ဒီနေ့ ဇွန်လ(၂၅)ရက်နေ့ မနက်အစော(၂)နာရီခွဲအချိန်မှာတော့ စပိန်လာလီဂါ ပွဲစဉ်(၃၁)ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် လာလီဂါချန်ပီယံဆုအတွက် ကြိုးပမ်းလို့နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တန်းဆင်းဇုန်ကနေ လွတ်ရာကို ရုန်းထွက်ရမယ့် မာယော့ကာအသင်းတို့ ရင်ဆိုင်ကစားခဲ့ကြပြီး အိမ်ရှင်ရီးရဲလ်က မာယော့ကာကို (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရီးရဲလ်အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့အတူ တိုက်စစ်မှာ ဘန်ဇီမာ ဘေးလ် ဗင်နီဆီယပ်စ် ဟာဇက်တို့လို တိုက်စစ်အားသန်ကစားသမားတွေကို သုံးစွဲလာခဲ့သလို မိုဒရစ် ဗယ်ဗာဒီ မန်ဒီ ရာမို့စ် ဗာရန်း ကာဗာဟယ် ကော်တွိုက်စ်တို့ကိုလည်း အသုံးပြုလာခဲ့ပါတယ်။ မာယော့ကာကတော့ ပထမအကျော့မှာ ရီးရဲလ်ကို အနိုင်ယူထားခဲ့တယ်ဆိုပေမယ့် အခုဒုတိယအကျော့အဖြစ် ပြန်လည်ရင်ဆိုင်ရချိန်မှာ ယှဉ်ကစားနိုင်ခြင်းမရှိပဲ ရီးရဲလ်ရဲ့ဖိအားပေးမှုအောက်မှာသာ ပွဲချိန်ပြည့်နီးပါး ရှိနေခဲ့ရပါတယ်။ ရီးရဲလ်အတွက် အဖွင့်ဂိုးကိုတော့ တောင်ပံကစားသမားလေး ဗင်နီဆီယပ်စ်က ပွဲကစားချိန်(၁၉)မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းပွဲချိန်အတွင်းမှာလည်း ဗင်နီဆီယပ်စ်က မာယော့ကာခံစစ်ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ဆယ်မိနစ်ခန့်အကြာမှာပဲ ရီးရဲလ်တို့ ဖရီးကစ်ကန်ခွင့်ရခဲ့လို့ အသင်းခေါင်းဆောင် နောက်ခံလူကြီးရာမို့စ်က ကန်သွင်းခဲ့ရာမှာ ရီးရဲလ်အတွက် ဒုတိယဂိုးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ (၂)ဂိုးပြတ်နဲ့ ဦးဆောင်နေရချိန်မှာတော့ ရီးရဲလ်တို့ ကစားအားကို အနည်းငယ်လျော့ချခဲ့ပြီး ကစားသမားအပြောင်းအလဲတွေကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့သလို သွင်းဂိုးလည်းဆက်မရတော့ပဲ (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။