ရီးရဲလ်မက်ဒရစ်အသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ၂၀၁၉ခုနှစ် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလင်စီယာအသင်းနဲ့ ကစားသွားခဲ့ပြီး ကွင်းလယ်ကစားသမားတွေရဲ့သွင်းဂိုးတွေနဲ့အတူ ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူကာ ဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဆုဖလားတစ်ခုကို ပိုင်ဆိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိလာခဲ့တဲ့ ရီးရဲလ်အသင်းဟာ စပိန်လာလီဂါမှာရော ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အောင်မြင်မှုပေါင်းများစွာကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ်နဲ့ပါ ရပ်တည်ထားနိုင်ခဲ့ပါတယ်။
Photo Credit : FC Barcelona
(Unicode)
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ရဲ့ရမှတ်အများဆုံးအသင်းအဖြစ် ရီးရဲဲလ်ရပ်တည်
ရီးရဲလ်မက်ဒရစ်အသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲဲ့ ၂၀၁၉ခုနှစ် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလင်စီယာအသင်းနဲ့ ကစားသွားခဲ့ပြီး ကွင်းလယ်ကစားသမားတွေရဲ့သွင်းဂိုးတွေနဲ့အတူ ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူကာ ဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဆုဖလားတစ်ခုကို ပိုင်ဆိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိလာခဲ့တဲ့ ရီးရဲလ်အသင်းဟာ စပိန်လာလီဂါမှာရော ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အောင်မြင်မှုပေါင်းများစွာကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ်နဲဲ့ပါ ရပ်တည်ထားနိုင်ခဲ့ပါတယ်။
Photo Credit : AS English
ကမ္ဘာ့ဘောလုံးဇာတ်ခုံအတွင်းက ဘောလုံးသမားအပြောင်းအရွှေ့တွေကို စိစစ်စုဆောင်းလေ့ရှိတဲ့ နာမည်ကျော် ဘောလုံးဝက်ဆိုဒ်ကြီး Transfermakert ကနေ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ ရမှတ်အများဆုံးရရှိထားတဲ့ အသင်း၂၀ကို ဖော်ပြလာခဲ့ရာ ရီးရဲလ်မက်ဒရစ်အသင်းက ရမှတ်၂၅၄နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေပါတယ်။ ရီးရဲဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား ၄ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့သလို အဲ့ဒီကတည်းက ၃ကြိမ်ကတော့ ၃နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့ရတာဖြစ်ကာ ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ပွဲပေါင်း ၁၁၆ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ပြီး ရမှတ်ပေါင်း ၂၅၄မှတ်အထိ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
Photo Credit : Sky News
ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာမှာတော့ ဘာစီလိုနာအသင်းက ရမှတ်၂၄၃မှတ်နဲ့ ရပ်တည်နေပြီး ဘိုင်ယန်မြူးနစ်ကတော့ ရမှတ်၂၄၀နဲ့ တတိယနေရာ ဂျုဗင်တပ်စ်အသင်းက ရမှတ် ၁၄၀မှတ် စတုတ္ထနေရာနဲ့ ပီအက်စ်ဂျီအသင်းက ရမှတ််ပေါင်း ၁၃၈မှတ်နဲ့ ပဥ္စမနေရာတွေမှာ အသီးသီးရပ်တည်လို့နေပါတယ်။ လက်ရှိ ချန်ပီယံလိဂ်ရဲ့ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းကတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်တိုင်းဆင်နွဲခဲ့ရခြင်းမရှိလို့ ရမှတ် ၆၈မှတ်ပဲ စုဆောင်းနိုင်ခဲ့ကာ အဆင့်၁၆နေရာအထိ ရောက်ရှိလို့နေပါတယ်။ အဆင့်၆ကနေ အဆင့်၁၀အတွင်းမှာတော့ အသက်လက်တီကိုမက်ဒရစ် ချယ်လ်ဆီး မန်စီးတီး မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တိုအသင်းတို့က အသီးသီးရပ်တည်လျက်ရှိပြီး အာဆင်နယ်က အဆင့်၁၂နဲ့ မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တတ်လှမ်းထားနိုင်ခဲ့တဲ့ စပါးအသင်းက လီဗာပူးလ်အထက် အဆင့်၁၅မှာ တည်ရှိလို့နေပါတယ်။