MySport Myanmar

PSGနဲ့ ချယ်လ်ဆီးပစ်မှတ် ဘရာဇီးလ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူနိုင်တော့မယ့် ရီးရဲလ်

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အင်္ဂလန် နာမည်ကြီးကလပ် ချယ်လ်ဆီးတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်းဒရစ်က ပါးလ်မီးရက်စ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ နည်းစနစ် ကြွယ်ဝမှု ၊ အားကောင်းလွန်းတဲ့ ကြံ့ခိုင်မှုနဲ့ ဂိုးသွင်း သေသပ်မှုတို့ကြောင့် ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အက်ဒီယာနို လက်သစ် အဖြစ် တင်စားခံထားရပါတယ်။

Photo Credit: Marca

ဒါကြောင့်လည်း ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က အန်းဒရစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ ဖြစ်ပြီး အန်းဒရစ်ကလည်း သူ့ရဲ့ ကစားသမား ဘဝ အတွက် ပါးလ်မီးရက်စ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီးပါပြီ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးကို ကျော်ကာ အန်းဒရစ်ကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပြီး ရီးရဲလ်မက်ဒရစ်ဟာ အန်းဒရစ်အတွက် ပါးလ်မီးရက်စ်ထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ပေးချေဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ် လူငယ်ကြယ်ပွင့်တွေကို မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ ကလပ်အသင်း ဖြစ်သလို ဗီနီးစီးယပ်စ်နဲ့ ရိုဒရီဂိုတို့လို လူငယ် ကစားသမားတွေ ရှိနေတာကြောင့် အန်းဒရစ်ဟာ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ထက် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ ပိုမို စိတ်ဝင်စားနေတာ ဖြစ်ကြောင်း ဘရာဇီးလ်အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။

Exit mobile version