ဒီပွဲမှာ ရယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် ရိုဒီရီဂိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အသက်အငယ်ဆုံးသော သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဘရာဇီးနိုင်ငံသားအဖြစ် သတ်မှတ်ခံလိုက်ရသလို ချန်ပီယံလိဂ်ပြိုင်မှာ ဒုတိယမြောက် အသက်အငယ်ဆုံး ဟက်ထရစ်သွင်းယူခဲ့သူပါ ဖြစ်လာခဲ့ရပါတယ်။  အခု သူရဲ့အတောက်ပဆုံးသော ခြေစွမ်းပိုင်းတွေကြောင့် လူတိုင်းက ရိုဒရီဂိုကို သူရဲ့စီနီယာကစားသမားတစ်ယောက်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ဘရာဇီးတိုက်စစ်မှူးနေမာနဲ့ ခိုင်းနှိုင်းပြောဆိုလာခဲ့ကြပြီး နွေဈေးကွက်တုန်းက နေမာကို မခေါ်ယူနိုင်ခဲ့ပဲ နေမာလို အရည်အသွေးမြင့်မားလွန်းတဲ့ ကြယ်ပွင့်တစ်ယောက်ကို ပိုင်ဆိုင်ထားတာက အသင်းအတွက် ပိုအကျိုးရှိတယ်လို့ သုံးသပ်ပြောဆိုလာခဲ့ကြပါတယ်။
(Unicode)
မက်ဒရစ်ရဲ့နေမာလို့တောင် တင်စားခေါ်ဆိုခံလာရတဲ့ ရီးရဲလ်ကြယ်ပွင့်လေး ရိုဒရီဂို
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အရှင်သခင်ကြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တာထွက်ဆိုးရွှားခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာတော့ တူရကီနာမည်ကျော် ကလပ်အသင်း ဂါလာတာစာရေးကို နှစ်ကျော့လုံးအနိုင်ယူပြီး အုပ်စုကနေ နောက်တစ်ဆင့်တတ်ရေးအတွက် မျှော်လင့်ချက်ပိုအားကောင်းလာခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ မနေ့ညက မက်ဒရစ်မြို့ ဘာနေဗျူးကွင်းကြီးမှာ ကစားသွားခဲ့တဲ့ပွဲအတွင်း ပြိုင်ဘက်ဂါလာတာစာရေးအသင်းကို ၆ဂိုးပြတ်နဲ့ကို အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ ပွဲထွက်လာခဲ့တဲ့ ဘရာဇီးလူငယ်ကြယ်ပွင့်လေး ရိုဒရီဂိုကလည်း ဟက်ထရစ်သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
စီနီယာကစားသမားတွေ အများအပြား ဒဏ်ရာရရှိနေတဲ့အချိန်မှာ ရီးရဲလ်နည်းပြဇီဒန်းက အသက်၁၈နှစ်သာရှိသေးတဲ့ ဘရာဇီးလူငယ်တိုက်စစ်မှူးလေး ရိုဒရီဂိုကို အသင်းရဲ့တောင်ပံတိုက်စစ်မှာ ထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။ ဒီပွဲဟာ ရိုဒရီဂိုအတွက် မက်ဒရစ်ကစားသမားဘဝ ဒုတိယမြောက်ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ခဲ့ကာ ပွဲအစ၄မိနစ်မှာပဲ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့သလို ရမိနစ်မှာလည်း ဒုတိယမြောက်ဂိုးကိုလည်း သူကပဲ သွင်းယူဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ရီဒရီဂိုက သူရဲ့ဟက်ထရစ်မြောက်ဂိုးနဲ့ ရီးရဲလ်အသင်းရဲ့ပွဲသိမ်းဂိုးတို့ကို သွင်းယူဖြစ််ခဲ့ပါသေးတယ်။
ဒီပွဲမှာ ရယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေကြောင့် ရိုဒီရီဂိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အသက်အငယ်ဆုံးPhoto Credit : Getty Imagesသော သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဘရာဇီးနိုင်ငံသားအဖြစ် သတ်မှတ်ခံလိုက်ရသလို ချန်ပီယံလိဂ်ပြိုင်မှာ ဒုတိယမြောက် အသက်အငယ်ဆုံး ဟက်ထရစ်သွင်းယူခဲ့သူပါ ဖြစ်လာခဲ့ရပါတယ်။  အခု သူရဲ့အတောက်ပဆုံးသော ခြေစွမ်းပိုင်းတွေကြောင့် လူတိုင်းက ရိုဒရီဂိုကို သူရဲ့စီနီယာကစားသမားတစ်ယောက်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ဘရာဇီးတိုက်စစ်မှူးနေမာနဲ့ ခိုင်းနှိုင်းပြောဆိုလာခဲ့ကြပြီး နွေစျေးကွက်တုန်းက နေမာကို မခေါ်ယူနိုင်ခဲ့ပဲ နေမာလို အရည်အသွေးမြင့်မားလွန်းတဲ့ ကြယ်ပွင့်တစ်ယောက်ကို ပိုင်ဆိုင်ထားတာက အသင်းအတွက် ပိုအကျိုးရှိတယ်လို့ သုံးသပ်ပြောဆိုလာခဲ့ကြပါတယ်။
Photo Credit : Getty Images
ဘယ်ညာတောင်ပံနှစ်ဖက်လုံးမှာရော အထောင်တိုက်စစ်နေရာမှာပါ ဆော့ကစားတတ်သူဖြစ်တဲ့ ရိုဒရီဂိုဂိုးစ်ဟာ ဒီရာသီမှာမှ ဘရာဇီးထိပ်သီးကလပ် ဆန်းတို့စ်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ခွင့်ရလာခဲ့တာဖြစ်ပြီးတော့ အိုအာစူနာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ သူရဲ့ရီးရဲလ်ကစားသမားဘဝ ပထမဆုံးသောဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရိုဒရီဂိုဟာ လာလီဂါမှာ သွင်းဂိုး၂ဂိုး ချန်ပီယံလိဂ်မှာ သွင်းဂိုး၃ဂိုးနဲ့ ဒီရာသီမှာ အသင်းကို ရောက်လာခဲ့ကြတဲ့ အီဒင်ဟာဇကြ် လူကာဂျိုဗစ်တို့ထက် အသင်းရဲ့တိုက်စစ်မှာ ပိုမိုအကျိုးပြုထားနိုင်ခဲ့ပါတယ်။