မန္စီးတီးအသင္းမွာ ၂၀၁၀ခုႏွစ္ကေန ဆယ္စုႏွစ္တစ္ခုၾကာ ျဖတ္သန္းခဲ႔တဲ့ စပိန္လက္ေရြးစင္ေဟာင္း ေဒးဗစ္ေဆးဗားက ဒီႏွစ္ေဘာလုံးရာသီကုန္ရင္ မန္စီးတီးအသင္းနဲ႔ လမ္းခြဲသြားေတာ့မွာျဖစ္ၿပီး သူရဲ႕ကကစားသမားဘဝကုိ ေမဂ်ာလိဂ္ေဘာလုံးၿပိဳင္ပြဲမွာ ဆက္လက္ျဖတ္သန္းသြားဖုိ႔ ရွိလုိ႔ေနပါတယ္။ မန္စီးတီးအသင္းမွာ ဆယ္စုႏွစ္အတြင္း ဂႏၱဝင္ကစားသမားတစ္ေယာက္အျဖစ္ပါ သတ္မွတ္ခံလာရတဲ႔ ေဆးဗားဟာ အသင္းနဲ႔အတူ ေအာင္ျမင္မႈေပါင္းမ်ားစြာကုိ ရယူႏုိင္ခဲ႔ၿပီး သူရဲ႕မန္စီးတီးကစားသမားဘဝတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ဆုဖလားကုိ ၄ႀကိမ္အထိ ဆြတ္ခူးႏုိင္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဗလင္စီယာလူငယ္အသင္းကေန ေပၚထြက္လာခဲ႔တဲ႔ ကြင္းလယ္ဖန္တီးရွင္ ကစားသမားဟာ ၂၀၀၄ခုႏွစ္ကေနစတင္ၿပီး ဗလင္စီယာစီနီယာအသင္းမွာ ၆ႏွစ္ၾကာေအာင္ ပါဝင္ကစားခဲ႔ရင္းနဲ႔ သူရဲ႕ေျခစြမ္းေကာင္းေတြေၾကာင့္ စပိန္လာလီဂါရဲဲ႕ထိပ္သီးအသင္းႀကီးျဖစ္တဲဲ႔ ရီးရဲလ္မက္ဒရစ္ကေန ေပါင္သန္း၃၀နဲ႔ ေခၚယူဖုိ႔ ႀကိဳးပမ္းခဲဲ႔ဖူးတယ္လုိ႔ သတင္းထြက္ေပၚခဲ႔ပါတယ္။ The Athetic သတင္းဌာကေန ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ဥကၠဌျဖစ္သူ ပီရက္ဇ္က ေဒးဗစ္ေဆးဗားကုိ ေခၚယူႏုိင္ဖုိ႔အတြက္ စီစဥ္ခဲ႔ေပမယ့္လည္း အဲ႔ဒီအခ်ိန္တုန္းက အသက္၂၄ႏွစ္သာရွိေသးတဲ႔ ေဆးဗားရ/ဲဲ႕အမႈအက်င့္တခ်ိဳ႕ေၾကာင့္ ေခၚယူဖုိ႔ပယ္ဖ်က္ခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

အဲ႔ဒီအခ်ိန္တုန္းက ေဆးဗားဟာ အရက္ေသစာေသာက္စားမႈေတြနဲ႔ ပါတီပြဲက်င္းပမႈမ်ားကုိ မၾကာခဏ လုပ္ေဆာင္တတ္သူျဖစ္လုိ႔ ပီရက္ဇ္က ရီးရဲလ္ဆီ ေခၚေဆာင္ဖုိ႔ ျပန္လည္စဥ္းစားလာခဲ႔ကာ ေနာက္ဆုံးေတာ့ ေဆးဗားလည္း ဗလင္စီယာကေန မန္စီးတီးအသင္းဆီကုိပဲ ေရြးခ်ယ္ေျပာင္းေရႊ႕ရခဲ႔တာပဲျဖစ္ပါတယ္။ ေဆးဗားဟာ မန္စီးတီးကုိ ေရာက္ရွိသြားခ်ိန္မွာေတာ့ သူရဲ႕အေကာင္းဆုံးေျခစြမ္းေတြကုိ ျပသႏုိင္ခဲ့ၿပီး ဆယ္စုႏွစ္တာအတြင္း ပရီးမီးယားလိဂ္ရဲ႕သြင္းဂုိးဖန္တီးမႈအမ်ားဆုံးသူအျဖစ္ပါ သတ္မွတ္ခံခဲ႔ရပါတယ္။ အခုဆုိ အသက္၃၃ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ေဆးဗားဟာ ဒီရာသီအကုန္မွာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္လုိ႔ အသင္းနဲ႔ လမ္းခြဲေတာ့မွာျဖစ္ၿပီး ေဒးဗစ္ဘက္ခမ္း ပူးတြဲပုိင္ဆုိင္လုိ႔ထားတဲ႔ ေမဂ်ာလိဂ္အသင္းသစ္ အင္တာမုိင္ယာမီအသင္းဆီကုိ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေျပာင္းေရႊ႕ကစားဖုိ႔ ေသခ်ာသေလာက္ရွိေနတာေၾကာင့္ ပရီးမီးယားလိဂ္ရဲဲ႕ဂႏၱဝင္ကစားသမားတစ္ေယာက္ကုိ ရာသီအကုန္မွာ ႏႈတ္ဆက္ရေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

ရီးရဲလ်ကစားသမား ဖြစ်လာဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ပျက်ပြယ်ခဲ့ရတဲဲ့ ဒေးဗစ်ဆေးဗား

မန်စီးတီးအသင်းမှာ ၂၀၁၀ခုနှစ်ကနေ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့တဲ့ စပိန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဆေးဗားက ဒီနှစ်ဘောလုံးရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်ပြီး သူရဲ့ကကစားသမားဘဝကို မေဂျာလိဂ်ဘောလုံးပြိုင်ပွဲမှာ ဆက်လက်ဖြတ်သန်းသွားဖို့ ရှိလို့နေပါတယ်။ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်အတွင်း ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ်ပါ သတ်မှတ်ခံလာရတဲ့ ဆေးဗားဟာ အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့ပြီး သူရဲ့မန်စီးတီးကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ဆုဖလားကို ၄ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဗလင်စီယာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဟာ ၂၀၀၄ခုနှစ်ကနေစတင်ပြီး ဗလင်စီယာစီနီယာအသင်းမှာ ၆နှစ်ကြာအောင် ပါဝင်ကစားခဲ့ရင်းနဲ့ သူရဲ့ခြေစွမ်းကောင်းတွေကြောင့် စပိန်လာလီဂါရဲဲ့ထိပ်သီးအသင်းကြီးဖြစ်တဲဲ့ ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း၃၀နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲဲ့ဖူးတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ The Athetic သတင်းဌာကနေ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဥက္ကဌဖြစ်သူ ပီရက်ဇ်က ဒေးဗစ်ဆေးဗားကို ခေါ်ယူနိုင်ဖို့အတွက် စီစဉ်ခဲ့ပေမယ့်လည်း အဲ့ဒီအချိန်တုန်းက အသက်၂၄နှစ်သာရှိသေးတဲ့ ဆေးဗားရ/ဲဲ့အမှုအကျင့်တချို့ကြောင့် ခေါ်ယူဖို့ပယ်ဖျက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

အဲ့ဒီအချိန်တုန်းက ဆေးဗားဟာ အရက်သေစာသောက်စားမှုတွေနဲ့ ပါတီပွဲကျင်းပမှုများကို မကြာခဏ လုပ်ဆောင်တတ်သူဖြစ်လို့ ပီရက်ဇ်က ရီးရဲလ်ဆီ ခေါ်ဆောင်ဖို့ ပြန်လည်စဉ်းစားလာခဲ့ကာ နောက်ဆုံးတော့ ဆေးဗားလည်း ဗလင်စီယာကနေ မန်စီးတီးအသင်းဆီကိုပဲ ရွေးချယ်ပြောင်းရွှေ့ရခဲ့တာပဲဖြစ်ပါတယ်။ ဆေးဗားဟာ မန်စီးတီးကို ရောက်ရှိသွားချိန်မှာတော့ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ဆယ်စုနှစ်တာအတွင်း ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးဖန်တီးမှုအများဆုံးသူအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ အခုဆို အသက်၃၃နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဆေးဗားဟာ ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ မေဂျာလိဂ်အသင်းသစ် အင်တာမိုင်ယာမီအသင်းဆီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့ကစားဖို့ သေချာသလောက်ရှိနေတာကြောင့် ပရီးမီးယားလိဂ်ရဲဲ့ဂန္တဝင်ကစားသမားတစ်ယောက်ကို ရာသီအကုန်မှာ နှုတ်ဆက်ရတော့မှာပဲဖြစ်ပါတယ်။