ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ အသင္းမွာ ခရစၥတီယာႏုိေရာ္နယ္ဒုိ မရွိေတာ့တဲ႔ေနာက္ပိုင္း အသင္းရဲ႕ အရွိန္အဝါကုိ က်ဆင္းလာခဲ႔တဲ႔အေပၚ ျပန္လည္ျပင္ဆင္ဖုိ႔အတြက္ ဒီရာသီမွာ အီဒင္ဟာဇက္လုိ ကစားသမားမ်ိဳးကုိ ေခၚယူအားျဖည့္ခဲ့ေပမယ့္လည္း ကစားသမားေခၚယူအားျဖည့္မႈက ခံစစ္နဲ႔ တုိက္စစ္ပုိင္းမွာသာရွိခဲ႔ၿပီး ကြင္းလယ္ပုိင္းကုိေတာ့ အင္အားျဖည့္တင္းမႈ ျပဳလုပ္ဖုိ႔အတြက္ လစ္ဟာသြားခဲ႔ရပါတယ္။ ရီးရဲလ္ကြင္းလယ္ပုိင္းမွာ ကစားသမားေကာင္းေတြကုိ ပုိင္ဆုိင္ထားတယ္ဆုိေပမယ့္ နည္းျပဇီဒန္းကေတာ့ ဒီေနရာအတြက္ သူနဲ႔တစ္ႏိုင္ငံတည္းသားေတြျဖစ္တဲ့ ကစားသမားႏွစ္ဦးကုိ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဇီဒန္း ေခၚယူခ်င္ေနတဲ႔ ကစားသမားႏွစ္ေယာက္ကေတာ့ ျပင္သစ္ကြင္းလယ္လူေတြျဖစ္တဲ႔ ေပါ့ဘာနဲ႔ကန္တီတုိ႔ပါ။ ေပါ့ဘာကုိေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဘက္ကေန ေရာင္းခ်ဖုိ႔ ျငင္းဆန္ခဲ႔တာေၾကာင့္ မေခၚယူႏုိင္ခဲ႔တာျဖစ္ေပမယ့္ ကန္တီကေတာ့ လာမယ့္အနာဂတ္မွာ ေခၚယူႏုိင္ဖုိ႔အတြက္ ရီးရဲလ္နဲ႔ ခ်ယ္လ္ဆီးအသင္းတုိ႔ရဲ႕ ၾကား ႏႈတ္ကတိအေနနဲ႔ အႀကိဳသေဘာတူညီမႈ ရယူထားႏုိင္ခဲ့တယ္လုိ႔ စပိန္သတင္းမီဒီယာတစ္ခုျဖစ္တဲ႔ Denfensa Central ကေန ေဖာ္ျပလာခဲ႔ပါတယ္။ ရီးရဲလ္ဟာ ခ်ယ္လ္ဆီးကေန ဟာဇက္ကုိ ေခၚယူခဲ႔စဥ္ ကန္တီကုိပါ တစ္ပါတည္း ေခၚယူဖုိ႔ ႀကိဳးစားခဲ႔ေပမယ့္လည္း ခ်ယ္လ္ဆီးက Transfer Ban ေၾကာင့္ ကန္တီပါ ေရာင္းခ်ဖုိ႔ ျငင္းဆန္ခဲ႔ၿပီး အနာဂတ္ကာလတစ္ခုမွသာ ေရာင္းခ်ဖုိ႔ အႀကိဳသေဘာတူညီခဲ႔တာျဖစ္တယ္လုိ႔ သိရပါတယ္။

Photo Credit : Getty Images

ဒီလုိ အႀကိဳသေဘာတူညီခ်က္အရ ကြင္းလယ္လူကန္တီအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဆီကုိ ေသခ်ာေပါက္ ေရာက္ရွိလာလိမ့္မယ္လုိ႔ ထည့္တြက္မရေပမယ့္ လာမယ့္ေစ်းကြက္ဖြင့္ခ်ိန္ေတြအတြင္း ရီးရဲလ္ဘက္ကေန ကန္တီကုိ ကမ္းလွမ္းခ်က္ေတြ ျပဳလုပ္လာတဲ႔အခါမွာ ခ်ယ္လ္ဆီးဘက္ကေန ျပန္လည္စဥ္းစားေပးဖုိ႔နဲ႔ ကစားသမားဘက္ကေန အသင္းေျပာင္းဖုိ႔ ဆႏၵရွိလာတဲ႔အခါမွာ ရီးရဲလ္နဲ႔ ခ်ိတ္ဆက္ေပးဖုိ႔ကို ညွိႏႈိင္းထားခဲ႔တာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ ရီးရဲလ္နည္းျပဇီဒန္းကေတာ့ ေနာက္ႏွစ္ေဘာလုံးရာသီမွာ ကန္တီနဲ႔ေပါ့ဘာတုိ႔ႏွစ္ေယာက္ထဲက တစ္ဦးဦးကုိ အသင္းဆီ အရေခၚယူဖုိ႔အတြက္ စိတ္ပုိင္းျဖတ္ထားပုံလည္းရွိေနပါတယ္။

Photo Credit : Getty Images

ကန္တီကေတာ့ ၿပီးခဲ႔တဲ႔ေႏြေစ်းကြက္အတြင္း ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီတုိ႔လုိ ထိပ္သီးအသင္းေတြက ေခၚယူဖုိ႔ စိတ္ဝင္စားခဲ႔ေပမယ့္ သူရဲ႕ အနာဂတ္က ခ်ယ္လ္ဆီးအသင္းမွာပဲ ဆက္လက္ရွိေနတယ္လုိ႔ ဝန္ခံထားခဲ႔ပါတယ္။ ခ်ယ္လ္ဆီးအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္၂သိန္း၉ေသာင္းအထိ ရရွိေနၿပီး စာခ်ဳပ္သက္တမ္း ၄ႏွစ္သက္တမ္း က်န္ရွိေနေသးတဲ့ ကန္တီဟာ ဒီရာသီမွာေတာ့ ဒဏ္ရာျပသာနာေတြေၾကာင့္ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲထြက္ကစားခြင့္ေတြ နည္းပါးေနရသလုိ ႏုိင္ငံတကာရက္သတၱပတ္အတြင္းမွာလည္း ျပင္သစ္အသင္းအတြက္ ကစားႏုိင္ျခင္း မရွိခဲ့ပါဘူး။

(Unicode)

ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့ အရှိန်အဝါကို ကျဆင်းလာခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ဖို့အတွက် ဒီရာသီမှာ အီဒင်ဟာဇက်လို ကစားသမားမျိုးကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့်လည်း ကစားသမားခေါ်ယူအားဖြည့်မှုက ခံစစ်နဲ့ တိုက်စစ်ပိုင်းမှာသာရှိခဲ့ပြီး ကွင်းလယ်ပိုင်းကိုတော့ အင်အားဖြည့်တင်းမှု ပြုလုပ်ဖို့အတွက် လစ်ဟာသွားခဲ့ရပါတယ်။ ရီးရဲလ်ကွင်းလယ်ပိုင်းမှာ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် နည်းပြဇီဒန်းကတော့ ဒီနေရာအတွက် သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ကစားသမားနှစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဇီဒန်း ခေါ်ယူချင်နေတဲ့ ကစားသမားနှစ်ယောက်ကတော့ ပြင်သစ်ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဘာနဲ့ကန်တီတို့ပါ။ ပေါ့ဘာကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပေမယ့် ကန်တီကတော့ လာမယ့်အနာဂတ်မှာ ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကြား နှုတ်ကတိအနေနဲ့ အကြိုသဘောတူညီမှု ရယူထားနိုင်ခဲ့တယ်လို့ စပိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Denfensa Central ကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးရဲလ်ဟာ ချယ်လ်ဆီးကနေ ဟာဇက်ကို ခေါ်ယူခဲ့စဉ် ကန်တီကိုပါ တစ်ပါတည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ချယ်လ်ဆီးက Transfer Ban ကြောင့် ကန်တီပါ ရောင်းချဖို့ ငြင်းဆန်ခဲ့ပြီး အနာဂတ်ကာလတစ်ခုမှသာ ရောင်းချဖို့ အကြိုသဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Getty Images

ဒီလို အကြိုသဘောတူညီချက်အရ ကွင်းလယ်လူကန်တီအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို သေချာပေါက် ရောက်ရှိလာလိမ့်မယ်လို့ ထည့်တွက်မရပေမယ့် လာမယ့်စျေးကွက်ဖွင့်ချိန်တွေအတွင်း ရီးရဲလ်ဘက်ကနေ ကန်တီကို ကမ်းလှမ်းချက်တွေ ပြုလုပ်လာတဲ့အခါမှာ ချယ်လ်ဆီးဘက်ကနေ ပြန်လည်စဉ်းစားပေးဖို့နဲ့ ကစားသမားဘက်ကနေ အသင်းပြောင်းဖို့ ဆန္ဒရှိလာတဲ့အခါမှာ ရီးရဲလ်နဲ့ ချိတ်ဆက်ပေးဖို့ကို ညှိနှိုင်းထားခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းကတော့ နောက်နှစ်ဘောလုံးရာသီမှာ ကန်တီနဲ့ပေါ့ဘာတို့နှစ်ယောက်ထဲက တစ်ဦးဦးကို အသင်းဆီ အရခေါ်ယူဖို့အတွက် စိတ်ပိုင်းဖြတ်ထားပုံလည်းရှိနေပါတယ်။

Photo Credit : Getty Images

ကန်တီကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် သူရဲ့ အနာဂတ်က ချယ်လ်ဆီးအသင်းမှာပဲ ဆက်လက်ရှိနေတယ်လို့ ဝန်ခံထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၂သိန်း၉သောင်းအထိ ရရှိနေပြီး စာချုပ်သက်တမ်း ၄နှစ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကန်တီဟာ ဒီရာသီမှာတော့ ဒဏ်ရာပြသာနာတွေကြောင့် ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးနေရသလို နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာလည်း ပြင်သစ်အသင်းအတွက် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။