ရီးရဲလ်မက်ဒရစ်အသင်းမှာ အနာဂတ်မရှိတော့တဲ့ ကိုလံဘီယာတိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က လာမယ့်စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားချင်နေသလို သူ့ကိုလည်း ရီးရဲလ်အသင်းကနေ အပြီးသတ်ရောင်းချချင်နေပြီး အသင်းနဲ့ စာချုပ်သက်တမ်းကလည်း တစ်နှစ်ပဲ ကျန်ရှိတော့တာဖြစ်လို့ ယူရို(၂၅)သန်းလောက်နဲ့ပင် အသင်းကနေ ရောင်းချဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက် အာဆင်နယ်တို့အပြင် အခြားသော ပရီးမီးယားလိဂ်အသင်းပေါင်းများစွာတုုိ့ကနေလည်း ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ခုနှစ်ကမှ မိုနာကိုကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရခဲ့တာကြောင့် နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလာခဲ့တဲ့အပြင် ဘိုင်ယန်မြူးနစ်အသင်းဆီကိုပါ (၂)ရာသီ အငှားချခံခဲ့ရပါတယ်။ အငှားစာချုပ် ပြည့်မြောက်သွားလို့ ရီးရဲလ်ကို ပြန်လည်ရောက်ရှိလာတော့လည်း အရင်လိုပဲ နေရာပေးခံမရတာကြောင့် ရိုဒရီရွက်ဇ်အနေနဲ့ လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ထွက်ခွာသွားဖို့ကိုပဲ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိတော့တာဖြစ်လို့ ဒီစျေးကွက်အတွင်းမှာသာ သူ့ကိုရောင်းမချနိုင်ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရတော့မှာဖြစ်လို့ Cut-Price လို့ခေါ်တဲ့ လျှော့စျေးနဲ့ပဲ ရောင်းချရဖွယ်ရှိပြီး ယူရို(၂၅)သန်းလောက်နဲ့ပင် ရောင်းချရနိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေတဲ့ ရိုဒရီဂွက်ဇ်ကို မန်ချက်စတာယူနိုက်တက် အာဆင်နယ် အဲဗာတန်နဲ့ ဝုလ်ဗ်တို့လို ပရီးမီးယားလိဂ်အသင်းများစွာကနေ စိတ်ဝင်စားနေကြပြီး အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့စျေးကွက်အတွင်းကလည်း နာပိုလီ အသက်လက်တီကိုမက်ဒရစ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ မဖြစ်ပေါ်ခဲ့ပဲ ရီးရဲလ်မှာသာ ကျန်ရှိနေခဲ့ရသလို အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲသာ ပါဝင်ကစားထားခဲ့ရကာ သွင်းဂိုးလည်း (၁)ဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲ့အကောင်းဆုံးသော ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားအပြီးမှပဲ ရီးရဲလ်မက်ဒရစ်က သူ့ကို အရခေါ်ယူခဲ့တာဖြစ်ပါတယ်။