ရီးရဲလ် တိုက်စစ်မှူးဟောင်း မီဂျာတိုဗစ်ကတော့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်ယူ အသင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့သလိုမျိုး ရီးရဲလ် အသင်းက မန်စီးတီးအသင်းကို အနိုင်မရနိုင်စရာ အကြောင်းအရင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အိမ်ကွင်း ပွဲစဉ်မှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို (၁-၂) နဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် လာမယ့် မတ်လ (၁၈) ရက်နေ့ ကစားသွားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ရဖို့ တကယ် လိုအပ်နေပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာပဲ ပထမအကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့လည်း အဝေးကွင်း ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို (၃-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။ ရီးရဲလ် တိုက်စစ်မှူးဟောင်း ပီဂျာတိုဗစ်ကတော့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၂-၁) နဲ့ အရေးနိမ့်ခဲ့ပေမဲ့လည်း မန်ယူအသင်း ပြန်လာသလိုမျိုး ပြန်လာနိုင်ပြီး မန်စီးတီးအသင်းကို အနိုင်ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Marca သတင်းမှာ မီဂျာတိုဗစ်က “ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဝေးကွင်း ပွဲစဉ်ကို အနိုင်ရဖို့က တကယ် မလွယ်ပါဘူး။ မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်တော့ ပိုလို့တောင် မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ ရာသီမှာဆိုရင်တော့ မန်ယူအသင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့ပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ ဘာလို့ အနိုင်မရနိုင်ရမလဲ။ ရီးရဲလ်အသင်းအနေနဲ့ ပွဲကစားချိန် တစ်လျှောက် အခွင့်အရေး ရရှိမှာပါ။ ရီးရဲလ်အသင်းက နောက်ဆုံး တိုက်ပွဲကို မစတင်ရသေးပါဘူး။ ရီးရဲလ်အသင်းအနေနဲ့ အနည်းဆုံး သွင်းဂိုး (၂) ဂိုး သွင်းဖို့ လိုနေပြီး သွင်းဂိုး (၂) ဂိုး သွင်းဖို့က ပစ်မှတ်ဖြစ်သင့်ပါတယ်။ တကယ်လို့ မန်စီးတီးအသင်းက ဂိုးသွင်းမယ် ဆိုရင် ဘာမှ မပြောင်းလဲပါဘူး။ ဘာကိုမှ ဆုံးရှုံးစရာ မရှိပါဘူး”လို့ အသင်းဟောင်း ရီးရဲလ်အသင်းကို အားပေးသွားခဲ့ပါတယ်။