MySport Myanmar

ကစားသမားဘဝ နောက်တစ်ဆင့် မြှင့်တင်ဖို့ စဉ်းစားနေတဲ့ ဆွန်ကို ရီးယဲလ် ပစ်မှတ်ထားနေ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လက်ရှိ စပါးမှာ ပျော်ရွှင်နေပေမယ့်လည်း သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တင်ဖို့ ဆန္ဒရှိနေပြီး သူရဲ့အနာတ် အခြေအနေကိုပါ ထည့်သွင်းစဉ်းစားနေတာကြောင့် သူ့ကို ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အသင်းနည်းပြ ကားလို့အန်စလော့တီတို့က အနီးကပ် စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကနေ စပါးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၂၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စပါးအတွက် ပြိုင်ပွဲစုံ (၃၄၁)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး (၁၃၆)ဂိုး သွင်းယူထားသလို (၇၆)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့အတူ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ပူးတွဲ ရရှိခဲ့တဲ့ ဆွန်ဟာ လက်ရှိ စပါးအသင်းမှာ ပျော်ရွှင်နေပေမယ့် သူရဲ့ ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တင်ဖို့အတွက် စဉ်းစားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လျက် ရှိပါတယ်။

Photo Credit : Football London

ဂျာမန် outlet SPORT1 ရဲ့ သတင်းဖော်ပြချက်အရ ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမယ့် ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်မှာ သူ့ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တတ်ဖို့အတွက် အသေအချာ စဉ်းစားလျက် ရှိနေတယ်လို့ ဖော်ပြလာခဲ့သလို ဒီလို အနာဂတ် အခြေအနေကို စဉ်းစား တွေးတောနေတဲ့ ဆွန်ကိုလည်း ရီးယဲလ်အသင်းကနေ အထူး စိတ်ဝင်စားလျက် ရှိနေတယ် SPORT1 က ဖော်ပြထားခဲ့ပါတယ်။ ဆွန်ဟာ စပါးအသင်းမှာ အတော်လေး ခြေစွမ်းပြသထားခဲ့ပေမယ့်လည်း စပါးကစားသမားဘဝ (၇)နှစ်တာအတွင်းမှာ တစ်ဦးချင်း ဆုတံဆိပ်တွေ ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေကတော့ ဝေးကွာနေဆဲ ဖြစ်နေရပါတယ်။ ဒီလို ဆုဖလားလက်မဲ့ အခြေအနေတွေက ဆွန်ကို စပါးကနေ ထွက်ခွာဖို့ အကြောင်းအရင်း ဖြစ်လာနိုင်သလို လက်ရှိ စပါးနည်းပြ အန်တိုနီယိုကွန်တီသာ အသင်းနဲ့ လမ်းခွဲသွားမယ်ဆိုရင် ဆွန် ဟာရီကိန်းတို့လို စပါးရဲ့ အဓိက ကစားသမားတွေပါ ကွန်တီနဲ့အတူ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနိုင်တယ်လို့ စပါးနည်းပြဟောင်း တင်ရှားဝုဒ်က သုံးသပ်ထားခဲ့ပါတယ်။

Exit mobile version