ပရီးမီးယားလိဂ္ရဲ႕ အေျပာင္းအေရႊ႔ေစ်းကြက္က ပိတ္သိမ္းသြားခဲ႔ေပမယ့္လည္း တျခားေသာ နာမည္ေက်ာ္လိဂ္ေတြရဲ႕ ေစ်းကြက္ေတြက ဆက္လက္ဖြင့္လွစ္ေနဆဲျဖစ္လုိ႔ ေဘာလုံးအေျပာင္းအေရႊ႔ေတြကုိ ရင္ခုန္စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ေနရဦးမွာပါ။ အားလုံးထဲကမွ ပုိၿပီးစိတ္ဝင္စားရာေကာင္းစြာနဲ႔ ေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ေယာက္ရဲ႕ အေျပာင္းအေရႊ႔ကေတာ့ ေနမာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီတုိက္စစ္ကစားသမားေနမာကုိ သူရဲ႕ အသင္းေဟာင္း ဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတုိ႔က ေခၚယူသြားဖုိ႔ အၿပိဳင္စိတ္ဝင္စားလုိ႔ေနၿပီး ေစ်းကြက္ပိတ္ခါနီးေလ ပုိစိတ္ဝင္စားစရာေကာင္းလာေလ့ ျဖစ္ေနရပါတယ္။

Photo Credit : Getty Images

ေနမာကေတာ့ ျပင္သစ္ေျမမွာ ၂ႏွစ္ၾကာ ေနထုိင္ခဲ႔ၿပီးတဲ႔ေနာက္ အဆင္မေျပမႈေတြ ျပသာနာေတြနဲ႔သာ ရင္ဆုိင္ေနရတာမုိ႔ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာသြားဖုိ႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒီလုိ အသင္းကေန ထြက္ခြာခ်င္ေနၿပီး အသင္းဘက္ကေန ေရာင္းထုတ္ခ်င္ေနတဲ႔ ကစားသမားမ်ိဳးကုိ ေခၚယူဖုိ႔က မခက္ခဲေပမယ့္လည္း ခက္ခဲေနတာက ေနမာရဲ႕ ေျပာင္းေရႊ႔ေၾကးျဖစ္ပါတယ္။ ေနမာကုိ ဘာစီလုိနာကေန ပီအက္စ္ဂ်ီအသင္း ေခၚယူခဲ႔စဥ္တုန္းကေတာင္ ယူရုိသန္း၂ရာေက်ာ္အထိ ေပးေခ်ခဲ႔ရတာျဖစ္သလုိ စာခ်ဳပ္ေလ်ာ္ေၾကးကုိလည္း ဒီပမာဏအတုိင္း ခ်ဳပ္ဆုိထားတာျဖစ္လုိ႔ ေနမာကုိ ကမ္းလွမ္းဖုိ႔က ထင္သေလာက္ မလြယ္ကူပါဘူး။

Photo Credit : Getty Images

လက္ရွိမွာကလည္း ေနမာကုိ အလုိရွိေနတဲ႔ အသင္းႏွစ္သင္းက လာလီဂါရဲ႕ အင္အားအႀကီးဆုံး အသင္းႏွစ္သင္းျဖစ္ေနတာေၾကာင့္ ဒီအေျပာင္းအေရႊ႔က အရမ္းကို စိတ္ဝင္စားစရာေကာင္းလာခဲ႔ၿပီး ႏွစ္သင္းလုံးက လတ္တေလာအေျခအေနေတြေၾကာင့္ ေနမာကုိ ေျပာင္းေရႊ႔ေၾကးသက္သက္နဲ႔ ေခၚယူႏုိင္ဖုိ႔က မျဖစ္ႏုိင္တာမုိ႔ အသင္းကေန ေရာင္းထုတ္ခ်င္ေနတဲ႔ ကစားသမားေတြကုိ အလုိက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။ အခုလည္း ရီးရဲလ္မက္ဒရစ္အသင္းက ေနမာကုိ ေခၚယူႏုိင္ဖုိ႔အတြက္ အသင္းက ကစားသမား၃ေယာက္ကုိ အလုိက္ေပးကမ္းလွမ္းသြားဖုိ႔ စီစဥ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ႔ပါတယ္။

Photo Credit : Getty Images

ရီးရဲလ္အသင္းဟာ ေနမာအတြက္ ေျပာင္းေရႊ႔ေၾကးမပါဝင္ပဲ ကြင္းလယ္တုိက္စစ္ကစားသမား အစၥကုိ ဝါရင့္ဘယ္ေနာက္ခံကစားသမားႀကီး မာဆယ္လုိအျပင္ လက္ရွိ ကမာၻ႔အေကာင္းဆုံး ေနာက္ခံကစားသမားေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္ေနတဲ႔ ဗာရန္းတုိ႔နဲ႔ အလုိက္ေပးၿပီး ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ ဘာစီလုိနာအသင္းကလည္း သူတုိ႔အသင္းကေန ေရာင္းခ်သြားခ်င္ေနတဲ႔ တုိက္စစ္ကစားသမား ဖီလစ္ပီေကာ္တင္ဟုိနဲ႔ ဒမ္ဘီလီတုိ႔ အလုိက္ေပးကာ ေနမာကုိ ျပန္လည္ေခၚေဆာင္သြားဖုိ႔ ဆုံးျဖတ္ထားတာျဖစ္လုိ႔ ဘယ္အသင္းရဲ႕ အလုိက္ေပးကမ္းလွမ္းမႈက ေအာင္ျမင္သြားႏုိင္မလဲဆုိတာ ဆက္လက္ေစာင့္ၾကည့္ရပါလိမ့္မယ္ခင္ဗ်ာ။

(Unicode)

ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းသွားခဲ့ပေမယ့်လည်း တခြားသော နာမည်ကျော်လိဂ်တွေရဲ့ စျေးကွက်တွေက ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်လို့ ဘောလုံးအပြောင်းအရွှေ့တွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရဦးမှာပါ။ အားလုံးထဲကမှ ပိုပြီးစိတ်ဝင်စားရာကောင်းစွာနဲ့ စောင့်ကြည့်ရမယ့် ကစားသမားတစ်ယောက်ရဲ့ အပြောင်းအရွှေ့ကတော့ နေမာဖြစ်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်ကစားသမားနေမာကို သူရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားလို့နေပြီး စျေးကွက်ပိတ်ခါနီးလေ ပိုစိတ်ဝင်စားစရာကောင်းလာလေ့ ဖြစ်နေရပါတယ်။

Photo Credit : Getty Images

နေမာကတော့ ပြင်သစ်မြေမှာ ၂နှစ်ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် အဆင်မပြေမှုတွေ ပြသာနာတွေနဲ့သာ ရင်ဆိုင်နေရတာမို့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီလို အသင်းကနေ ထွက်ခွာချင်နေပြီး အသင်းဘက်ကနေ ရောင်းထုတ်ချင်နေတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့က မခက်ခဲပေမယ့်လည်း ခက်ခဲနေတာက နေမာရဲ့ ပြောင်းရွှေ့ကြေးဖြစ်ပါတယ်။ နေမာကို ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်း ခေါ်ယူခဲ့စဉ်တုန်းကတောင် ယူရိုသန်း၂ရာကျော်အထိ ပေးချေခဲ့ရတာဖြစ်သလို စာချုပ်လျော်ကြေးကိုလည်း ဒီပမာဏအတိုင်း ချုပ်ဆိုထားတာဖြစ်လို့ နေမာကို ကမ်းလှမ်းဖို့က ထင်သလောက် မလွယ်ကူပါဘူး။

Photo Credit : Getty Images

လက်ရှိမှာကလည်း နေမာကို အလိုရှိနေတဲ့ အသင်းနှစ်သင်းက လာလီဂါရဲ့ အင်အားအကြီးဆုံး အသင်းနှစ်သင်းဖြစ်နေတာကြောင့် ဒီအပြောင်းအရွှေ့က အရမ်းကို စိတ်ဝင်စားစရာကောင်းလာခဲ့ပြီး နှစ်သင်းလုံးက လတ်တလောအခြေအနေတွေကြောင့် နေမာကို ပြောင်းရွှေ့ကြေးသက်သက်နဲ့ ခေါ်ယူနိုင်ဖို့က မဖြစ်နိုင်တာမို့ အသင်းကနေ ရောင်းထုတ်ချင်နေတဲ့ ကစားသမားတွေကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ အခုလည်း ရီးရဲလ်မက်ဒရစ်အသင်းက နေမာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းက ကစားသမား၃ယောက်ကို အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Getty Images

ရီးရဲလ်အသင်းဟာ နေမာအတွက် ပြောင်းရွှေ့ကြေးမပါဝင်ပဲ ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကို ဝါရင့်ဘယ်နောက်ခံကစားသမားကြီး မာဆယ်လိုအပြင် လက်ရှိ ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ ဗာရန်းတို့နဲ့ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကလည်း သူတို့အသင်းကနေ ရောင်းချသွားချင်နေတဲ့ တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့ အလိုက်ပေးကာ နေမာကို ပြန်လည်ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတာဖြစ်လို့ ဘယ်အသင်းရဲ့ အလိုက်ပေးကမ်းလှမ်းမှုက အောင်မြင်သွားနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်ခင်ဗျာ။