ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕မွာ ဘရာဇီးကလပ္ Ituano အသင္းကေန အာဆင္နယ္ အသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္၆.၃သန္း နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ အသက္၁၈ႏွစ္အရြယ္ လူငယ္တိုက္စစ္မွူး မာတီနယ္လီကေတာ့ စပိန္ ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ မ်က္စိက်မွုကို ခံလာရၿပီလို႔ စပိန္သတင္းစာေတြက ေဖာ္ျပလာၾကပါတယ္။

Photo Credit: Metro.com

မာတီနယ္လီဟာ လက္ရွိေဘာလုံးရာသီမွာ အသင္းအတြက္ ၂၁ပြဲ ပါဝင္ကစားေပးထားရာမွာ ၁၀ဂိုးအထိ သြင္းယူထားနိုင္သူျဖစ္ၿပီး အူဘာမီယန္းၿပီးတဲ့ေနာက္ အာဆင္နယ္အသင္းရဲ့ ဂိုးသြင္းအမ်ားဆုံး ကစားသမားလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ဘရာဇီးလ္ လူငယ္ ကစားသမားေတြနဲ႔ အသင္းကို တည္ေဆာက္ဖို႔ အလိုရွိေနတဲ့ ရီးရဲလ္မက္ဒရစ္ဟာ မာတီနယ္လီ ကို ေစာင့္ၾကည့္လာတာျဖစ္ၿပီး မာတီနယ္လီရဲ့ တန္ေၾကးကိုလည္း ေပါင္၅၀သန္း ဝန္းက်င္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

Photo Credit: Metro.com

လန္ဒန္အေျခစိုက္ သတင္းစာေတြကေတာ့ အာဆင္နယ္အသင္းဟာ ယခုႏွစ္ ရာသီကုန္မွာ မာတီနယ္လီကို အသင္းႀကီးေတြရဲ့ မ်က္စိက်မွုကေန ကင္းလြတ္ဖို႔အတြက္ လစာ တိုးျမႇင့္ေပးဖို႔ လုပ္ေဆာင္ေနေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။ မာတီနယ္လီဟာ လက္ရွိအခ်ိန္မွာ တစ္ပတ္ လုပ္ခ ေပါင္၁၀၀၀၀ရရွိေနသူျဖစ္ကာ သတင္းေတြအရ ေပါင္၃၀၀၀၀အထိ တိုးျမႇင့္ရရွိသြားမွာ ျဖစ္တယ္လို႔ သိထားရပါတယ္။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘရာဇီးကလပ် Ituano အသင်းကနေ အာဆင်နယ် အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၆.၃သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အသက်၁၈နှစ်အရွယ် လူငယ်တိုက်စစ်မှူး မာတီနယ်လီကတော့ စပိန် ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မျက်စိကျမှုကို ခံလာရပြီလို့ စပိန်သတင်းစာတွေက ဖော်ပြလာကြပါတယ်။

Photo Credit: Metro.com

မာတီနယ်လီဟာ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် ၂၁ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၀ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပြီး အူဘာမီယန်းပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဘရာဇီးလ် လူငယ် ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ဖို့ အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ မာတီနယ်လီ ကို စောင့်ကြည့်လာတာဖြစ်ပြီး မာတီနယ်လီရဲ့ တန်ကြေးကိုလည်း ပေါင်၅၀သန်း ဝန်းကျင် သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Metro.com

လန်ဒန်အခြေစိုက် သတင်းစာတွေကတော့ အာဆင်နယ်အသင်းဟာ ယခုနှစ် ရာသီကုန်မှာ မာတီနယ်လီကို အသင်းကြီးတွေရဲ့ မျက်စိကျမှုကနေ ကင်းလွတ်ဖို့အတွက် လစာ တိုးမြှင့်ပေးဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။ မာတီနယ်လီဟာ လက်ရှိအချိန်မှာ တစ်ပတ် လုပ်ခ ပေါင်၁၀၀၀၀ရရှိနေသူဖြစ်ကာ သတင်းတွေအရ ပေါင်၃၀၀၀၀အထိ တိုးမြှင့်ရရှိသွားမှာ ဖြစ်တယ်လို့ သိထားရပါတယ်။