ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ရတဲ့ လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ကံကောင်းမှုကြောင့်သာ ချန်ပီယံ ဖြစ်ခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီ ချယ်လ်ဆီး မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရစဉ်မှာ ရှုံးနိမ့်ခဲ့သင့်တယ်လို့ မန်စီးတီးအသင်း အမှုဆောင်ချုပ်ဖြစ်သူ ဖယ်ရန်ဆိုရီယာနိုက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Real Madrid were 'LUCKY' to win the Champions League, claims Man City chief  Ferran Soriano - calamityskies.com

Photo Credit : Daily Mail

ကားလို့အန်စလော့တီရဲ့ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ရဲ့ ဗိုလ်လုပွဲမှာ ပြိုင်ဘက်လီဗာပူးလ်ကို ဗင်နီစီယပ်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတလျှောက် (၁၄)ကြိမ်မြောက် ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။ ဒီလို ချန်ပီယံဆု ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း မန်စီးတီးအသင်း အမှုဆောင်ချုပ် ဆိုရီယာနိုက ရီးယဲလ်ဟာ ချန်ပီယံလိဂ်ဖလားကို ကံကောင်းပြီး ပိုင်ဆိုင်ခဲ့တာ ဖြစ်သလို (၁၆)သင်းအဆင့်ကနေ ဗိုလ်လုပွဲစဉ်အထိ ရင်ဆိုင်တွေ့ဆုံခဲ့ရတဲ့ ပြိုင်ဘက်တွေကို အရေးနိမ်ခဲ့သင့်ရာကနေ ကံကောင်းပြီး လွတ်မြောက်ခဲ့တာလို့ ပြောကြားသွားခဲ့ပါတယ်။

Man City chief aims 'lucky' Champions League jibe at Real Madrid but  insists Blues are not 'obsessed' with European glory | Goal.com US

Photo Credit : Goal

ရီးယဲလ်အသင်းနဲ့ ပတ်သက်ပြီး မန်စီးတီး CEO ဆိုရီယာနိုက “မကြာသေးမီ နှစ်များအတွင်း ရီးယဲလ်မက်ဒရစ်အသင်း ရရှိခဲ့တဲ့ အောင်မြင်မှုများအကြောင်းကို ဒီနေ့မှာ လူတွေက ပြောနေကြပါတယ်။ နောက်ပြီး သူတို့အသင်းက အနည်းငယ်လေး ကံကောင်းနေရတယ်လို့ ထည့်ပြောကြမှ တရားမျှတလိမ့်မယ်လို့ ထင်မိပါတယ်။ ပီအက်စ်ဂျီ ချယ်လ်ဆီး လီဗာပူးလ် နောက်ပြီး ကျွန်တော်တို့အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့က ရှုံးဖို့ ထိုက်တန်တယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲတလျှောက်မှာ အထူးသဖြင့် ရှုံးထွက်ပွဲစဉ်တွေမှာ ရိုလာကိုစတာရလဒ်တွေနဲ့ ချန်ပီယံဆုအထိ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပထမဆုံး (၁၆)သင်းအဆင့် ရှုံးထွက်ပွဲမှာ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေတဲ့ အနေအထားမျိုးကမှ ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့ ကွာတားတတ်လှမ်းခဲ့သလို ကွာတားမှာလည်း နှစ်ပေါင်းရလဒ် (၃)ဂိုး(၄)ဂိုးနဲ့ ရှုံးနေတဲ့ ရလဒ်ကနေမှ ရိုဒရီဂိုနဲ့ ချေပဂိုး ဘန်ဇီမာရဲ့ အနိုင်ဂိုးတို့နဲ့ ဆီမီးကို တတ်လှမ်းခဲ့ပါတယ်။ ဆီမီးမှာလည်း ဆိုရီယာနိုရဲ့ မန်စီးတီးနဲ့ တွေ့ဆုံပြီး နှစ်ကျော့ပေါင်းရလဒ် (၅)ဂိုး (၃)ဂိုးနဲ့ မျှော်လင့်ချက်မဲ့ရတဲ့ အနေအထားကနေ ရိုဒရီဂိုက (၅)ဂိုးစီ သရေကျသွားအောင် ချေပခဲ့ရင်း အချိန်ပိုမှာ ဘန်ဇီမာရဲ့ အနိုင်ဂိုးနဲ့ ဖိုင်နယ်တတ်ခဲ့ရသလို ဖိုင်နယ်မှာလည်း ဗင်နီစီယပ်စ်ရဲ့ အနိုင်ဂိုး တစ်ဂိုးလေးနဲ့ ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။