းအတာမျိုးမှာ ရှိနေရပါတယ်။