အသင်းနည်းပြဇီဒန်းနဲ့ ဆက်ဆံရေးသိပ်မကောင်းသလို အသင်းမှာလည်း အနာဂတ်မှာ မရေမရာဖြစ်လို့နေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ သူအနေနဲ့ လက်ရှိမှာ သူရဲ့အသင်းဟောင်း စပါးအသင်းရဲ့ ပရိသတ်တစ်ယောက်အဖြစ် ဆက်လက်ရှိနေဆဲပဲလို့ ဝန်ခံပြောဆိုလာခဲ့တာကြောင့် စပါးအသင်းနဲ့ ဘေးလ်တို့ကြားမှာ အပြောင်းအရွှေ့သတင်းတွေက ပိုလှုပ်ခတ်လာခဲ့ရပြီး လာမယ့်နွေစျေးကွက်အတွင်းမှာ ဘေးလ်ဟာ ရီးရဲလ်ကနေ အသင်းဟောင်းစပါးဆီကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

Photo Credit : Daily Express

အသက်(၃၀)နှစ်အရွှယ်ရှိ ဝေးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘေးလ်ဟာ ပြီးခဲဲ့တဲ့ ၂၀၁၃ခုနှစ်ကမှ စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်ဆီကို ပေါင်(၈၆)သိန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၄)လုံး လာလီဂါအမှတ်ပေးဖလားနဲ့ စပိန်ကိုပါဒယ်ရေးဖလား(၁)လုံးစီကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အောင်မြင်တဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ဘေးလ်ဟာ ရီးရဲလ်ရဲ့အမာခံကစားသမားအဖြစ်တော့ သတ်မှတ်ခံရခြင်းမရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ကို စီစဉ်လာခဲ့ရတာဖြစ်ပြီး လက်ရှိအခြေအနေတွေအရ အသင်းဟောင်းစပါးဆီကိုတောင် ပြန်လည်ရောက်ရှိဖွယ်ရှိနေပါတယ်။

Photo Credit : AS English

ဘေးလ်က သူရဲ့အသင်းဟောင်းနဲ့ပတ်သက်ပြီး “လူတိုင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဖိုင်နယ်ပွဲတွေကို စောင့်ကြည့်ရတာ သဘောကျကြမှာပဲ။ အဲ့ဒီတော့ စပါးအသင်း ဖိုင်နယ်ရောက်သွားချိန်မှာလည်း ကျွန်တော့်ကို စိတ်ဝင်စားမှုတွေ အများကြီးပေးစွမ်းနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က စပါးအသင်းကို ဗိုလ်စွဲနိုင်ဖို့ ကျွန်တော်မျှော်လင့်ခဲ့ပါသေးတယ်။ ဗိုလ်မစွဲခဲ့ပေမယ့်လည်း အဲ့ဒီနှစ်က သူတို့အသင်းရဲ့စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို ဆီမီးဖိုင်နယ်ပွဲမှာလည်း ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့တယ်။ ဖိုင်နယ်ရလဒ်ကတော့ စပါးပရိသတ်တစ်ယောက်ဖြစ်နေရတဲ့ ကျွန်တော့်အတွက် စိတ်ပျက်စရာတော့ ဖြစ်စေခဲ့တယ်။ ဒါပေမယ့် ဒီအဆင့်ထိရောက်လာနိုင်ခဲ့တာဟာ သူတို့ရဲ့ပုံရိပ်ကို မြင့်မားစေခဲ့ရသလို သမိုင်းသစ်ကိုလည်း ရေးထိုးထားနိုင်ခဲ့ပါသေးတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဘေးလ်အပါအဝင် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဗက်ဇ်ကေး စီဘယ်ယို့စ်တို့လို ထိပ်သီးကစားသမားတွေများစွာကို ရောင်းချသွားဖွယ်ရှိနေပါတယ်။