MySport Myanmar

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရီးယဲလ်ကို တိုက်ခိုက် ပြောဆိုလာတဲ့ အယ်ခါလိုင်ဖီ

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်ခါလိုင်ဖီက သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ ပတ်သက်ပြီး ဆက်ဆံရေးပိုင်း တင်းမာနေရတဲ့ လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကို ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဆက်စပ်ပြီး တိုက်ခိုက်စကားတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက်ဟောင်း လီဗာပူးလ်ကို ဗင်နီစီယပ်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပြီး (၁၄)ကြိမ်မြောက် ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းဟာ ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေနဲ့ ပူးပေါင်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲထက် ပိုပြီး ဝင်ငွေကောင်းမယ့် ဥရောပစူပါလိဂ်ဆိုတဲ့ ပြိုင်ပွဲသစ်ကို ကြီးမှူးကျင်းပဖို့ လုပ်ဆောင်ခဲ့ရာ UEFA ကလည်း ရီးယဲလ်အပါအဝင် ဘာကာ ဂျုဗီအသင်းတွေကိုပါ ချန်ပီယံလိဂ်လို UEFA လက်အောက်က ပြိုင်ပွဲတွေနေ ဖယ်ထုတ်နိုင်တယ်ဆိုတဲ့အထိ သတိပေးခဲ့ရပါတယ်။

Photo Credit : Sportskeeda

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီဥက္ကဌ အယ်ခါလိုင်ဖီက “ကျွန်တော် ဥရောပ ကလပ်အသင်းကြီးတွေကို လေးစားပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းကလည်း ချန်ပီယံလိဂ်ဖလားနဲ့ ထိုက်တန်ပါတယ်။ အရင်တုန်းကတော့ သူတို့က ဒီပြိုင်ပွဲကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် ချန်ပီယံ ဖြစ်လာပြန်တော့လည်း ရက်ပေါင်းများစွာကို အောင်ပွဲခံနေခဲ့တယ်။ အေဂျက်စ်အသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ မြင်ရတာတို့ တော့တင်ဟမ်ဟော့စပါးအသင်းကို ဖိုင်နယ်အဆင့်တွေမှာ ကျွန်တော် တွေ့မြင်ချင်ပါတယ်။ ပီအက်စ်ဂျီရဲ့ ပထမဆုံး ဥရောပပွဲစဉ်မှာဆိုရင် ပရိသတ်တွေက အေးခဲ့နေတဲ့ ဆာလ်ဇ်ဘာ့ဂ်မြို့မှာ ရင်ဘတ်ဗလာနဲ့ အားပေးနေတာကို သတိရမိသးတယ်။ ဒါက ဘောလုံးအားကစားရဲ့ စိတ်ဝိညာဉ်ပဲ။ ပိတ်ထားတဲ့ လိဂ်ပြိုင်ပွဲတစ်ခုနဲ့အတူ ငြင်းဆိုမှု ပြုလုပ်နေခြင်းကတော့ မတရားပါဘူး။ အဲ့ဒါတွေ ဖြစ်လာခွင့် မရှိစေရပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရီးယဲလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဘာပေရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်သင်းကြားမှာ မပြေလည်မှုတွေ ဖြစ်နေရပြီး အသင်းဥက္ကဌတွေပါ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြောဆိုမှုတွေ ရှိနေသလို အခုလည်း ပီအက်စ်ဂျီဥက္ကဌက သူတို့ပါဝင်ပတ်သက်ခြင်း မရှိတဲ့ စူပါလိဂ်နဲ့ ပတ်သက်ပြီး ရီးယဲလ်အသင်းကို ပြန်လည်တိုက်ခိုက်စကားတွေ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version