MySport Myanmar

အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိလိုက်တဲ့ ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့ အလိုရှိနေတဲ့ ပြင်သစ် စူပါစတား ကစားသမား ကီလီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေချိန်မှာပဲ ဘိုင်ယန်မြူးနစ်ရဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကိုပါ ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိနိုင်ခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်က လာမယ့်နွေဈေးကွက်အတွင်းမှာ ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး တိုက်စစ်အတွက် ပြင်သစ် တိုက်စစ်ကစားသမား ဘာပေ နဲ့ ခံစစ်ပိုင်းအတွက်ကိုလည်း ကနေဒါ ဘယ်ခြမ်း ခံစစ်ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကို ခေါ်ယူဖြည့်တင်းသွားချင်နေပါတယ်။

Photo Credit : Tribuna

 

အခုဆိုရင် ဘာပေကလည်း ဒီနှစ် ဘောလုံးရာသီအကုန်မှာ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ ဆက်လက် လက်တွဲတော့မှာ မဟုတ်ကြောင်း အသိပေးလိုက်ပြီလည်း ဖြစ်တာကြောင့် ဘာပေရဲ့ ကလပ်အသင်းသစ်ဟာ ရီးယဲလ်သာ ဖြစ်လာနိုင်ဖို့ အခြေအနေ တော်တော်များလာရပါတယ်။

အခုလို ဘာပေကို ခေါ်ယူဖို့ အခြေအနေကောင်းလာချိန်မှာပဲ ရီးယဲလ်က သူတို့ရဲ့ နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကိုပါ ခေါ်ယူနိုင်ဖို့လည်း ကစားသမားဖြစ်သူနဲ့ personal agreed ရရှိခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ဘိုင်ယန်မြူးနစ်နဲ့သာ ဆက်လက် ညှိနှိုင်းရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Real Madrid Exclusivo

လက်ရှိ ရီးယဲလ်မက်ဒရစ်သင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ ဖာလန် မန်ဒီ နဲ့ ဖာရန် ဂါဆီယာတို့လို ကစားသမားတွေ ရှိနေပေမယ့်လည်း ရီးယဲလ်ကတော့ ခံစစ်ဘယ်ခြမ်းပိုင်းအတွက် အယ်လ်ဖွန်ဆို ဒေးဗီးစ်လို world-class player မျိုးတစ်ဦးနဲ့ ရအောင် ဖြည့်တင်းသွားချင်နေပါတယ်။

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ ဒေးဗီးစ်ဟာ ဘိုင်ယန်ရဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ဘိုင်ယန်ဘက်က လက်လွတ်မခံချင်ပဲ စာချုပ်သက်တမ်းပါ တိုးချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က သက်တမ်းတိုးဖို့ ပယ်ချထားတာမို့ အနိမ့်ဆုံး ယူရို သန်း(၇၀)နဲ့ ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။

Exit mobile version