MySport Myanmar

ဟာရီကိန်းအတွက် ဟာဇက်ပါ အလိုက်ပေးပြီး ကမ်းလှမ်းထားခဲ့တဲ့ ရီးယဲလ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရ့ တိုက်စစ်ကစားသမား ဟာရီကိန်းကို အခု နွေရာသီမှာ ခေါ်ယူသွားနိုင်ဖို့အတွက် အီဒင်ဟာဇက် အပါအဝင် ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက် (၂၉)နှစ်အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ လာမယ့် ၂၀၂၄ခုနှစ်မှာပဲ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး တကယ်လို့ စပါးဘက်က ကိန်းကိုသာ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရနိုင်လို့ အခု ဈေးကွက်အတွင်းမှာပဲ မဖြစ်မနေ ရောင်းချရဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် စပါးဘက်က ကိန်းကို ရောင်းချတဲ့အခါ ပရီးမီးယားလိဂ် ပြင်ပက ကလပ်အသင်းတွေဆီကို ရောင်းထုတ်လိုတဲ့ ဆန္ဒလည်း ရှိနေပါသေးတယ်။

Photo Credit : Daily Mail

တကယ်တော့ ကိန်းကို စပါးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့က အပြိုင် စိတ်ဝင်စားနေကြပြီး စပါးဥက္ကဌ ဒန်နီရယ်လီဗီးကတော့ ယူနိုက်တက် ချယ်လ်ဆီးတို့ထက် ကိန်းကို အင်္ဂလန်ုပြင်ပက ကလပ်အသင်း တစ်ခုခုဆီကိုသာ ရောင်းချချင်နေပါတယ်။ ဒါကြောင့်လည်း ကိန်းကို ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်တို့လို ပရီးမီးယားလိဂ်ပြင်ပ ကလပ်အသင်းကြီးတွေက စိတ်ဝင်စားလာကြပြီး ကမ်းလှမ်းမှုတွေပါ စတင် ပြုလုပ်လာကြပါတယ်။

Photo Credit : Daily Mail

စပိန်ရေဒီယို Cadena Ser ရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းက ကိန်းကို အသင်းဆီ ခေါ်ဆောင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းမှာ နေရာမရတော့တဲ့ ကစားသမား ဟာဇက်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကိန်းအနေနဲ့လည်း စပါးအသင်းမှာ ဘာအောင်မြင်မှုမှ မရှိနိုင်သေးတဲ့ အခြေအနေအပေါ် ဒီတိုင်းပဲ ဆက်သွားမလား ဒါမှမဟုတ် အသင်း အပြောင်းအလဲလုပ်ပြီး စိန်ခေါ်မှုအသစ်တွေ ရှာဖွေသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version