ရီးရဲလ္အသင္းဟာ ကမၻာ့ အသင္းႀကီး တစ္သင္း ျဖစ္ၿပီး ျပည္တြင္းဖလား ၿပိဳင္ပဲြ နဲ႔ ျပည္ပ ဖလား ျပိဳင္ပဲြေတြမွာ ေအာင္ျမင္မႈ အမ်ားႀကီး ရထားေပမဲ့ တုိက္ရုိက္ ဖရီးကစ္ သြင္းဂုိး နည္းလာပါတယ္။ ရီးရဲလ္အသင္းဟာ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္ ဇန္နဝါရီလ (၁၃) ရက္ေန႔က ဆီဘာလုိ႔စ္ရဲ႕ တုိက္ရိုက္ ဖရီးကစ္ သြင္းဂုိး ေနာက္ပုိင္း ေနာက္ထပ္ တုိက္ရုိက္ ဖရီးကစ္ မသြင္းႏုိင္ခဲ့ေတာ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

ဆီဘာလုိ႔စ္ဟာ (၂၀၁၉) ခုႏွစ္ ဇန္နဝါရီလ (၁၃) ရက္ေန႔က ရီးရဲလ္ဘက္တစ္အသင္းနဲ႔ ကစားတဲ့ အေဝးကြင္း ပဲြစဥ္ရဲ႕ ပြဲကစားခ်ိန္ (၈၈) မိနစ္မွာ တုိက္ရုိက္ ဖရီးကစ္ သြင္းယူၿပီး အႏုိင္ရခဲ့ပါတယ္။ ရီးရဲလ္အသင္းကေတာ့ (၂၀၁၉) ခုႏွစ္၊ ဇန္နဝါရီလ (၁၃) ရက္ေန႔ ေနာက္ပုိင္း တုိက္ရုိက္ ဖရီးကစ္ မသြင္းႏုိင္ခဲ့ေတာ့ဘဲ မနက္ျဖန္ ဇန္နဝါရီလ (၁၃) ရက္ေန႔ဆုိရင္ (၁) ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။

Photo Credit: Allfootball

ရီးရဲလ္အသင္းဟာ တုိက္စစ္မွဴး ေရာ္နယ္ဒုိ ထြက္သြားၿပီးတဲ့ေနာက္ တုိက္ရုိက္ ဖရီးကစ္ သြင္းဂုိး (၂) ဂုိးသာ သြင္းယူခဲ့ၿပီး (၂၀၁၉) ခုႏွစ္က တစ္ႀကိမ္ နဲ႔ (၂၀၁၈) ခုႏွစ္က (၁) ႀကိမ္ပဲ ျဖစ္ပါတယ္။ ဆီဘာလုိ႔စ္က (၂၀၁၉) ခုႏွစ္ ဇန္နဝါရီလမွာ တုိက္ရုိက္ ဖရီးကစ္ သြင္းယူႏုိင္ခဲ့တာ နဲ႔ အစၥကုိက (၂၀၁၈) ခုႏွစ္ စက္တင္ဘာလမွာ တုိက္ရုိက္ ဖရီးကစ္ သြင္းယူခဲ့တာ၊ ႏွစ္ႀကိမ္သာ ျဖစ္ပါတယ္။

Photo Credit: Allfootball

ေရာ္နယ္ဒုိဟာ (၂၀၁၈) ခုႏွစ္က ရီးရဲလ္အသင္းက မထြက္ခင္ ရီးရဲလ္အသင္းအတြက္ တုိက္ရုိက္ ဖရီးကစ္ သြင္းဂုိး (၃၃) ႀကိမ္ သြင္းယူခဲ့ၿပီး ရီးရဲလ္အသင္းအတြက္ ဂုိးသြင္းစက္ ျဖစ္ေနခဲ့ပါတယ္။ ရီးရဲလ္အသင္းဟာ ေရာ္နယ္ဒုိ ထြက္သြားတဲ့ေနာက္ ဖရီးကစ္ (၃၃) ႀကိမ္ ကန္ခဲ့ေပမဲ့ (၂) ႀကိမ္ပဲ သြင္းဂုိးအျဖစ္ ေျပာင္းလဲခဲ့ၿပီး ေဘးလ္က (၁၅) ႀကိမ္ ကန္ရာမွာ (၁) ႀကိမ္မွ မဂုိးခဲ့တာ ျဖစ္ပါတယ္။

{Unicode}

ရီးရဲလ်အသင်းဟာ ကမ္ဘာ့ အသင်းကြီး တစ်သင်း ဖြစ်ပြီး ပြည်တွင်းဖလား ပြိုင်ပွဲ နဲ့ ပြည်ပ ဖလား ပြိုင်ပွဲတွေမှာ အောင်မြင်မှု အများကြီး ရထားပေမဲ့ တိုက်ရိုက် ဖရီးကစ် သွင်းဂိုး နည်းလာပါတယ်။ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့က ဆီဘာလို့စ်ရဲ့ တိုက်ရိုက် ဖရီးကစ် သွင်းဂိုး နောက်ပိုင်း နောက်ထပ် တိုက်ရိုက် ဖရီးကစ် မသွင်းနိုင်ခဲ့တော့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

ဆီဘာလို့စ်ဟာ (၂၀၁၉) ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့က ရီးရဲလ်ဘက်တစ်အသင်းနဲ့ ကစားတဲ့ အဝေးကွင်း ပွဲစဉ်ရဲ့ ပွဲကစားချိန် (၈၈) မိနစ်မှာ တိုက်ရိုက် ဖရီးကစ် သွင်းယူပြီး အနိုင်ရခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ နောက်ပိုင်း တိုက်ရိုက် ဖရီးကစ် မသွင်းနိုင်ခဲ့တော့ဘဲ မနက်ဖြန် ဇန်နဝါရီလ (၁၃) ရက်နေ့ဆိုရင် (၁) နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။

Photo Credit: Allfootball

ရီးရဲလ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို ထွက်သွားပြီးတဲ့နောက် တိုက်ရိုက် ဖရီးကစ် သွင်းဂိုး (၂) ဂိုးသာ သွင်းယူခဲ့ပြီး (၂၀၁၉) ခုနှစ်က တစ်ကြိမ် နဲ့ (၂၀၁၈) ခုနှစ်က (၁) ကြိမ်ပဲ ဖြစ်ပါတယ်။ ဆီဘာလို့စ်က (၂၀၁၉) ခုနှစ် ဇန်နဝါရီလမှာ တိုက်ရိုက် ဖရီးကစ် သွင်းယူနိုင်ခဲ့တာ နဲ့ အစ္စကိုက (၂၀၁၈) ခုနှစ် စက်တင်ဘာလမှာ တိုက်ရိုက် ဖရီးကစ် သွင်းယူခဲ့တာ၊ နှစ်ကြိမ်သာ ဖြစ်ပါတယ်။

Photo Credit: Allfootball

ရော်နယ်ဒိုဟာ (၂၀၁၈) ခုနှစ်က ရီးရဲလ်အသင်းက မထွက်ခင် ရီးရဲလ်အသင်းအတွက် တိုက်ရိုက် ဖရီးကစ် သွင်းဂိုး (၃၃) ကြိမ် သွင်းယူခဲ့ပြီး ရီးရဲလ်အသင်းအတွက် ဂိုးသွင်းစက် ဖြစ်နေခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ရော်နယ်ဒို ထွက်သွားတဲ့နောက် ဖရီးကစ် (၃၃) ကြိမ် ကန်ခဲ့ပေမဲ့ (၂) ကြိမ်ပဲ သွင်းဂိုးအဖြစ် ပြောင်းလဲခဲ့ပြီး ဘေးလ်က (၁၅) ကြိမ် ကန်ရာမှာ (၁) ကြိမ်မှ မဂိုးခဲ့တာ ဖြစ်ပါတယ်။