မၾကာေသးခင္ကမွ ေဆာ္ဒီအာေရဗ်ႏုိင္ငံအတြင္း က်င္းပျပဳလုပ္ခဲ႔တဲဲ႔ စပိန္စူပါဖလားၿပိဳင္ပြဲဲအတြင္းမွာ ခ်န္ပီယံဆုကုိ ပုိင္ဆုိုင္ႏုိင္ခဲ႔ရတဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီ စပိန္လာလီဂါၿပိဳင္ပြဲရဲဲ႕ ဒုတိယလက္က်န္ရာသီဝက္အစကုိ အိမ္ကြင္းဘာေနဗ်ဴးမွာ ဆီဗီလာအသင္းနဲ႔ ထိပ္တုိက္ရင္ဆုိင္ၿပီး ျဖတ္ေက်ာ္ရေတာ့မွာျဖစ္ပါတယ္။ ဆီဗီလာဆုိတာကလည္း လာလီဂါရဲ႕ထိပ္သီးအသင္းႀကီးေတြထဲမွာ ပါဝင္ေနတာျဖစ္လုိ႔ ဒီပြဲမွာ အိမ္ရွင္တုိ႔ အမွတ္ျပည့္ရႏုိင္မလား ဒါမွမဟုတ္ ရုန္းကန္ရႏုိင္မလားဆုိတာေတြကုိ ပြဲႀကိဳသုံးသပ္ခ်က္အျဖစ္နဲ႔ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ပထမဆုံးေတာ့ အိမ္ရွင္အသင္းနဲ႔ပတ္သက္ၿပီး သုံးသပ္သြားခ်င္ပါတယ္။ ရီးရဲလ္အသင္းက ဒီရာသီမွာ ဘာစီလုိနာ ဗလင္စီယာအသင္းေတြနဲဲ႔အတူ အိမ္ကြင္းရွံးပြဲ လုံးဝမရွိေသးတဲ႔ အသင္းျဖစ္သလုိ အိမ္ကြင္းခံစစ္အေကာင္းဆုံးအသင္းေတြထဲမွာ အပါအဝင္ ျဖစ္လုိ႔ေနပါတယ္။ ဒါ့အျပင္ ဒီပြဲမွာ  ရီးရဲလ္ဘက္ကေန ဘန္ဇီမာ ေဘးလ္တုိ႔လုိ တုိက္စစ္ကစားသမားေတြ ျပန္လည္ပါဝင္ႏုိင္မွာျဖစ္လုိ႔ တုိက္စစ္အားျပန္ေကာင္းလာႏုိင္ၿပီး ဗယ္ဗာဒီ အနီကတ္ထိထားေပမယ့္ ကြင္းလယ္ပုိင္းမွာ ကစားသမားအင္အား မ်ားျပားေနလုိ႔ အက်ိဳးသက္ေရာက္မႈေတာ့ သိပ္မ်ားမ်ားစားစား ျဖစ္လာဖြယ္မရွိပါဘူး။ ဒါေမပယ့္ ဗလင္စီယာ ဘာစီလုိနာတုိ႔နဲ႔ စပိန္ႏုိင္ငံနဲ႔ အရမ္းအလွမ္းေဝးလြန္းတဲ႔ ေဆာ္ဒီမွာ ကစားထားရတာျဖစ္လုိ႔ ပြဲပန္းမႈက အနည္းနဲ႔အမ်ားေတာ့ ရွိထားႏုိင္ပါတယ္။

Photo Credit : Getty Images

ဆီဗီလာကေတာ့ အိမ္ကြင္းထက္ အေဝးကြင္းမွာ ရလဒ္ေတြ ပုိေကာင္းေနတတ္ၿပီးေတာ့ ရီးရဲလ္ထက္ေတာင္ အေဝးကြင္းႏုိင္ပြဲက ၁ပြဲသာလြန္ေနပါတယ္။ ေနာက္ဆုံးအေဝးကြင္း၁၀ပြဲမွာဆုိရင္ ရွံးပြဲက ၂ပြဲပဲရွိထားၿပီး ဘာစီလုိနာနဲ႔ ေအပုိးလ္နီကုိးရွားအသင္းေတြကုိ အေရးထားခဲ႔တာပါ။ ေနာက္ၿပီး ဆီဗီလာအသင္းမွာက ဒဏ္ရာပြဲပယ္ျပသာနာေတြ ကင္းစင္လုိ႔ေနၿပီး ဒီဇင္ဘာအားလပ္ရက္မွာ ရက္ရွည္ၾကာစြာ အနားရထားခဲ႔ပါတယ္။ ဒါေပမယ့္ ဆီဗီလာအေနနဲ႔ ဒီပြဲကုိသာ ေျခေခ်ာ္ခဲ႔မယ္ဆုိရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ရင္ေလးစရာျဖစ္လာႏုိင္လုိ႔ ဒီပြဲမွာ အမွတ္၁မွတ္ေလာက္ေတာ့ရဖုိ႔ ရုန္းလာႏုိင္ပါတယ္။

Photo Credit : Getty Images

ဒီႏွစ္သင္းက ဒီရာသီရဲ႕ပထမအေက်ာ့မွာ ေတြ႕ဆုံခဲ႔စဥ္တုန္းက အေဝးကြင္းမွာ ရီးရဲလ္က ၁ဂုိးတည္းနဲ႔ အႏုိင္ရထားခဲ႔ၿပီး ေနာက္ဆုံး၅ႀကိမ္ ထိပ္တုိက္ေတြ႕ဆုံရာမွာေတာ့ ရီးရဲလ္က ၃ႀကိမ္ႏုိင္ၿပီး ဆီဗီလာက ၂ႀကိမ္ႏုိင္ထားခဲ႔ကာ ၂၀၁၇ေနာက္ပုိင္းကေန ဒီႏွစ္သင္းေတြ႕ဆုံမႈမွာ သေရက်ျခင္း လုံးဝကုိ မရွိခဲ႔ပါဘူး။ လက္ရွိမွာ ဖြင့္လွစ္မႈေတြအရ ရီးရဲလ္က ပထမအေက်ာ့ရလဒ္ထက္ ျပတ္သားႏုိင္မွ အျပည့္ေပ်ာ္ရႊင္ႏုိင္မယ့္ အေနအထားကုိ ဖြင့္လွစ္ထားတာျဖစ္လုိ႔ စဥ္းစားစရာ ျဖစ္ေနရၿပီး အေဝးကြင္းေျခမာေက်ာတဲ႔ ဆီဗီလာကုိ ဂုိးျပတ္ဖုိ႔ခက္ခဲလုိ႔ စုံေအာက္ကုိပဲ ေရြးခ်ယ္ထားခ်င္ပါတယ္။

(Unicode)

အိမ်ကွင်းမှာ ဆီဗီလာနဲ့ လာလီဂါပွဲကျပ်တစ်ပွဲကို ရင်ဆိုင်သွားရမယ့် စူပါဖလားချန်ပီယံ ရီးရဲလ်

မကြာသေးခင်ကမှ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့တဲဲ့ စပိန်စူပါဖလားပြိုင်ပွဲဲအတွင်းမှာ ချန်ပီယံဆုကို ပိုင်ဆိုုင်နိုင်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲရဲဲ့ ဒုတိယလက်ကျန်ရာသီဝက်အစကို အိမ်ကွင်းဘာနေဗျူးမှာ ဆီဗီလာအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဖြတ်ကျော်ရတော့မှာဖြစ်ပါတယ်။ ဆီဗီလာဆိုတာကလည်း လာလီဂါရဲ့ထိပ်သီးအသင်းကြီးတွေထဲမှာ ပါဝင်နေတာဖြစ်လို့ ဒီပွဲမှာ အိမ်ရှင်တို့ အမှတ်ပြည့်ရနိုင်မလား ဒါမှမဟုတ် ရုန်းကန်ရနိုင်မလားဆိုတာတွေကို ပွဲကြိုသုံးသပ်ချက်အဖြစ်နဲ့ တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ပထမဆုံးတော့ အိမ်ရှင်အသင်းနဲ့ပတ်သက်ပြီး သုံးသပ်သွားချင်ပါတယ်။ ရီးရဲလ်အသင်းက ဒီရာသီမှာ ဘာစီလိုနာ ဗလင်စီယာအသင်းတွေနဲဲ့အတူ အိမ်ကွင်းရှံးပွဲ လုံးဝမရှိသေးတဲ့ အသင်းဖြစ်သလို အိမ်ကွင်းခံစစ်အကောင်းဆုံးအသင်းတွေထဲမှာ အပါအဝင် ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ဒီပွဲမှာ  ရီးရဲလ်ဘက်ကနေ ဘန်ဇီမာ ဘေးလ်တို့လို တိုက်စစ်ကစားသမားတွေ ပြန်လည်ပါဝင်နိုင်မှာဖြစ်လို့ တိုက်စစ်အားပြန်ကောင်းလာနိုင်ပြီး ဗယ်ဗာဒီ အနီကတ်ထိထားပေမယ့် ကွင်းလယ်ပိုင်းမှာ ကစားသမားအင်အား များပြားနေလို့ အကျိုးသက်ရောက်မှုတော့ သိပ်များများစားစား ဖြစ်လာဖွယ်မရှိပါဘူး။ ဒါမေပယ့် ဗလင်စီယာ ဘာစီလိုနာတို့နဲ့ စပိန်နိုင်ငံနဲ့ အရမ်းအလှမ်းဝေးလွန်းတဲ့ ဆော်ဒီမှာ ကစားထားရတာဖြစ်လို့ ပွဲပန်းမှုက အနည်းနဲ့အများတော့ ရှိထားနိုင်ပါတယ်။

Photo Credit : Getty Images

ဆီဗီလာကတော့ အိမ်ကွင်းထက် အဝေးကွင်းမှာ ရလဒ်တွေ ပိုကောင်းနေတတ်ပြီးတော့ ရီးရဲလ်ထက်တောင် အဝေးကွင်းနိုင်ပွဲက ၁ပွဲသာလွန်နေပါတယ်။ နောက်ဆုံးအဝေးကွင်း၁၀ပွဲမှာဆိုရင် ရှံးပွဲက ၂ပွဲပဲရှိထားပြီး ဘာစီလိုနာနဲ့ အေပိုးလ်နီကိုးရှားအသင်းတွေကို အရေးထားခဲ့တာပါ။ နောက်ပြီး ဆီဗီလာအသင်းမှာက ဒဏ်ရာပွဲပယ်ပြသာနာတွေ ကင်းစင်လို့နေပြီး ဒီဇင်ဘာအားလပ်ရက်မှာ ရက်ရှည်ကြာစွာ အနားရထားခဲ့ပါတယ်။ ဒါပေမယ့် ဆီဗီလာအနေနဲ့ ဒီပွဲကိုသာ ခြေချော်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ရင်လေးစရာဖြစ်လာနိုင်လို့ ဒီပွဲမှာ အမှတ်၁မှတ်လောက်တော့ရဖို့ ရုန်းလာနိုင်ပါတယ်။

Photo Credit : Getty Images

ဒီနှစ်သင်းက ဒီရာသီရဲ့ပထမအကျော့မှာ တွေ့ဆုံခဲ့စဉ်တုန်းက အဝေးကွင်းမှာ ရီးရဲလ်က ၁ဂိုးတည်းနဲ့ အနိုင်ရထားခဲ့ပြီး နောက်ဆုံး၅ကြိမ် ထိပ်တိုက်တွေ့ဆုံရာမှာတော့ ရီးရဲလ်က ၃ကြိမ်နိုင်ပြီး ဆီဗီလာက ၂ကြိမ်နိုင်ထားခဲ့ကာ ၂၀၁၇နောက်ပိုင်းကနေ ဒီနှစ်သင်းတွေ့ဆုံမှုမှာ သရေကျခြင်း လုံးဝကို မရှိခဲ့ပါဘူး။ လက်ရှိမှာ ဖွင့်လှစ်မှုတွေအရ ရီးရဲလ်က ပထမအကျော့ရလဒ်ထက် ပြတ်သားနိုင်မှ အပြည့်ပျော်ရွှင်နိုင်မယ့် အနေအထားကို ဖွင့်လှစ်ထားတာဖြစ်လို့ စဉ်းစားစရာ ဖြစ်နေရပြီး အဝေးကွင်းခြေမာကျောတဲ့ ဆီဗီလာကို ဂိုးပြတ်ဖို့ခက်ခဲလို့ စုံအောက်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။