ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ညာနောက်ခံကစားသမား ဖာလန်မန်ဒီရဲ့ ဒဏ်ရာပြသာနာ အခြေအနေတွေကြောင့် အသင်း အကယ်ဒမီထွက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖရန့်ဂါဆီယာကို လာမယ့်နွေစျေးကွက်ထဲမှာ ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေခဲ့တယ်လို့ သိရှိရပါတယ်။

Los Blancos are targeting a new left-back amid concerns over Ferland Mendy's injury record

ပြင်သစ်လက်ရွေးစင် ညာနောက်ခံကစားသမား မန်ဒီဟာ လက်ရှိမှာ ကြွက်သားဒဏ်ရာ ပြသာနာနဲ့ ရင်ဆိုင်နေရပြီး ဒီဖေဖော်ဝါရီလအတွင်း ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကိုပါ ပါဝင်ကစားဖို့ မသေချာသေးတဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။ ဒီအချိန်မှာ မန်ဒီရဲ့နေရာမှာ ဝင်ကစားဖို့က ဝါရင့်ဘယ်နောက်ခံလူ မာဆယ်လိုနဲ့ မီဂွယ်လ်ဂူတီယာရက်ဇ်တို့သာ ရှိလို့နေပြီး မာဆယ်လိုက သူရဲ့အသက်အရွယ်အရ အကျပိုင်းကို ရောက်နေရသလို ဂူတီယာရက်ဇ်ကလည်း ဘယ်ခြမ်းထက် ညာခြမ်းခံစစ် နေရာမှာသာ အဓိကထား ကစားတတ်တာဖြစ်လို့ ဒီပြသာနာက ရီးယဲလ်အတွက် ခေါင်းခဲနိုင်စရာ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။

Real Madrid are reportedly considering re-signing Fran Garcia from Rayo Vallecano

ဒီလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးယဲလ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်း အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေးဖြစ်တဲ့ ဖရန့်ဂါဆီယာကို ဗယ်လက်ကာနိုအသင်းကနေ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ AS သတင်းစာက ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ် စပိန်နောက်ခံအစွန်လူ ဂါဆီယာဟာ ရီးယဲလ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ရီးယဲလ် စီနီယာ အသင်းကြီးအတွက် တစ်ပွဲသာ ပါဝင်ထားခဲ့ရကာ ရီးယဲလ်ဘီအသင်းအတွက်သာ ပွဲပေါင်းများစွာ ကစားထားခဲ့ရပါတယ်။ ဂါဆီယာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဗယ်လက်ကာနိုအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့သလို အငှားသက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီ လာလီဂါမှာလည်း ဗယ်လက်ကာနိုအတွက် ပွဲပေါင်း(၂၁)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ ဗယ်လက်ကာနိုရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရတဲ့ ဂါဆီယာကို ရီးယဲလ်အသင်းကနေ ရောင်းထုတ်ခဲ့စဥ်က ကစားသမားရဲ့အခွင့်အရေး (၅၀)%ကို ထိန်းသိမ်းထားခဲ့တာကြောင့် ဒီကစားသမားကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်လောက်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းဟာ လူငယ်ကစားသမားလေး ဂူတီယာရက်ဇ်ကိုတော့ လာမယ့် စျေးကွက်အတွင်းမှာ အငှားစာချုပ်နဲ့ တစ်ရာသီခန့် အငှားချသွားဖွယ် ရှိနေရပါတယ်။