ရီးရဲလ္အသင္းဟာ ယေန႔ည (၁၂း၃၀) အခ်ိန္မွာ အက္သလက္တီကုိအသင္းနဲ႔ စူပါကုိပါ ဖလားဗုိလ္လုပဲြစဥ္မွာ မက္ဒရစ္ဒါဘီ ပဲြစဥ္ ကစားရမွာ ျဖစ္ၿပီး၊ ရီးရဲလ္ ေနာက္ခံလူ ရာမုိ႔စ္က စူပါကုိပါ ဖလားကုိ ရရွိဖုိ႔ ေသေသရွင္ရွင္ တုိက္ပဲြ ဝင္သြားမယ္လုိ႔ ကတိေပး ေျပာသြားတာပဲ ျဖစ္ပါတယ္။ ရီးရဲလ္အသင္းဟာ ဆီမီးဖုိင္နယ္ပဲြစဥ္မွာ ဗလန္စီယာအသင္းကုိ (၃-၁) နဲ႔ အႏုိင္ရၿပီး ဗုိလ္လုပဲြကုိ ေရာက္လာသလုိ အက္သလက္တီကုိအသင္းကလည္း ဘာစီလုိနာအသင္းကုိ (၃-၂) နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ ဗုိလ္လုပဲြကုိ ေရာက္လာခဲ့ၿပီး မက္ဒရစ္ ဒါဘီ ပဲြစဥ္ကုိ ဆင္ႏဲႊၾကမွာပဲ ျဖစ္ပါတယ္။

Photo Credit: Goal

နည္းျပ ဇီဒန္းရဲ႕ ရီးရဲလ္အသင္း နဲ႔ နည္းျပ ဆီမြန္နီရဲ႕ အက္သလက္တီကုိအသင္းဟာ (၂၀၁၉) ခုႏွစ္ စက္တင္ဘာလက လာလီဂါ ျပိဳင္ပဲြမွာ မက္ဒရစ္ ဒါဘီ ပဲြစဥ္ ကစားခဲ့ၾကေပမဲ့ ေဖ်ာ္ေျဖမႈ နဲ႔ ျပင္းထန္မႈ သိပ္မရွိခဲ့ဘဲ အျပန္အလွန္ ဂုိးမသြင္းႏုိင္ခဲ့ၾကတာေၾကာင့္ ဂုိးမရွိ သေရက်ခဲ့ပါတယ္။ ဗဟုိခံစစ္မွဴး နဲ႔ ညာအစြန္ ခံစစ္မွဴးျဖစ္တဲ့ ရီးရဲလ္အသင္း ေခါင္းေဆာင္ ရာမုိ႔စ္ကေတာ့ လက္ရွိရာသီမွာ လာလီဂါ ပဲြစဥ္ (၁၈) ပဲြ ကစားထားရာမွာ သြင္းဂုိး (၁၈) ဂုိး သြင္းယူႏုိင္ခဲ့ၿပီး ယေန႔ည အက္သလက္တီကုိအသင္းကုိ အႏုိင္ယူၿပီး စူပါကုိပါဖလားကုိ ရရွိႏုိင္မယ္လုိ႔ ေျပာသြားပါတယ္။

Photo Credit: Goal

ရာမုိ႔စ္က “အသင္းတစ္သင္းကုိ ရန္သူလုိ႔ ေျပာတာကေတာ့ အက်ည္းတန္ ရုပ္ဆုိးလြန္းပါတယ္။ ျပိဳင္ဘက္လုိ႔ေျပာရမွာပါ။ ကြ်န္ေတာ္ကေတာ့ ဘယ္အသင္းကိုမွ ရန္သူလုိ႔ မျမင္ဘူး။ တုိက္ရုိက္ ျပိဳင္ဘက္လုိ႔ပဲ ျမင္ပါတယ္။ လူတုိင္းက သူတုိ႔ ေတြးခ်င္တာကုိ လြပ္လပ္စြာ ေတြးႏုိင္တာပဲေလ။ သူတုိ႔က နည္းျပေကာင္း နဲ႔ အသင္းေကာင္းဆုိေတာ့ ခက္ခဲတဲ့ ၿပိဳင္ဘက္ ျဖစ္မွာပါပဲ။ သူတုိ႔ဟာ ေမွ်ာ္လင့္ခ်က္ ရွင္သန္ေနေသးသေရႊ႕ တုိက္ပဲြဝင္ေနမွာပါ။ ကြ်န္ေတာ္တုိ႔ဟာလည္း ဒီဖလားကုိ ရရွိဖုိ႔အတြက္ ေသေသရွင္ရွင္ တုိက္ပဲြဝင္ဖုိ႔ ျပင္ဆင္ထားပါတယ္”လုိ႔ သတိေပးလုိက္ပါတယ္။

{Unicode}

ရီးရဲလ်အသင်းဟာ ယနေ့ည (၁၂း၃၀) အချိန်မှာ အက်သလက်တီကိုအသင်းနဲ့ စူပါကိုပါ ဖလားဗိုလ်လုပွဲစဉ်မှာ မက်ဒရစ်ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပြီး၊ ရီးရဲလ် နောက်ခံလူ ရာမို့စ်က စူပါကိုပါ ဖလားကို ရရှိဖို့ သေသေရှင်ရှင် တိုက်ပွဲ ဝင်သွားမယ်လို့ ကတိပေး ပြောသွားတာပဲ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလန်စီယာအသင်းကို (၃-၁) နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို ရောက်လာသလို အက်သလက်တီကိုအသင်းကလည်း ဘာစီလိုနာအသင်းကို (၃-၂) နဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို ရောက်လာခဲ့ပြီး မက်ဒရစ် ဒါဘီ ပွဲစဉ်ကို ဆင်နွဲှကြမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်း နဲ့ နည်းပြ ဆီမွန်နီရဲ့ အက်သလက်တီကိုအသင်းဟာ (၂၀၁၉) ခုနှစ် စက်တင်ဘာလက လာလီဂါ ပြိုင်ပွဲမှာ မက်ဒရစ် ဒါဘီ ပွဲစဉ် ကစားခဲ့ကြပေမဲ့ ဖျော်ဖြေမှု နဲ့ ပြင်းထန်မှု သိပ်မရှိခဲ့ဘဲ အပြန်အလှန် ဂိုးမသွင်းနိုင်ခဲ့ကြတာကြောင့် ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဗဟိုခံစစ်မှူး နဲ့ ညာအစွန် ခံစစ်မှူးဖြစ်တဲ့ ရီးရဲလ်အသင်း ခေါင်းဆောင် ရာမို့စ်ကတော့ လက်ရှိရာသီမှာ လာလီဂါ ပွဲစဉ် (၁၈) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၈) ဂိုး သွင်းယူနိုင်ခဲ့ပြီး ယနေ့ည အက်သလက်တီကိုအသင်းကို အနိုင်ယူပြီး စူပါကိုပါဖလားကို ရရှိနိုင်မယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

ရာမို့စ်က “အသင်းတစ်သင်းကို ရန်သူလို့ ပြောတာကတော့ အကျည်းတန် ရုပ်ဆိုးလွန်းပါတယ်။ ပြိုင်ဘက်လို့ပြောရမှာပါ။ ကျွန်တော်ကတော့ ဘယ်အသင်းကိုမှ ရန်သူလို့ မမြင်ဘူး။ တိုက်ရိုက် ပြိုင်ဘက်လို့ပဲ မြင်ပါတယ်။ လူတိုင်းက သူတို့ တွေးချင်တာကို လွပ်လပ်စွာ တွေးနိုင်တာပဲလေ။ သူတို့က နည်းပြကောင်း နဲ့ အသင်းကောင်းဆိုတော့ ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်မှာပါပဲ။ သူတို့ဟာ မျှော်လင့်ချက် ရှင်သန်နေသေးသရွှေ့ တိုက်ပွဲဝင်နေမှာပါ။ ကျွန်တော်တို့ဟာလည်း ဒီဖလားကို ရရှိဖို့အတွက် သေသေရှင်ရှင် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပါတယ်”လို့ သတိပေးလိုက်ပါတယ်။