MySport Myanmar

ချယ်လ်ဆီးကြယ်ပွင့် ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ ၊ ဗင်နီးစီးယပ်စ် ၊ ရိုဒရီဂို ၊ ဟာဇက် ၊ အဆန်စီယို ၊ မာရီယာနို စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အဆန်စီယိုနဲ့ မာရီယာနိုတို့က ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်သလို ဟာဇက်ကလည်း အရင် ဟာဇက် မဟုတ်တော့ပါဘူး။

Photo Credit: Football 365

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် အန်ဆလော့တီက လာမယ့် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူ ဘယ်လင်ဟမ် အပြင် နောက်ထပ် တိုက်စစ် ကစားသမား ၂ဦးခန့် ခေါ်ယူပေးဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်က ဘန်ဇီမာရဲ့ အရန်တိုက်စစ်မှူး နေရာအတွက် အက်စ်ပန်ညိုရဲ့ ဝါရင့် တိုက်စစ်မှူး ဂျိုဆီလူကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်က ဂျိုဆီလူကို ခေါ်ယူဖို့ ကြိုးစားနေသလို အဆန်စီယိုရဲ့ နေရာနဲ့ တောင်ပံတိုက်စစ် နေရာတွေ အတွက် နောက်ထပ် ကစားသမား တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကင်းထောက်တွေက ချယ်လ်ဆီးရဲ့ တိုက်စစ် ကစားသမား ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Talksports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ကိုင် ဟားဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ချယ်လ်ဆီးကလည်း ကိုင် ဟားဗက်ဇ်ကို ရောင်းချဖို့ လမ်းဖွင့်ထားပြီး ရီးရဲလ်မက်ဒရစ်ကသာ ကိုင် ဟားဗက်ဇ် အတွက် အမှန်တကယ် ကမ်းလှမ်းမှု လုပ်ခဲ့ရင် ဟားဗက်ဇ်ကို ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

Exit mobile version