ပြီးခဲ့တဲ့နှစ်မှာ စပိန်လာလီဂါ အမှတ်ပေးဖလားရော ဥရောပချန်ပီယံလိဂ်ဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ နွေရာသီ အသုံးစရိတ်က ပေါင်သန်း(၃၅၀)ထိကို ရရှိနိုင်တာကြောင့် နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ထပ်မံလုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းကို အနိုင်ယူပြီး အသင်းအတွက် (၁၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ဒီအောင်မြင်မှုကြောင့်ပဲ ပေါင်(၁၁၃)သန်းလောက်အထိကို ဆုကြေးငွေ ရရှိခဲ့ပြီး အသင်းအတွင်း လစာအမြာက်အများ ရရှိနေကြတဲ့ ဂါရတ်ဘေးလ် မာဆယ်လို အစ္စကိုတို့လို ကစားသမားတွေပါ အသင်းနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် အကြမ်းအားဖြင့် ပေါင်(၇၅)သန်းလောက်အထိကို သက်သာရဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ဗင်နီစီယပ်စ်နဲ့ မီလီတာအိုတို့ကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်တာနဲ့ ကစားသမားသစ် ရူဒီဂါရဲ့ လုပ်ခလစာတို့အတွက်ကိုတော့ ငွေကြေးသုံးစွဲမှုတွေ ထပ်မံလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Rudiger: I'm excited to join Real Madrid, I can't wait to play for this  huge club | Marca

Photo Credit : Marca

ဒါပေမယ့် နွေဈေးကွက်ထဲမှာ အသင်းကနေ အဆန်စီယို မာရီယာနိုဒီယက်ဇ် လူကာယိုဗစ် စီဘယ်ယို့စ် ဗာယယ်ဟိုတို့ ထွက်ခွာသွားဖွယ် ရှိနေတဲ့အတွက် ဒီကစားသမားတွေ ရောင်းချမှုကနေလည်း အသုံးစရိတ်အတွက် ငွေထပ်မံရရှိနိုင်သလို အသင်းရဲ့ လစာအခြေအနေကိုလည်း ပိုအဆင်ပြေလာနိုင်ပါစေတယ်။ နောက်ပြီး ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို ရောက်ရှိလိမ့်မယ်လို့ ယူဆပြီး ရင်းနှီးမြှပ်နှံထားတဲ့ ပေါင်သန်း(၃၀)ကိုလည်း အခုနွေမှာ အသင်းအသုံးစရိတ်အဖြစ် ထည့်သွင်းအသုံးပြနိုင်မှာဖြစ်လို့ ကစားသမားသစ် ခေါ်ယူမှုအဖြစ် စုစုပေါင်း ပေါင်သန်း(၃၅၀)လောက် အသုံးပြုရနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် မိုနာကိုအသင်းရဲ့ ပြင်သစ်လူငယ် ကွင်းလယ်လူ ချူယာမန်နီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူဖွယ် ရှိနေပြီး အမေရိကန်ဂိုးသမားလေး ဆလိုနီနာနဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း ကစားသမားသစ်တစ်ဦးခန့် ထပ်မံခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။