MySport Myanmar

ဘိုင်ယန်တောင်ပံကစားသမား ဂနာဘရီကို ရီးယဲလ်မက်ဒရစ်အသင်း စိတ်ဝင်စားလို့နေ

စပိန်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Mundo Deportivo ရဲ့ ဖော်ပြချက်အရ စပိန်လာလီဂါ ထိပ်သီးကလပ်အသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်းဟာ လတ်တလောမှာ အနာဂတ် အခြေအနေ လှုပ်ခတ်လို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတောင်ပံကစားသမား ဆက်ချ်ဂနာဘရီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Arsedevils

အသက်(၂၆)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂနာဘရီရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုလို့ထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အခုထိလည်း စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု မရရှိသေးတာကြောင့် ကစာသမားရဲ့ အနာဂတ်အခြေအနေက ဝိုးတဝါး ဖြစ်လာခဲ့ရပါတယ်။ ဘိုင်ယန်ဘက်က ဂနာဘရီကိုု သက်တမ်းတိုးသွားဖို့ ဆန္ဒရှိနေပြီး လုပ်ခလစာကိုပါ တိုးမြှင့်ပေးသွားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းနည်းပြ နာဂယ်စ်မန်းလက်အောက်မှာ ကစားရတာကို မပျော်ရွှင်တော့တာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ချင်သွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Goal

အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂနာဘရီဟာ ၂၀၁၆ခုနှစ်မှာပဲ သူရဲ့မွေးရပ်မြေ ဂျာမနီက ဘွန်ဒစ်လီဂါပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁ရမှာ ဘိုင်ယန်ကို ပြောင်းရွှေ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂနာဘရီဟာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၁၆၂)ပွဲ ပါဝင်ကစားပေးထားခဲ့ပြီး စုစုပေါင်းသွင်းဂိုး (၆၀) သွင်းယူပေးနိုင်ခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား ဘွန်ဒစ်လီဂါဖလား ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလားတို့ကိုပါ ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၃၆)ပွဲအထိကို ပါဝင်ကစားပေးထားခဲ့တဲ့ ဂနာဘရီဟာ လက်ရှိမှာ သူရဲ့စာချုပ်သက်တမ်း (၁)နှစ်အကျော်လေးသာ ကျန်ရှိနေတော့တာဖြစ်လို့ ဘိုင်ယန်ဘက်ကနေ သက်တမ်းတိုးဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးဆိုရင် လာမယ့်နွေမှာပဲ အသင်းကနေ ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို အနာဂတ် အခြေအနေမျိုး ရှိနေရတဲ့ ဂနာဘရီကို သူရဲ့ဘိုင်ယန်အသင်းဖော်ဟောင်းဖြစ်တဲ့ ဒေးဗစ်အလာဘာက ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လာဖို့ တောင်းဆိုထားခဲ့သလို ရီးယဲလ်အသင်းကလည်း ဘေးလ် ဟာဇက် ရိုဒရီဂိုတို့ကို လက်လွတ်သွားဖွယ် ရှိနေတဲ့အတွက် တောင်ပံအားသန်တဲ့ ဂနာဘရီလို ကစားသမားမျိုးကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရှိရပါတယ်။

Exit mobile version