MySport Myanmar

တိုနီကရူးစ်နဲ့ မီလီတာအိုတို့ကို ဆက်အသုံးမပြုဖို့ ရီးယဲလ်ကို အသင်းပရိသတ်များ တောင်းဆို

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက အိမ်ရှင်မန်ချက်စတာစီးတီးအသင်းကို (၄)ဂိုး (၃)ဂိုးဆိုတဲ့ ရလဒ်နဲ့ တစ်ဂိုးတည်း ကပ်ရှုံးနိမ့်ခဲ့လို့ ဒုတိယအကျော့အတွက် မျှော်လင့်ချက် ရှိနေသေးပေမယ့် ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ရမယ့် ဒုကျော့ပွဲစဉ်မှာတော့ အသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ တိုနီကရူးစ်နဲ့ မီလီတာအိုတို့ကို ထပ်မံအသုံးမပြုသွားဖို့ ရီးယဲလ်အသင်းကို ပရိသတ်တွေက တောင်းဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

မန်ချက်စတာက အယ်တီဟတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရီးယဲလ်အသင်းဟာ စီးတီးကို ပွဲအစ (၁၁)မိနစ်လေးအတွင်းမှာပဲ ဂိုး(၂)ဂိုးထိ ခွင့်ပြုခဲ့ရတာဖြစ်ပြီး (၂)ဂိုးပြတ် အခြေအနေမျိုးနဲ့ (၃)ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ရီးယဲလ်ဘက်က ဘန်ဇီမာ ဗင်နီစီယပ်စ်တို့ရဲ့ ချေပဂိုးတွေကြောင့်သာ ပကျော့ကို ရှုံးနိမ့်ခဲ့ရပေမယ့် နှစ်သင်းကြား ဂိုးကွာခြားချက်က ကျဉ်းမြောင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေပေမယ့်လည်း အသင်းက ကစားသမားနှစ်ဦးရဲ့ စွမ်းဆောင်ရည်အပေါ်မှာတော့ ရီးယဲလ်ပရိသတ်တွေက စိတ်ပျက်လို့နေကြပြီး ဒုကျော့ပွဲစဉ်မှာပါ ဒီကစားသမားတွေကို ထည့်သွင်းခြင်း မပြုလုပ်ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။

Photo Credit : Daily Mail

ရီးယဲလ်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်နဲ့ နောက်ခံလူ မီလီတာအိုတို့နှစ်ဦးဟာ ရီးယဲလ်အသင်းရဲ့ ဂိုးပေါက်ရှေ့ မန်စီးတီးအသင်း အစုအပြုံ တိုက်စစ်ဆင်နေစဉ်မှာ သူတို့ရဲ့ ခံစစ်ကစားပုံတွေက စိတ်ပျက်စရာကောင်းလောက်အောင် ကစားခဲ့တာကြောင့် အသင်းပရိသတ်တွေက ဒီကစားသမားနှစ်ယောက်ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ကုန်နေကြတာ ဖြစ်ပါတယ်။ ကရူး မီလီတာအိုတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ရီးယဲလ်ပရိသတ်တွေက “ကရူးစ်က holding midfielder အဖြစ် ရုန်းကန်နေရသလို မီလီတာအိုကတော့ အလွန်စိတ်ပျက်စရာပါ” “ကရူးစ်နဲ့မီလီတာအိုတို့ သိပ်ကြာကြာ ကောင်းကောင်းမစွမ်းနိုင်ခဲ့တာကို မြင်ရတာ တကယ့်ကို နာကျင်ရပါတယ်။” “ကရူးစ်က ဒီနေ့မှာ ဆိုးရွှားလွန်းခဲ့ပြီး ဒါဟာလည်း ရက်သတ္တပတ်တွေ ကြာနေခဲ့ပါပြီ။ သူနဲ့အတူ မီလီတာအိုလည်း တစ်ခုခုမှားနေတာ နှစ်ပတ်လောက်တောင် ရှိနေတော့မလားပဲ။ သူကစားနေတာ လူရိုင်းတစ်ယောက်လိုပဲ” လို့ ပြစ်တင်ဝေဖန်ခဲ့ပြီး မေလ(၄)ရက်နေ့ ဘာနေဗျူးမှာ ပြန်ကစားရမယ့် ဒုကျော့ပွဲစဉ်မှာတော့ ဒီကစားသမားတွေကို အသုံးမပြုတော့ဖို့ တောင်းဆိုထားကြပါတယ်။

Exit mobile version