မၾကာေသးခင္ကမွ စပိန္စူပါဖလားၿပိဳင္ပြဲကုိ ေဆာ္ဒီအာေရဗ်ႏုိင္ငံမွာ ယွဥ္ၿပိဳင္ကစားရင္းနဲ႔ ခ်န္ပီယံဆုဖလားကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရတဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒီရာသီ စပိန္လာလီဂါၿပိဳင္ပြဲရဲ႕ ဒုတိယရာသီဝက္ ကနဦးပြဲစဥ္အျဖစ္ အေဝးကြင္းပြဲစဥ္ေတြမွာ ရလဒ္အၿမဲေကာင္းမြန္ေနတတ္တဲ႔ ဆီဗီလာအသင္းနဲ႔ ဘာေနဗ်ဴးကြင္းမွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ႔ၿပီး ရီးရဲလ္က ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ႔ကာ ပထမေနရာကုိ ယာယီတတ္လွမ္းထားခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္ရွင္ရီးရဲလ္အသင္းက ဒီေန႔ပြဲစဥ္မွာ ရာမုိ႔စ္ ဟာဇက္ ေဘးလ္ အဆန္စီယုိတုိ႔လုိ ကစားသမားေတြကုိ ဒဏ္ရာျပသာနာေတြေၾကာင့္ အသုံးျပဳျခင္းမရွိခဲ႔သလုိ ဒဏ္ရာကေန သက္သာလာတဲ႔ ဘန္ဇီမာကလည္း အရန္မွာသာ ပါဝင္လာခဲ႔ၿပီး ဂ်ိဳဗစ္ မုိဒရစ္ ကရူးစ္ ကတ္စ္မဲလ္ရုိး ဗက္ဇ္ေကး ရုိဒရီဂုိ မာဆယ္လုိ ဗာရန္း မီလီတာအုိ ကာဗာဟယ္ ေကာ္တြိဳက္စ္တုိ႔ကုိသာ အသုံးျပဳလာခဲ႔ပါတယ္။ ဆီဗီလာအသင္းကလည္း ဒီေဂ်ာင္ ဘာနီဂါ ရယ္ဂီလြန္ နာဗက္ဇ္တုိ႔လုိ ကစားသမားေကာင္းေတြနဲ႔ အိမ္ရွင္အသင္းကို အေကာင္းဆုံး တုန္႔ျပန္ကစားခဲ႔ပါတယ္။ ပြဲအစပုိင္းမွာ ရီးရဲလ္ကပဲ ပြဲကုိစုိးမုိးႏုိင္ခဲ႔ေပမယ့္လည္း ဆီဗီလာအသင္းက ဦးေဆာင္ဂုိးကုိ မိနစ္၃၀ဝန္းက်င္မွာ ပုိင္ဆုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ကံဆုိးတာကေတာ့ ဒီဂုိးကုိ တုိက္စစ္မွဴးဒီေဂ်ာင္ ေခါင္းတုိက္မသြင္းယူခင္မွာ ဆီဗီလာကစားသမားတစ္ဦးက မီလီတာအုိကုိ ျပစ္ဒဏ္က်ဴးလြန္ခဲ႔တယ္ဆုိၿပီး VAR စစ္ေဆးကာ သြင္းဂုိးကုိ ပယ္ဖ်က္ခဲ႔လုိ႔ ဆီဗီလာတုိ႔ နစ္နာခဲ႔ရပါတယ္။ အဲ႔ဒီေနာက္ပုိင္းကတည္းက ဆီဗီလာအသင္းရဲ႕ဖိအားေပးမႈေတြကုိပဲ ပုိမုိျမင္ေတြ႕လာခဲ႔ရၿပီး ထိေရာက္မႈေတာ့ မရွိခဲ႔ပါဘူး။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာေတာ့ ဆီဗီလာအသင္းကပဲ ေဘာလုံးပုိင္ဆုိင္မႈကုိ ပုိမုိအသာရခဲ႔ေပမယ့္ ရီးရဲဲလ္အသင္းက တုိက္စစ္ကုိ လုိက္ပါကစားရမွာ ပုိေကာင္းေနခဲ႔ၿပီး ပြဲခ်ိန္၅၇မိနစ္မွာပဲ လူကာဂ်ိဳဗစ္ရဲ႕အလွပဆုံးဖန္တီးေပးမႈကေနတစ္ဆင့္ ကတ္စ္မဲလ္ရုိးက ဦးေဆာင္ဂုိးကုိ အနီးကပ္သြင္းယူခဲ႔ပါတယ္။ ဒါေပမယ့္ အဖြင့္ဂုိးရၿပီး သိပ္မၾကာခင္ ၆၄မိနစ္ခန္႔မွာ ဧည့္သည္အသင္းဘက္ကုိ ေခ်ပဂုိးျပန္လည္ခြင့္ျပဳခဲ႔ရၿပီး ဒီေဂ်ာင္ကပဲ သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒီဂုိးကလည္း အျငင္းပြားစရာ အေနအထားမွာ ရွိေနခဲ႔တယ္ဆုိေပမယ့္ ဒုိင္ကေတာ့ သြင္းဂုိးအျဖစ္္ အသိအမွတ္ျပဳခဲ႔ပါတယ္။ ေခ်ပဂုိးေပးရၿပီး ၆မိနစ္အၾကာမွာပဲ ရီးရဲလ္တုိ႔ အႏုိင္ဂုိးကုိ ျပန္လည္ရရွိသြားခဲ႔ကာ ဒီတစ္ခါလည္း ကတ္စ္မဲလ္ရုိးကပဲ သြင္းယူခဲ႔တာျဖစ္ၿပီး ဗက္ဇ္ေကးရဲ႕ျဖတ္တင္ေဘာကေနတစ္ဆင့္ ေခါင္းတုိက္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒီဂုိးကုိ ပြဲၿပီးတဲ႔အထိ ဆက္လက္ထိန္းသိမ္းႏုိင္ခဲ႔တာေၾကာင့္ ရီးရဲလ္ကပဲ ဒုတိယရာသီဝက္မွာ တာထြက္လွပခဲ႔ရပါတယ္။

(Unicode)

ဒုတိယရာသီဝက်မှာ တာထွက်လှပခဲ့တဲ့ စပိန်စူပါဖလားချန်ပီယံ ရီးရဲလ်မက်ဒရစ်

မကြာသေးခင်ကမှ စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ယှဉ်ပြိုင်ကစားရင်းနဲ့ ချန်ပီယံဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲရဲ့ ဒုတိယရာသီဝက် ကနဦးပွဲစဉ်အဖြစ် အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်အမြဲကောင်းမွန်နေတတ်တဲ့ ဆီဗီလာအသင်းနဲ့ ဘာနေဗျူးကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးရဲလ်က ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ကာ ပထမနေရာကို ယာယီတတ်လှမ်းထားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ရီးရဲလ်အသင်းက ဒီနေ့ပွဲစဉ်မှာ ရာမို့စ် ဟာဇက် ဘေးလ် အဆန်စီယိုတို့လို ကစားသမားတွေကို ဒဏ်ရာပြသာနာတွေကြောင့် အသုံးပြုခြင်းမရှိခဲ့သလို ဒဏ်ရာကနေ သက်သာလာတဲ့ ဘန်ဇီမာကလည်း အရန်မှာသာ ပါဝင်လာခဲ့ပြီး ဂျိုဗစ် မိုဒရစ် ကရူးစ် ကတ်စ်မဲလ်ရိုး ဗက်ဇ်ကေး ရိုဒရီဂို မာဆယ်လို ဗာရန်း မီလီတာအို ကာဗာဟယ် ကော်တွိုက်စ်တို့ကိုသာ အသုံးပြုလာခဲ့ပါတယ်။ ဆီဗီလာအသင်းကလည်း ဒီဂျောင် ဘာနီဂါ ရယ်ဂီလွန် နာဗက်ဇ်တို့လို ကစားသမားကောင်းတွေနဲ့ အိမ်ရှင်အသင်းကို အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ရီးရဲလ်ကပဲ ပွဲကိုစိုးမိုးနိုင်ခဲ့ပေမယ့်လည်း ဆီဗီလာအသင်းက ဦးဆောင်ဂိုးကို မိနစ်၃၀ဝန်းကျင်မှာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ ဒီဂိုးကို တိုက်စစ်မှူးဒီဂျောင် ခေါင်းတိုက်မသွင်းယူခင်မှာ ဆီဗီလာကစားသမားတစ်ဦးက မီလီတာအိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး VAR စစ်ဆေးကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့လို့ ဆီဗီလာတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ဆီဗီလာအသင်းရဲ့ဖိအားပေးမှုတွေကိုပဲ ပိုမိုမြင်တွေ့လာခဲ့ရပြီး ထိရောက်မှုတော့ မရှိခဲ့ပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဆီဗီလာအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုအသာရခဲ့ပေမယ့် ရီးရဲဲလ်အသင်းက တိုက်စစ်ကို လိုက်ပါကစားရမှာ ပိုကောင်းနေခဲ့ပြီး ပွဲချိန်၅၇မိနစ်မှာပဲ လူကာဂျိုဗစ်ရဲ့အလှပဆုံးဖန်တီးပေးမှုကနေတစ်ဆင့် ကတ်စ်မဲလ်ရိုးက ဦးဆောင်ဂိုးကို အနီးကပ်သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် အဖွင့်ဂိုးရပြီး သိပ်မကြာခင် ၆၄မိနစ်ခန့်မှာ ဧည့်သည်အသင်းဘက်ကို ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး ဒီဂျောင်ကပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကလည်း အငြင်းပွားစရာ အနေအထားမှာ ရှိနေခဲ့တယ်ဆိုပေမယ့် ဒိုင်ကတော့ သွင်းဂိုးအဖြစ်် အသိအမှတ်ပြုခဲ့ပါတယ်။ ချေပဂိုးပေးရပြီး ၆မိနစ်အကြာမှာပဲ ရီးရဲလ်တို့ အနိုင်ဂိုးကို ပြန်လည်ရရှိသွားခဲ့ကာ ဒီတစ်ခါလည်း ကတ်စ်မဲလ်ရိုးကပဲ သွင်းယူခဲ့တာဖြစ်ပြီး ဗက်ဇ်ကေးရဲ့ဖြတ်တင်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကို ပွဲပြီးတဲ့အထိ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ရီးရဲလ်ကပဲ ဒုတိယရာသီဝက်မှာ တာထွက်လှပခဲ့ရပါတယ်။