ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလာခဲ့ကြတဲ့ ကစားသမားတွေအနက် အဲဗာတန်ကို ရောက်ရှိသွားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ သူရဲ့ခြေစွမ်းအစစ်အမှန်ကို အဲဗာတန်မှာ ပြသနိုင်ခဲ့ပြီး အဲဗာတန်အတွက် အတော်လေးကို စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်လို ရီးရဲလ်ကနေ စွန့်ခွာခဲ့ပြီးမှ နောက်ထပ်ကလပ်အသင်းတွေမှာ ခြေစွမ်းပိုပြသနိုင်ခဲ့တဲ့ ကစားသမားတွေလည်း အများကြီးရှိလို့နေပါတယ်။ ဒီကစားသမားတွေရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

မက်ခီလေလေ

Photo Credit : The Sun

ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ကလော်ဒီမက်ခီလေလေကတော့ တကယ့်ကို ထိပ်သီးကစားသမားတစ်ယောက်ဖြစ်ပြီး ရီးရဲလ်မှာလည်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ပြီးနောက်မှာ ဒီထက်မက ပိုအောင်မြင်လာခဲ့ပြီး ဆုဖလားတွေလည်း ပိုင်ဆိုင်နိုင်ခဲ့သလို FIFPro World XI ရဲ့ အကောင်းဆုံးကစားသမား(၁၁)ယောက်စာရင်းမှာတောင် ပါဝင်ခဲ့ပါသေးတယ်။

ရော်ဘင်

Photo Credit : The Sun

ချယ်လ်ဆီးမှာ အတော်လေးကို ခြေစွာခဲ့လို့ ရီးရဲလ်ကို ရောက်လာခဲ့ရတဲ့ ရော်ဘင်ကတော့ ရီးရဲလ်မှာ ထင်သလောက် ခြေမစွာခဲ့ပဲ (၂)ရာသီအကြာမှာပဲ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့ပြီး ဘိုင်ယန်မှာတော့ ရော်ဘင်ရဲ့ကစားသမားဘဝကို အရမ်းကို မြင့်မားသွားခဲ့ရပါတယ်။ ရော်ဘင်အနေနဲ့ ဘိုင်ယန်မှာ ဖလား(၃)လုံး ချန်ပီယံဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း ဘိုင်ယန်နဲ့မှ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆနိုက်ဒါ

Photo Credit : The Sun

နယ်သာလန်ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတဲ့ အေဂျက်စ်ကနေ ရီးရဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဆနိုက်ဒါဟာ ရီးရဲလ်မှာ (၂)ရာသီကြာ ပါဝင်ကစားခဲ့ပြီးနောက် အင်တာမီလန်အသင်းဆီ ရောက်ရှိသွားခဲ့ရပြီး မော်ရင်ဟိုနဲ့ လက်တွဲခဲ့ရကာ ရော်ဘင်လိုပဲ တစ်ရာသီအတွင်းမှာပဲ ဆုဖလား(၃)လုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဆနိုက်ဒါအနေနဲ့ ရီးရဲလ်ကနေ ထွက်ခွာခဲ့ပြီးမှ သူရဲ့ကစားသမားဘဝဟာ အရမ်းကို တောက်ပခဲ့ရပါတယ်။

ဆီးဒေါ့ဖ်

Photo Credit : The Sun

နယ်သာလန်ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကလော်ရန့်ဆီးဒေါ့ဖ်ဟာလည်း ရီးရဲလ်မှာ (၄)နှစ်ကြာ ပါဝင်ကစားခဲ့ပြီးနောက် ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား တစ်ကြိမ်စီရယူနိုင်ခဲ့ပြီး အဲ့ဒီကမှ အင်တာမီလန်ကို ပြောင်းရွှေ့ကာ အင်တာကမှတစ်ဆင့် အေစီမီလန်ဆီ ထပ်မံရောက်ရှိခဲ့ကာ မီလန်မှာ သူရဲ့ကစားသမားဘဝ အမြင့်မားအခြေအနေကို ရောက်ရှိနိုင်ခဲ့ပါတယ်။ ဆီးဒေါ့ဖ်ဟာ မီလန်မှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို တစ်ဦးချင်းဆုတံဆိပ်တွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။