ဒီနှစ်ဘောလုံးရာသီမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကတော့ သူရဲဲ့အသင်းသစ်အတွက် ပွဲအရေအတွက်တွေ အနည်းငယ်ပဲ ကစားပေးခဲဲ့ရပြီး ဒဏ်ရာပြသာနာတွေနဲ့သာ လုံးပန်းနေရလျက်ရှိရာ အခုဆိုရင်တော့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ မက်ဒရစ်ဒါဘီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားဖွယ်တောင် ရှိနေပါတယ်။
Photo Credit : Getty Images
အသက်၂၉နှစ်အရွှယ်ရှိ ဘယ်ဂျီယံအသင်းခေါင်းဆောင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ညာနောက်ခံလူမြူနီယာရဲ့ဖြတ်ထုတ်မှုကြောင့် ခြေထောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး အဲ့ဒီအချိန်ကနေစတင်ကာ ၂လနီးပါးလောက်အထိ အနားယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဟာဇက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းပြီဖြစ်တာကြောင့် မက်ဒရစ်ဒါဘီမှာပါ ပြန်လည်ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားလို့နေပါတယ်။
Photo Credit : Getty Images
ဟာဇက်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ရက်ပေါင်း၆၀ကျော်အောင် နားခဲ့ရပြီး အသင်းအတွက်ကို ဒီရာသီမှာ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေကို ဘာမှမယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့ရပဲ အခုလို ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ ရီးရဲလ်အတွက် အကောင်းဆုံးခြေစွမ်းတွေနဲ့ ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်ပေးသွားမယ်လို့ ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။ ဟာဇက်ဟာ သူရဲဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းမှာ နှစ်တိုင်းလိုလို တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆုတွေ ရယူပေးခဲဲ့ပြီး အသင်းကနေ မထွက်ခွာခင်မှာတောင် အသင်းအတွက် ယူရိုပါလိဂ်ဖလားတစ်လုံးကို ရယူပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ဟာဇက်က သူရဲ့အသင်းသစ် တနည်းပြောရရင် သူအရမ်းကို ပြောင်းရွှေ့ကစားချင်နေတဲ့ အသင်းဖြစ်တဲဲ့ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၁၃ပွဲသာ ကစားခဲ့ရပြီး သွင်းဂိုး၁ဂိုးနဲ့ ဂိုးဖန်တီးမှု၃ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
(Zawgyi)
မက်ဒရစ်ဒါဘီမှာ ရီးရဲလ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ်ရှိနေတဲ့ ဟာဇက်
ဒီနှစ်ဘောလုံးရာသီမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကတော့ သူရဲ့အသင်းသစ်အတွက် ပွဲအရေအတွက်တွေ အနည်းငယ်ပဲ ကစားပေးခဲ့ရပြီး ဒဏ်ရာပြသာနာတွေနဲ့သာ လုံးပန်းနေရလျက်ရှိရာ အခုဆိုရင်တော့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ မက်ဒရစ်ဒါဘီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားဖွယ်တောင် ရှိနေပါတယ်။