နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ လက်ရှိရာသီမှာ လာလီဂါ ဆုဖလားကို မရှိသေးပေမဲ့လည်း ရရှိဖို့ အလွန် နီးစပ်နေပြီ ဖြစ်ပြီး ယနေ့ည (၁း၃၀) အချိန်မှာ ကစားမယ့် ပွဲစဉ်မှာ ဗီလာရီးရဲလ် အသင်းကို အနိုင်ရရှိမယ် ဆိုရင် လက်ရှိရာသီ လာလီဂါ ဆုဖလားကို ရရှိသွားမှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ ဆုဖလားကို မရရှိသေးဘဲ ရရှိဖို့ နီးစပ်နေတဲ့ အနေအထားမှာသာ ရှိနေသေးပေမယ့်လည်း လက်ရှိရာသီ လာလီဂါ ချန်ပီယံ ဖြစ်သွားပြီလို့ ရေးထားတဲ့ အင်္ကျီကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ချက်ချင်း ပြန်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Marca

ရီးရဲလ်အသင်းဟာ လာလီဂါ လက်ကျန် ပွဲစဉ် (၂) ပွဲသာ ကစားဖို့ လိုအပ်တော့တဲ့ အချိန်မှာ အဆင့် (၂) နေရာက ဘာစီလိုနာအသင်းကို ရမှတ် (၄) မှတ် ဖြတ်ထားတာကြောင့် ယနေ့ည ကစားမယ့် ပွဲစဉ်မှာ အနိုင်ရရှိမယ် ဆိုရင် လာလီဂါ ဆုဖလားကို ရရှိသွားတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ အသင်းရဲ့ အင်္ကျီအဖြူရောင်ကို အွန်လိုင်းပေါ်မှာ တင်သွားခဲ့တဲ့ အချိန်မှာ လက်ရှိရာသီ လာလီဂါ ချန်ပီယံ အသင်း ဖြစ်သွားပြီလို့ ဆိုလိုတဲ့ စာသားကိုလည်း ရေးခဲ့ပြီး အင်္ကျီအဖြူရောင်ကို တင်ပြီးနောက် သိပ်မကြာခင်မှာပဲ အွန်လိုင်းကနေ ချက်ချင်း ပြန်ဖျက်ခဲ့ပါတယ်။

 

Photo Credit: Marca

ရီးရဲလ်အသင်းဟာ တင်ထားတဲ့ အင်္ကျီကို မဖျက်ခင်မှာ တွစ်တာ အသုံးပြုသူ andrespgrm က သူတို့ရဲ့ အင်္ကျီကို screenshot ရိုက်ထားပြီး အင်္ကျီရဲ့ ကျောဘက်ခြမ်းမှာ ရေးထားတဲ့ အရာက ကျော့နံပါတ် (၃၄) နဲ့ ချန်ပီယံအသင်းလို့ အဓိပ္ပါယ်ရရှိတဲ့ စပိန် စကားလုံးတွေသာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ အင်္ကျီအဖြူရောင်ရဲ့ ကျော့ဘတ်မှာ ကျောနံပါတ် (၃၄) ကို ရေးသားသွားပြီး ကျောနံပါတ် (၃၄) က ရီးရဲလ်အသင်းရဲ့ (၃၄) ကြိမ်မြောက် ဖလား ရရှိမှုကို ဆိုလိုတာ ဖြစ်တဲ့ အတွက်ကြောင့် လက်ရှိရာသီမှာ လာလီဂါ ဆုဖလား ရရှိမယ်လို့ သေချာ ယုံကြည်နေတာ ဖြစ်ပါတယ်။ နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ယနေ့ည၊ နံနက် (၁း၃၀) အချိန်မှာ ကစားသွားမယ့် လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်းကို အနိုင်ရရှိသွားမယ် ဆိုရင် တကယ်လည်း လာလီဂါ ဆုဖလားကို ရရှိမှာ ဖြစ်ပြီး အသင်းရဲ့ အင်္ကျီကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်တင်နိုင်တော့မှာ ဖြစ်ပါတယ်။