စပိန်အခြေစိုက် သတင်း မီဒီယာတွေက ရီးရဲလ်အသင်းဟာ အသင်းရဲ့ လစာ ပေးချေမှု ကုန်ကျငွေ လျှော့ချချင်တာကြောင့် အသင်းရဲ့ တောင်ပံ ကစားသမား ဘေးလ်ကို ရောင်းချချင်နေတာ ဖြစ်ပြီး ပေါင် (၂၂) သန်း နဲ့ ကမ်းလှမ်းလာမယ် ဆိုရင်တောင် ရောင်းချနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ တောင်ပံ ကစားသမား ဘေးလ်ကလည်း အရင်က ရီးရဲလ်အသင်းကနေ ထွက်သွားချင်ပါတယ်လို့ ကိုယ်တိုင် ပြောခဲ့ဖူးတာ ဖြစ်ပြီး မကြာသေးခင်ကလည်း အသင်းကနေ ထွက်သွားဖို့ ခက်ခဲအောင် ရီးရဲလ်မက်ဒရစ်အသင်းက ပြုလုပ်နေတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

Mundo Deportivo သတင်းက ရီးရဲလ် နည်းပြ ဇီဒန်းဟာ အသက် (၃၁) နှစ်အရွယ် ဘေးလ်ကို အသင်းမှာ ဆက်မလိုချင်တော့တာ ဖြစ်ပြီး ရီးရဲလ်အသင်းရဲ့ ဘုတ်အဖွဲ့ကလည်း ပြောင်းရွှေ့ကြေး အသင့်အတင့် ရရှိမယ် ဆိုရင် ဘေးလ်ကို ရောင်းချချင်နေတယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျိမ်းရိုဒရီဂွတ်စ်ကို အဲဗာတန်အသင်းဆီ ပေါင် သန်း (၂၀) နဲ့ ရောင်းချခဲ့ပြီးနောက် လစာကုန်ကျငွေ ချွေတာနိုင်ခဲ့ပြီး ဘေးလ်ကို ရောင်းချမယ် ဆိုရင် လစာကုန်ကျငွေ ထပ်ချွေတာနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

Dailymail သတင်းက ရီးရဲလ် တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အသင်းနဲ့ လာမယ့် (၂၀၂၂) ခုနှစ်အထိ စာချုပ် ကျန်ရှိနေသေးတာ ဖြစ်ပြီး လက်ရှိမှာတော့ ရီးရဲလ်အသင်းမှာ တစ်ပတ် ပေါင် (၆၀၀,၀၀၀)၊ ပေါင် (၆) သိန်း ရရှိနေတယ်လို့ အတိတကျ ဖော်ပြသွားလိုက်တာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီ မစခင်က တရုတ်စူပါလိဂ်ပြိုင်ပွဲကို သွားကစားဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲလ်အသင်းက သူ့ရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း ရီးရဲလ်အသင်းကနေ ထွက်သွားချင်တယ်လို့ Sky Sports သတင်းမှာ နောက်တစ်ကြိမ် ထပ်ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိမှာတော့ လစာ အမြောက်အများ ပေးနေရပြီး အသင်းက ထွက်ချင်နေတဲ့ ဘေးလ်ကို ပေါင် သန်း (၂၂) နဲ့ ကမ်းလှမ်းခံရရင် ရောင်းချချင်နေတယ်လို့ သတင်း ထွက်နေပါတယ်။