စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ခေါ်ယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပြီး အမ်ဘာပေ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်းတန် ကမ်းလှမ်းမှုကိုလည်း ပြုလုပ်ထားပါတယ်။

Photo Credit: RMC Sports

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေ အတွက် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပထမဦးဆုံး အကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် ဒုတိယအကြိမ် ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၁၇၀သန်း + အပိုဆုကြေး ယူရို ၁၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုကိုတော့ လက်ခံလိုက်ဖို့ စဉ်းစားနေပါတယ်။

ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC သတင်းဌာန ကတော့ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေ အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို သဘောလိုက်ပြီ လို့ ဖော်ပြနေပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ကြိုဆိုဖို့ အတွက် အစီအစဉ်တွေကိုတောင် စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။

Photo Credit: RMC Sports

ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ဖြစ်လာမယ့် အမ်ဘာပေကို ပရိသတ် အပြည့် ရှိနေတဲ့ ဘောလုံးကွင်းထဲမှာ အခမ်းနားဆုံး မိတ်ဆက်ပေးဖို့ စီစဉ်နေပြီး အမ်ဘာပေရဲ့ မိတ်ဆက်ပွဲဟာ စက်တင်ဘာလ ၈ရက်နေ့ ကနေ ၁၀ရက်နေ့ အတွင်း ဖြစ်နိုင်ကြောင်း နာမည်ကျော် Marca သတင်းဌာနက ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူပြီးတိုင်း မိတ်ဆက်ပွဲကို ခမ်းခမ်းနားနား ကျင်းပပေးလေ့ ရှိတာကြောင့် ယခုတကြိမ် အမ်ဘာပေရဲ့ အလှည့်မှာလည်း အဆိုပါပုံစံမျိုး ကျင်းပပေးဖို့ ရှိနေကာ အမ်ဘာပေရဲ့ မိတ်ဆက်ပွဲဟာ သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံး မိတ်ဆက်ပွဲ ဖြစ်လာနိုင်ကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။