စပိန္လာလီဂါထိပ္သီးအသင္းျဖစ္တဲ့ ရီးရဲလ္ မက္ဒရစ္အသင္းဟာ ေအဂ်က္အသင္းရဲ့ အဓိက ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ရာသီကုန္မွာ ေပါင္၄၇သန္းတည္းနဲ႔ ေခၚယူဖို႔အတြက္ သေဘာတူညီမွု ရရွိခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ အဆိုပါသတင္းကို ေဖာ္ျပခဲ့ၾကတာေတြက နယ္သာလန္သတင္းစာေတြနဲ႔ စပိန္ အေျခစိုက္ သတင္းဌာနေတြပဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

စပိန္အေျခစိုက္ သတင္းဌာနေတြရဲ့ အဆိုအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ လူငယ္ ကြင္းလယ္ကစားသမား ဗယ္ဗာဒီရဲ့ ေတာက္ပမွုေၾကာင့္ ကြင္းလယ္ကို အားျဖည့္ဖို႔အတြက္ စဥ္းစားရာမွာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို ေခၚယူဖို႔ထက္ ဗန္ဒီဘိခ္ကို ေခၚယူဖို႔ ပိုမို စိတ္အားထက္သန္ လာခဲ့တာလို႔ သိရပါတယ္။

Photo Credit: Metro.com

ဒါ့အျပင္ ရီးရဲလ္နည္းၿပ ဇီဒန္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ေအဂ်က္အသင္းက ရီးရဲလ္ ကို အနိုင္ယူခဲ့ပြဲစဥ္ၿပီးကတည္းက ဗန္ဒီဘိခ္ရဲ့ ေျခစြမ္းကို သေဘာက်ခဲ့တာျဖစ္ေၾကာင္း စပိန္ သတင္းသမားတခ်ိဳ႕က ေျပာဆိုထားခဲ့ပါတယ္။ နယ္သာလန္သတင္းစာေတြကေတာ့ ရီးရဲလ္ ဟာ ဗန္ဒီဘိခ္ကို ေခၚယူဖို႔အတြက္ အႀကိဳသေဘာတူညီမွု ရယူၿပီးၿပီလို႔ ေဖာ္ျပထားၾကပါတယ္။

Photo Credit: Metro.com

ထြက္ေပၚလာတဲ့သတင္းေတြအရ ရီးရဲလ္ မက္ဒရစ္ဟာ ဗန္ဒီဘိခ္အတြက္ ေအဂ်က္ကို ေျပာင္းေရႊ႕ေၾကး ေပါင္၄၇သန္း ေပးေခ်မွာ ျဖစ္တယ္လို႔ သိရၿပီး ကစားသမားကိုလည္း ရာသီကုန္မွသာ အသင္းထံ ေစလႊတ္ေပးဖို႔ သေဘာတူညီခ်က္ ရယူနိုင္ခဲ့တယ္လို႔ သိထားရၿပီး စပိန္ေဘာလုံးေစ်းကြက္ ကၽြမ္းက်င္သူေတြကလည္း အဆိုပါအေျပာင္းအေရႊ႕ဟာ ျဖစ္လာဖို႔ နီးစပ္ေနေၾကာင္း သုံးသပ္ထားၾကပါတယ္။

စပိန်လာလီဂါထိပ်သီးအသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ အေဂျက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ရာသီကုန်မှာ ပေါင်၄၇သန်းတည်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါသတင်းကို ဖော်ပြခဲ့ကြတာတွေက နယ်သာလန်သတင်းစာတွေနဲ့ စပိန် အခြေစိုက် သတင်းဌာနတွေပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လူငယ် ကွင်းလယ်ကစားသမား ဗယ်ဗာဒီရဲ့ တောက်ပမှုကြောင့် ကွင်းလယ်ကို အားဖြည့်ဖို့အတွက် စဉ်းစားရာမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ခေါ်ယူဖို့ထက် ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ပိုမို စိတ်အားထက်သန် လာခဲ့တာလို့ သိရပါတယ်။

Photo Credit: Metro.com

ဒါ့အပြင် ရီးရဲလ်နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်အသင်းက ရီးရဲလ် ကို အနိုင်ယူခဲ့ပွဲစဉ်ပြီးကတည်းက ဗန်ဒီဘိခ်ရဲ့ ခြေစွမ်းကို သဘောကျခဲ့တာဖြစ်ကြောင်း စပိန် သတင်းသမားတချို့က ပြောဆိုထားခဲ့ပါတယ်။ နယ်သာလန်သတင်းစာတွေကတော့ ရီးရဲလ် ဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှု ရယူပြီးပြီလို့ ဖော်ပြထားကြပါတယ်။

Photo Credit: Metro.com

ထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးရဲလ် မက်ဒရစ်ဟာ ဗန်ဒီဘိခ်အတွက် အေဂျက်ကို ပြောင်းရွှေ့ကြေး ပေါင်၄၇သန်း ပေးချေမှာ ဖြစ်တယ်လို့ သိရပြီး ကစားသမားကိုလည်း ရာသီကုန်မှသာ အသင်းထံ စေလွှတ်ပေးဖို့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်လို့ သိထားရပြီး စပိန်ဘောလုံးစျေးကွက် ကျွမ်းကျင်သူတွေကလည်း အဆိုပါအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ နီးစပ်နေကြောင်း သုံးသပ်ထားကြပါတယ်။