ဒီတစ်ပတ် စပိန်လာလီဂါ ပွဲစဉ်(၃၆)ရဲ့ နောက်ဆုံးသောပွဲစဉ်ဖြစ်တဲ့ အမှတ်ပေးဇယားရဲ့အလယ်လောက်မှာ ရပ်တည်လို့နေတဲ့ ရမှတ်လိုအပ်ချက်မရှိတော့တဲ့ ဂရန်နာဒါအသင်းနဲ့ လာလီဂါချန်ပီယံဆုအတွက် ပွဲတိုင်းကို အကောင်းဆုံးကစားနေပြီး ဆက်တိုက်နိုင်ပွဲတွေဆက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ရင်ဆိုင်တွေ့ဆုံခဲ့ရာ ရီးရဲလ်ကပဲ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်အသင်းက ဒီနေ့ပွဲစဉ်မှာ လူထွက်ပုံကို အပြောင်းအလဲလုပ်လာခဲ့ပြီး အရင်လို ၄-၃-၃ ပုံစံကို မသုံးတော့ပဲ ၄-၃-၂-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး မိုဒရစ်ရဲ့တစ်ဖက်တစ်ချပ်မှာလည်း တောင်ပံကစားသမားတွေထက် မိုဒရစ်နဲ့အစ္စကိုတို့ သုံးစွဲလာခဲ့ပါတယ်။ ခံစစ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာခဲ့တဲ့ ရာမို့စ်နဲ့ကာဗာဟယ်တို့ ပြန်လည်ပါဝင်လာခဲ့သလို ကွင်းလယ်(၃)ယောက်တန်းမှာလည်း ကရူးစ် ဗယ်ဗာဒီ ကတ်စ်မဲလ်ရိုးတို့ ပါဝင်လာပါတယ်။ ပွဲအစကတည်းက ရီးရဲလ်ဟာ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဘယ်နောက်ခံလူမန်ဒီရဲ့ဂိုးကန်ချက်ကနေ အဖွင့်ဂိုးစတင်ပိုင်ဆိုင်ခဲ့ပါတယ်။ (၁၆)မိနစ်မှာလည်း အသင်းရဲ့ဂိုးသွင်းစက်ဘန်ဇီမာက ဒုတိယဂိုးကို ဆက်လက်သွင်းယူပေးခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပွဲကစားချိန်တွေအတွင်းမှာ အိမ်ရှင်ဂရန်နာဒါရဲ့ ဖိအားမှုတွေကို မြင်တွေ့လာခဲ့ရပြီး မိနစ်(၅၀)မှာလည်း ချေပသွင်းဂိုးတစ်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုလောက်မှာ ဂရန်နာဒါအသင်းက ဒုတိယချေပဂိုး ပြန်လည်ရယူနိုင်ဖို့အတွက် အပီအပြင် ကြိုးပမ်းလာခဲ့ပြီး ကော်တွိုက်စ် လက်စွမ်းပြ ကာကွယ်ခဲ့သလို ရာမို့စ်ရဲ့ဟန့်တားနိုင်မှုတွေကြောင့် ဂိုးပြန်ပေးရမယ့်အရေးကနေ လွတ်မြောက်ခဲ့ရပါတယ်။