စပိန်ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ပရီးမီးယားလိ​ဂ် အသင်းတစ်သင်းဖြစ်တဲ့ ဝုဗ်အသင်းရဲ့ မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူးဖြစ်တဲ့ ဂျီမီနက်စ်ကို သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ခေါ်ယူအားဖြည့်ဖို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ ပေါ်တူဂီအခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၈နှစ်အရွယ် ဂျီမီနက်စ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတာ မကြာသေးပေမယ့် သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေထဲက တစ်ဦး ဖြစ်ကြောင်း သက်သေပြထားသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစု​ံ သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ဒါ့ကြောင့်လဲ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းက ဂျီမီနက်စ်ကို ခေါ်ယူကာ အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားကို မြှင့်တင်လိုနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဖရန့်ဖတ်အသင်းကနေ ခေါ်ယူထားတဲ့ လူကာဂျိုဗစ်ကို ရောင်းချကာ အဆိုပါ ရောင်းချမှုကနေ ရရှိလာတဲ့ ငွေကြေးနဲ့ ဂျီမီနက်စ်ကို ခေါ်ယူသွားမှာ ဖြစ်ကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။ လူကာဂျိုဗစ်ဟာ စည်းကမ်းပိုင်းဆိုင်ရာမှာ အားနည်းလွန်းတာကြောင့် ရီးရဲလ်အသင်းရဲ့ နည်းပြ ဖြစ်သူ ဇီဒန်းနဲ့ ကတောက်ကဆ ဖြစ်ပွားခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းက ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ထံကို ဂျိုဗစ်အား ဝယ်ယူနိုင်တယ်လို့ အသိပေးထားကြောင်း သိရပါတယ်။

Photo Credit: Standard.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဝုဗ်အသင်းဘက်ကလည်း သူတို့အသင်းအတွက် အကျိုးအမြတ်ရှိမယ့် ပြောင်းရွှေ့ကြေးကို ရရှိပါက ဂျီမီနက်စ်ကို ရောင်းချသွားဖို့ အသင့်ရှိနေကြောင်းနဲ့ ဂျီမီနက်စ်ဘက်ကလည်း သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ ရီးရဲလ်မက်ဒရစ်လို ထိပ်သီးအသင်းတစ်သင်းထံကို ပြောင်းရွှေ့ကာ ဆုဖလားတွေ ရရှိဖို့ တိုက်ပွဲဝင် လိုနေတယ်လို့ နီးစပ်သူတွေက ဖွင့်ဟထားခဲ့ကြပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ လက်ရှိအချိန်မှာ ဂျီမီနက်စ်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ပါဝင်နေပေမယ့် ပေါ်တူဂီလူမျိုး နာမည်ကြီးအေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် မန်ဒက်ရဲ့ အကူအညီနဲ့ ဂျီမီနက်စ်ကို ရီးရဲလ်မက်ဒရစ် အသင်းကပဲ ခေါ်ယူသွားနိုင်မှာဖြစ်ကြောင်းနဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်၅၅သန်းကနေ ၆၀သန်းကြား ရှိလိမ့်မယ်လို့ သုံးသပ်ထားခဲ့ကြပါတယ်။