MySport Myanmar

ဆယ်ကျော်သက် ဗင်နီစီယပ်စ်လေးကိုပါ အငှား ထပ်တိုးလိုက်တဲ့ ရီးယဲလ်

ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဗင်နီစီယပ်စ်နှစ်ဦးကို ပိုင်ဆိုင်ထားရတော့မယ့် အခြေအနေပါ။ တိုက်စစ်မှာ အသင်းအတွက် အလွန်ကို အားထားရတဲ့ ဗင်နီစီယပ်စ်ဂျူနီယာ ရှိနေသလို အသင်းရဲ့ ညာခြမ်းခံစစ်မှာလည်း ဆယ်ကျော်သက် ကစားသမားလေး ဗင်နီစီယပ်စ်တိုဘီယက်စ်ကို နောက်တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ပါ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Photo Credit : Managing Madrid

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် လူငယ် ညာနောက်ခံ ကစားသမားလေး တိုဘီယက်စ်ဟာ ယူကရိန်း ထိပ်တန်းကလပ် ရှက်တာဒိုးနက်ကနေ ရီးယဲလ်ဆီကို ၂၀၂၂ခုနှစ် ဧပြီလကတည်းက အငှားနဲ့ ရောက်ရှိလာခဲ့ပြီး ရီးယဲလ် လူငယ်အသင်းမှာ ပါဝင် ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရီးယဲလ် လူငယ်အသင်းအတွက် ပွဲပေါင်း (၃၂)ပွဲခန့်အထိ ပါဝင်ကစားခွင့် ရထားခဲ့သူ တိုဘီယက်စ်က အခုတော့ ရီးယဲလ်မှာ နောက်ထပ် တစ်ရာသီ ထပ်ရှိဖို့ သေချာသွားခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Managing Madrid

ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်များအရ ရီးယဲလ် နဲ့ ရှက်တာဒိုးနက်အသင်းတို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် နောက်ထပ် တစ်ရာသီ ထပ်မံ အငှားနဲ့ ခေါ်ယူဖို့ကို သဘောတူညီမှု ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ အငှား ခေါ်ယူခ ယူရို (၅၀၀၀၀၀)နဲ့ အပြီးသတ် ခေါ်ယူမယ်ဆိုရင် ယူရို (၁၅)သန်း ပေးချေသွားရမယ်လို့ သိရပါတယ်။ ဒါပေမယ့် ရီးယဲလ်ဘက်က ထည့်သွင်းထားတဲ့ အပြီးသတ် ခေါ်ယူမှုကို မဖြစ်မနေ လုပ်ဆောင်စရာ မလိုပဲ ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်တိုင်းကျမှသာ buy option ကို အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းက ဒီနွေဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဒေါ့မွန်က အင်္ဂလန် ကြယ်ပွင့် ဂျူဒ်ဘယ်လင်ဟမ်ကို ယူရို (၁၀၃)သန်း ကစားသမားဟောင်း နှစ်ဦးဖြစ်သော ဖာရန်ဂါစီယာကို ဗယ်လက်ကာနိုကနေ ယူရို (၅)သန်း ၊ ဟိုဆယ်လူကို အက်စပန်ညိုကနေ တစ်ရာသီအငှားတို့နဲ့ ပြန်လည် ခေါ်ယူထားခဲ့ပါတယ်။

Exit mobile version