ပြဲႀကီးပြဲေကာင္းေတြမ်ားစြာ ရွိလုိ႔ေနတဲ႔ ဒီေန႔ Super Sunday မွာေတာ့ ဖလားလုပြဲ ဖုိင္နယ္ပြဲစဥ္တစ္ခုလည္း ရွိလုိ႔ေနပါတယ္။ ဒါကေတာ့ ေဆာ္ဒီအာေရဗ်ႏုိင္ငံမွာ က်င္းပျပဳလုပ္သြားမယ့္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အသက္လက္တီကုိမက္ဒရစ္အသင္းတုိ႔ရဲ႕စပိန္စူပါဖလားဗုိလ္လုပြဲပဲျဖစ္ပါတယ္။ ဒီပြဲကုိေတာ့ ဒီေန႔ည ၁၂နာရီခြဲအခ်ိန္ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ၾကည့္ရွုအားေပးသြားခ်င္တယ္ဆုိရင္ Canal+ Sports ရုပ္သံလုိင္းမွာ တုိက္ရုိက္ၾကည့္ရွုႏုိင္မွာျဖစ္ပါတယ္။ ကဲ ဒီပြဲရဲ႕ပြဲႀကိဳသုံးသပ္ခ်က္အေၾကာင္းကုိလည္း စတင္ေဖာ္ျပေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ပထမဆုံးအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းအေၾကာင္းကုိ စတင္ေဖာ္ျပခ်င္ပါတယ္။ စပိန္စူပါဖလားၿပိဳင္ပြဲရဲ႕ဒုတိယအေအာင္ျမင္ဆုံးအသင္းျဖစ္တဲ႔ ရီးရဲလ္ဟာ ဆီမီးဖုိင္နယ္အဆင့္မွာ ဗလင္စီယာကုိ ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ယူေက်ာ္ျဖတ္ၿပီး ဖုိင္နယ္ကုိ တတ္လွမ္းလာခဲ႔တာျဖစ္ပါတယ္။ ရီးရဲလ္ဟာ ၂၁၀၇ခုႏွစ္တုန္းက ဘာစီလုိနာကုိ အႏုိင္ယူၿပီး စပိန္စူပါဖလားကုိ ေနာက္ဆုံးအႀကိမ္ ပုိင္ဆုိင္ထားခဲ႔တာျဖစ္ကာ လက္ရွိအေျခအေနအရလည္း ဗုိလ္စြဲဖုိ႔ ေရပန္းစားေနပါတယ္။ ရီးရဲလ္ဟာ ဒီၿပိဳင္ပြဲမွာ ဘန္ဇီမာ ေဘးလ္ ဟာဇက္တုိ႔လုိ ထိပ္သီးကစားသမားေတြ မပါဝင္ႏုိင္ခဲ့ေပမယ့္ ကြင္းလယ္ပုိင္းအားေကာင္းမႈနဲ႔ ခံစစ္ပုိင္းရဲ႕ပုံစံေကာင္းျပသေနမႈေၾကာင့္ အခု မက္ဒရစ္ဒါဘီမွာ အေျခအေနေကာင္းတစ္ခုကုိ ပုိင္ဆုိင္ဖုိ႔ ေရပန္းစားေနရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီၿပိဳင္ပြဲရဲ႕စတုတၳအေအာင္ျမင္ဆုံးအသင္းျဖစ္တဲ႔ အသက္လက္တီကုိမက္ဒရစ္ကေတာ့ ဆီမီးဖုိင္နယ္မွာ ဘာစီလုိနာအသင္းကုိ ေက်ာ္ျဖတ္ခဲ႔ၿပီး အခုလုိ ဖုိင္နယ္ကုိတတ္ေရာက္လာတာျဖစ္ပါတယ္။ အသက္လက္တီကိုက ဆီမီးမွာ ပုံစံေကာင္းတစ္ခုကုိ ျပသႏုိင္ဖုိ႔ ရုန္းကန္ခဲ႔ရေပမယ့္ ဒုတိယပုိင္းမွာ တုိက္စစ္ပုိင္းကုိ အင္အားျမင့္တင္ရင္းနဲ႔ အခုလုိ ႏုိင္ပြဲကုိ ပုိင္ဆုိင္ခဲ႔ရတာျဖစ္ပါတယ္။ အသက္လက္တီကုိဟာ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ၂ႀကိမ္သာ ဗုိလ္စြဲခဲ႔တာျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္ ဗုိလ္စြဲခဲ႔တာလုိ႔ သိရပါတယ္။ အဲ႔ဒီတုန္းကလည္း တုိက္တုိက္ဆုိင္ဆုိင္ ရီးရဲလ္နဲ႔ပဲ ဗုိလ္လုပြဲမွာ ဆုံေတြ႕ခဲ႔တာျဖစ္ကာ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃ဂုိး၂ဂုိးနဲ႔ အႏုိင္ရခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီမက္ဒရစ္ဒါဘီအသင္းႏွစ္သင္း ဒီရာသီမွာ ေတြ႕ဆုံခဲ႔စဥ္တုန္းက ဂုိးမရွိသေရက်ခဲ့ရၿပီး အေမရိကန္မွာ ကစားခဲ႔တဲ႔ ေျခစမ္းပြဲမွာေတာ့ အသက္လက္တီကုိက ၇ဂုိး၃ဂုိးနဲ႔ ဂုိးျပတ္အႏုိင္ရခဲ႔ပါတယ္။ လက္ရွိမွာ အသင္းႏွစ္သင္းၾကား ဒဏ္ရာျပသာနာအေျခအေနေတြအရ ရီးရဲလ္ဘက္မွာ အေရအတြက္ ပုိမုိမ်ားျပားေနရတယ္ဆုိေပမယ့္ နားရက္ကေတာ့ အသက္လက္တီကုိထက္ တစ္ရက္ပုိရထားသလုိ ဗလင္စီယာကုိလည္း သက္ေတာင့္သက္သာနဲ႔ ျဖတ္သန္းႏုိင္ခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ့္ မိနစ္ကုိးဆယ္အတြင္းမွာ အႏုိင္အရွုံး အေျဖေပၚဖုိ႔ခက္တာေၾကာင့္ သေရက်ရင္ ထက္ဝက္ေလာက္ အသာရမယ့္ အသက္လက္တီကုိပဲ ေရြးခ်ယ္ထားခ်င္ပါတယ္။ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားၿပီး အသက္လက္တီကုိက ၃ႀကိမ္ေျမာက္အျဖစ္ ဗုိလ္စြဲသြားမယ္လုိ႔ ထင္မိပါတယ္။

(Unicode)

ဆော်ဒီမြေက မက်ဒရစ်မြို့ခံ အသင်းနှစ်သင်းရဲ့စပိန်စူပါဖလား ဗိုလ်လုပွဲ

ပွဲကြီးပွဲကောင်းတွေများစွာ ရှိလို့နေတဲ့ ဒီနေ့ Super Sunday မှာတော့ ဖလားလုပွဲ ဖိုင်နယ်ပွဲစဉ်တစ်ခုလည်း ရှိလို့နေပါတယ်။ ဒါကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့စပိန်စူပါဖလားဗိုလ်လုပွဲပဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒီနေ့ည ၁၂နာရီခွဲအချိန် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကြည့်ရှုအားပေးသွားချင်တယ်ဆိုရင် Canal+ Sports ရုပ်သံလိုင်းမှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကဲ ဒီပွဲရဲ့ပွဲကြိုသုံးသပ်ချက်အကြောင်းကိုလည်း စတင်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ပထမဆုံးအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအကြောင်းကို စတင်ဖော်ပြချင်ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဗလင်စီယာကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ပြီး ဖိုင်နယ်ကို တတ်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ဟာ ၂၁၀၇ခုနှစ်တုန်းက ဘာစီလိုနာကို အနိုင်ယူပြီး စပိန်စူပါဖလားကို နောက်ဆုံးအကြိမ် ပိုင်ဆိုင်ထားခဲ့တာဖြစ်ကာ လက်ရှိအခြေအနေအရလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ရီးရဲလ်ဟာ ဒီပြိုင်ပွဲမှာ ဘန်ဇီမာ ဘေးလ် ဟာဇက်တို့လို ထိပ်သီးကစားသမားတွေ မပါဝင်နိုင်ခဲ့ပေမယ့် ကွင်းလယ်ပိုင်းအားကောင်းမှုနဲ့ ခံစစ်ပိုင်းရဲ့ပုံစံကောင်းပြသနေမှုကြောင့် အခု မက်ဒရစ်ဒါဘီမှာ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ဖို့ ရေပန်းစားနေရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီပြိုင်ပွဲရဲ့စတုတ္ထအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်ကတော့ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်ခဲ့ပြီး အခုလို ဖိုင်နယ်ကိုတတ်ရောက်လာတာဖြစ်ပါတယ်။ အသက်လက်တီကိုက ဆီမီးမှာ ပုံစံကောင်းတစ်ခုကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ရင်းနဲ့ အခုလို နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက်လက်တီကိုဟာ စပိန်စူပါဖလားပြိုင်ပွဲမှာ ၂ကြိမ်သာ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့တာလို့ သိရပါတယ်။ အဲ့ဒီတုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ရီးရဲလ်နဲ့ပဲ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တာဖြစ်ကာ နှစ်ကျော့ပေါင်းရလဒ် ၃ဂိုး၂ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီမက်ဒရစ်ဒါဘီအသင်းနှစ်သင်း ဒီရာသီမှာ တွေ့ဆုံခဲ့စဉ်တုန်းက ဂိုးမရှိသရေကျခဲ့ရပြီး အမေရိကန်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ အသက်လက်တီကိုက ရဂိုး၃ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ အသင်းနှစ်သင်းကြား ဒဏ်ရာပြသာနာအခြေအနေတွေအရ ရီးရဲလ်ဘက်မှာ အရေအတွက် ပိုမိုများပြားနေရတယ်ဆိုပေမယ့် နားရက်ကတော့ အသက်လက်တီကိုထက် တစ်ရက်ပိုရထားသလို ဗလင်စီယာကိုလည်း သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မိနစ်ကိုးဆယ်အတွင်းမှာ အနိုင်အရှုံး အဖြေပေါ်ဖို့ခက်တာကြောင့် သရေကျရင် ထက်ဝက်လောက် အသာရမယ့် အသက်လက်တီကိုပဲ ရွေးချယ်ထားချင်ပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အသက်လက်တီကိုက ၃ကြိမ်မြောက်အဖြစ် ဗိုလ်စွဲသွားမယ်လို့ ထင်မိပါတယ်။