ရီးရဲလ်အသင်းဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းတွေ ထက်မြက်နေပြီး ဂိုးတွေ မြူးနေတဲ့ တိုက်စစ်မှူး လူကာကူကို အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမားရဲ့ နေရာမှာ ကာလရှည် အစားထိုးမှု အဖြစ် ခေါ်ယူဖို့အတွက် အနီကပ် လေ့လာစောင့်ကြည့်နေတယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်းမှာ (၂) နှစ်ခန့်ကြာ ကစားပြီးနောက် စီးရီးအေ ပြိုင်ပွဲက အင်တာမီလန်အသင်းကို ပြောင်းခဲ့ပြီး အင်တာမီလန် အသင်းမှာ ပွဲဦးထွက် ပထမရာသီကို ကစားနေတာ ဖြစ်ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းမှာ ပထမ ပွဲဦးထွက် ရာသီကို ကစားနေတာ ဖြစ်ပေမယ့် စီးရီအေး ပွဲစဉ် (၃၆) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂၃) ဂိုး နဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၅၀) ပွဲ အထိ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၃) ဂိုး သွင်းယူခဲ့ပါတယ်။ Le10 Sport သတင်းက တိုက်စစ်မှူး လူကာကူဟာ ရီးရဲလ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး (၄) ဦးထဲက တစ်ဦး ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ရီးရဲလ်အသင်းက လူကာကူ၊ ဟာလန်း၊ အမ်ဘာပေ နဲ့ ဆာနေး စတဲ့ တိုက်စစ်မှူး (၄) ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

Photo Credit: TheSun

ရီးရဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမားရဲ့ နေရာမှာ ကာလရှည် အစားထိုးနိုင်မယ့် တိုက်စစ်မှူးကို ခေါ်ယူချင်နေပြီး ပထမ ဦးစားပေးက ဒေါ့မွန် တိုက်စစ်မှူး ဟာလန်း နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ၊ ဒုတိယ ဦးစားပေးက မာနေး နဲ့ လူကာကူတို့တွေ ဖြစ်ကြပါတယ်။ တိုက်စစ်မှူး လူကာကူဟာ လက်ရှိရာသီမှာ နောက်ဆုံး ပွဲစဉ် (၁) ပွဲ ကစားဖို့ ကျန်နေသေးလျက် ဖြစ်ပြီး လာမယ့် သြဂုတ်လ (၂၂) ရက်နေ့၊ စနေနေ့မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ် အဖြစ် ပြိုင်ဘက် ဆီဗီလာအသင်းနဲ့ ထိပ်တိုက် ကစားရမယ့် နောက်ဆုံး ရာသီပိတ် ပွဲစဉ် ရှိသေးတာ ဖြစ်ပါတယ်။ တကယ်လို့များ တိုက်စစ်မှူး လူကာကူဟာ လာမယ့် ဆီဗီလာအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းနိုင်မယ် ဆိုရင် သူ့ရဲ့ Idol ဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပွဲဦးထွက် ရာသီမှာ သွင်းဂိုး အများဆုံး (၃၅) ဂိုး စံချိန်ကို မှီသွားနိုင်မှာ ဖြစ်ပါတယ်။