စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ မရေရာတဲ့ အနေအထားကြောင့် ပရီးမီးယားလိဂ်မှာ စပါးအသင်းနဲ့အတူ တောက်ပနေတဲ့ တောင်ကိုရီးယား အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိမှာ ဟာဇက် ၊ ဘန်ဇီမာ ၊ ရိုဒရီဂို ၊ ဂျိုဗစ် စတဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားပေမယ့် ဘန်ဇီမာ တစ်ဦးထဲကလွဲရင် လက်ရှိမှာ အသင်းအတွက် ပုံမှန် ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး ရှိမနေပဲ ဟာဇက်ဟာလည်း ဒဏ်ရာ ပြဿနာတွေကြောင့် ရုန်းကန် နေရပါတယ်။

Photo Credit: Standard

အသက် ၂၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွန်ဟောင်မင် ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှ စတင်ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ မှာလည်း ဟယ်ရီကိန်းနဲ့ အတူ တွဲဖက်ကာ စပါးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေပါတယ်။ ဆွန်ဟောင်မင် ဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁၆ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ် ကစားသမားတွေနဲ့ ယှဉ်လိုက်ရင် အတော်လေးကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ OKDiaro သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ် မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ အသင်းကို ကြီးကြီးမားမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ကွင်းလယ်ပိုင်းမှာ ရန်းနက်စ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ ကြိုးစားနေသလို တိုက်စစ်ပိုင်းမှာလည်း ဆွန်ဟောင်မင်ကို သူတို့အသင်းရဲ့ ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ကနဦးမှာ အမ်ဘာပေကို ခေါ်ယူဖို့ ပစ်မှတ် ထားခဲ့ပေမယ့် နည်းပြသစ် အပြောင်းအလဲနဲ့အတူ အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြယ်ပွင့် ကစားသမား တစ်ဦးနဲ့ အားဖြည့်ချင်နေပြီး တစ်ဖက်မှာလည်း ဆွန်ဟောင်မင်ဟာ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို ရရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကသာ ကမ်းလှမ်းလာပါက အသင်းပြောင်းဖို့ စဉ်းစားဖွယ် ရှိပါတယ်။