အသြင္သစ္နဲ႔ ေျပာင္းလဲက်င္းပေနတာျဖစ္တဲ႔ စပိန္စူပါဖလားၿပိဳင္ပြဲရဲ႕ဗုိလ္လုပြဲကုိေတာ့ ဒီေန႔ဇန္နဝါရီ ၁၃ရက္ေန႔မွာ ေဆာ္ဒီအာေရဗ်နုိင္ငံအတြင္း က်င္းပျပဳလုပ္ခဲ႔ရာ လာလီဂါရဲ႕မက္ဒရစ္ၿမိဳ႕ခံ ထိပ္သီးကလပ္အသင္းေတြျဖစ္ၾကတဲ႔ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အသက္လက္တီကုိမက္ဒရစ္အသင္းတုိ႔ ထိပ္တုိက္ရင္ဆုိင္ကစားခဲ႔ၾကၿပီး သာမာန္ပြဲခ်ိန္အတြင္းမွာ ဂုိးမရွိသေရက်ေနခဲ႔လုိ႔ အခ်ိန္ပုိနဲ႔ ပင္နယ္တီထိ ဆက္ကစားခဲ႔ရာကာ ရီးရဲလ္က ပင္နယ္တီ၄ဂုိး၁ဂုိးနဲ႔ အႏုိင္ရရွိကာ ဗုိလ္စြဲသြားခဲ႔ရပါတယ္။

Photo Credit : Getty Images

ဗလင္စီယာကုိ ဆီမီးဖုိင္နယ္အဆင့္ သက္ေတာင့္သက္သာ ေက်ာ္ျဖတ္လာခဲ႔တဲ႔ ရီးရဲလ္အသင္းက ဘန္ဇီမာ ဟာဇက္ ေဘးလ္တုိ႔လုိ အဓိက ကစားသမားေတြ မပါဝင္ႏုိင္လုိ႔ ရွိရင္းကစားသမားေတြထဲကမွ ဂ်ိဳဗစ္ မုိဒရစ္ အစၥကုိ ဗယ္ဗာဒီ ကရူးစ္ ကတ္စ္မဲလ္ရုိး ရာမုိ႔စ္ ကာဗာဂ်ယ္ မန္ဒီ ဗာရန္း ေကာ္တြိဳက္စ္တုိ႔နဲ႔ ပြဲထြက္လာခဲ႔ရပါတယ္။ ဆီမီးမွာ ဘာစီလုိနာကုိ အံ့အားသင့္စရာရလဒ္နဲ႔ ေက်ာ္ျဖတ္ခဲ႔တဲ႔ အသက္လက္တီကုိကေတာ့ ဘာစီနဲ႔ပြဲက လူစာရင္းကုိ အေျပာင္းအလဲသိပ္မလုပ္ခဲ႔ပဲ ဆာဗစ္ရဲ႕ေနရာ ဂ်ီမီနက္ဇ္ ထည့္သုံးခဲ႔တာလြဲၿပီး မုိရာတာ ဖီးလစ္ ဆာအူး ေသာမတ္စ္ ေကာ္ရီယာတုိ႔နဲ႔သာ ဆက္လက္ပြဲထြက္လာခဲ႔ပါတယ္။ ခံစစ္ပုိင္း ေကာင္းမြန္လွတဲ႔ အသင္းႏွစ္သင္းရဲ႕ေတြ႕ဆုံမႈျဖစ္လုိ႔ ႏွစ္သင္းလုံးရဲ႕ထုိးေဖာက္မႈေတြက ခံစစ္ေတြရဲ႕ပါးနပ္မႈေတြေၾကာင့္ အရာမထင္ခဲ႔ေပမယ့္ ပထမပုိင္းမွာေတာ့ ဒီၿပိဳင္ပြဲရဲ႕ဒုတိယအေအာင္ျမင္ဆုံးအသင္းျဖစ္တဲ႔ ရီးရဲလ္က အခြင့္အေရးပုိရရွိခဲ႔ၿပီး အသက္လက္တီကုိဂိုးသမား ေအာ့ဘလက္ရဲ႕ကာကြယ္မႈေၾကာင့္သာ ဂုိးမရခဲ႔တာျဖစ္ပါတယ္။ အသက္လက္တီကုိကလည္း ရီးရဲလ္ခံစစ္အမွားတခ်က္ေၾကာင့္ ဂုိးရလုနီးပါး ျဖစ္ခဲ႔ရေပမယ့္ ဂ်ာအုိဖီးလစ္ အဆုံးသတ္ပုိင္းအားနည္းခ်က္ေၾကာင့္ ပထမပုိင္းမွာ သြင္းဂုိးမဲ႔ျဖစ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဘာစီလုိနာကုိ ၃ဂုိး၂ဂုိးနဲ႔ အႏုိင္ရခဲ႔တဲ႔ပြဲမွာ ဗြီတုိလုိ ပါဝင္ကစားၿပီးေနာက္မွ အသက္လက္တီကုိတုိက္စစ္က ပိုမုိအသက္ဝင္လာၿပီး သြင္းဂုိးေတြဆက္တုိက္ရရွိခဲ႔တာဆိုေပမယ့္ ဒီပြဲမွာေတာ့ ၅၆မိနစ္အတြင္း ဗြီတုိလုိ ပါဝင္လာေပမယ့္လည္း အသက္လက္တီကုိတုိက္စစ္က သိပ္မထူးျခားလာပဲ ရီးရဲလ္ကပဲ အခြင့္အေရးေတြ ပုိရရွိခဲ႔ပါတယ္။ ဒါေပမယ့္ ဘန္ဇီမာမပါႏုိင္တဲ႔ ရီးရဲလ္တုိက္စစ္ကလည္း အလုပ္မျဖစ္ခဲ႔သလုိ ေအာ့ဘလက္ကလည္း သြင္းဂုိးခြင့္မျပဳရေအာင္ အေကာင္းဆုံးႀကိဳးစားခဲ႔လုိ႔ ရီးရဲလ္အတြက္လည္း ဂုိးစရဖုိ႔က ခက္ခဲေနခဲ႔ပါတယ္။ ဆက္လက္ၿပီး ပြဲၿပီးခ်ိန္ထိ ရီးရဲလ္ကပဲ ဆက္တုိက္ဖိအားေပးႏုိင္ခဲ႔ေပမယ့္လည္း ဂုိးေတာ့ရရွိႏုိင္ျခင္းမရွိလုိ႔ အခ်ိန္ပုိဆက္လက္ကစားခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္လည္း အခ်ိန္ပုိပထမုိင္းဒုတိယပုိင္းေတြမွာ သြင္းဂုိးျမင္ေတြ႕ရျခင္းမရွိတဲ႔အျပင္ အခ်ိန္ပုိဒုတိယပုိင္းအတြင္း ဂုိးရလုနီးပါး ျဖစ္ခဲ႔ရတဲ႔ မုိရာတာအေပၚ ဗယ္ဗာဒီဘက္ကေန ျဖတ္ထုတ္မႈၾကမ္းတမ္းခဲ႔လုိ႔ ကြင္းလယ္ဒုိင္ကေန အနီကတ္ျပၿပီး ထုတ္ပယ္ခဲ႔ပါတယ္။ ဒါေပမယ့္ သြင္းဂုိးေတြရယူႏုိင္ျခင္းမရွိလုိ႔ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ ရီးရဲလ္မက္ဒရစ္ဘက္ကေန ပင္နယ္တီကန္ခ်က္ ၄ႀကိမ္လုံး ဂုိးဝင္ခဲ႔ေပမယ့္ အသက္လက္တီကိုဘက္ကေန ပင္နယ္တီအစ၂ႀကိမ္ မဝင္ခဲ႔လုိ႔ ပင္နယ္တီအဆုံးအျဖတ္မွာ ၄ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီး ၁၁ႀကိမ္ေျမာက္အျဖစ္ စပိန္စူပါဖလားကုိ ဗုိလ္စြဲႏုိင္ခဲ႔ပါတယ္။

(Unicode)

ပင်နယ်တီအဆုံးအဖြတ်နဲ့ အေတီကိုအနိုင်ယူပြီး ၁၁ကြိမ်မြောက် စူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်

အသွင်သစ်နဲ့ ပြောင်းလဲကျင်းပနေတာဖြစ်တဲ့ စပိန်စူပါဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲကိုတော့ ဒီနေ့ဇန်နဝါရီ ၁၃ရက်နေ့မှာ ဆော်ဒီအာရေဗျနိုင်ငံအတွင်း ကျင်းပပြုလုပ်ခဲ့ရာ လာလီဂါရဲ့မက်ဒရစ်မြို့ခံ ထိပ်သီးကလပ်အသင်းတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ကြပြီး သာမာန်ပွဲချိန်အတွင်းမှာ ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပိုနဲ့ ပင်နယ်တီထိ ဆက်ကစားခဲ့ရာကာ ရီးရဲလ်က ပင်နယ်တီ၄ဂိုး၁ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဗလင်စီယာကို ဆီမီးဖိုင်နယ်အဆင့် သက်တောင့်သက်သာ ကျော်ဖြတ်လာခဲ့တဲ့ ရီးရဲလ်အသင်းက ဘန်ဇီမာ ဟာဇက် ဘေးလ်တို့လို အဓိက ကစားသမားတွေ မပါဝင်နိုင်လို့ ရှိရင်းကစားသမားတွေထဲကမှ ဂျိုဗစ် မိုဒရစ် အစ္စကို ဗယ်ဗာဒီ ကရူးစ် ကတ်စ်မဲလ်ရိုး ရာမို့စ် ကာဗာဂျယ် မန်ဒီ ဗာရန်း ကော်တွိုက်စ်တို့နဲ့ ပွဲထွက်လာခဲ့ရပါတယ်။ ဆီမီးမှာ ဘာစီလိုနာကို အံ့အားသင့်စရာရလဒ်နဲ့ ကျော်ဖြတ်ခဲ့တဲ့ အသက်လက်တီကိုကတော့ ဘာစီနဲ့ပွဲက လူစာရင်းကို အပြောင်းအလဲသိပ်မလုပ်ခဲ့ပဲ ဆာဗစ်ရဲ့နေရာ ဂျီမီနက်ဇ် ထည့်သုံးခဲ့တာလွဲပြီး မိုရာတာ ဖီးလစ် ဆာအူး သောမတ်စ် ကော်ရီယာတို့နဲ့သာ ဆက်လက်ပွဲထွက်လာခဲ့ပါတယ်။ ခံစစ်ပိုင်း ကောင်းမွန်လှတဲ့ အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်လို့ နှစ်သင်းလုံးရဲ့ထိုးဖောက်မှုတွေက ခံစစ်တွေရဲ့ပါးနပ်မှုတွေကြောင့် အရာမထင်ခဲ့ပေမယ့် ပထမပိုင်းမှာတော့ ဒီပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်က အခွင့်အရေးပိုရရှိခဲ့ပြီး အသက်လက်တီကိုဂိုးသမား အော့ဘလက်ရဲ့ကာကွယ်မှုကြောင့်သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ အသက်လက်တီကိုကလည်း ရီးရဲလ်ခံစစ်အမှားတချက်ကြောင့် ဂိုးရလုနီးပါး ဖြစ်ခဲ့ရပေမယ့် ဂျာအိုဖီးလစ် အဆုံးသတ်ပိုင်းအားနည်းချက်ကြောင့် ပထမပိုင်းမှာ သွင်းဂိုးမဲ့ဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာကို ၃ဂိုး၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဗွီတိုလို ပါဝင်ကစားပြီးနောက်မှ အသက်လက်တီကိုတိုက်စစ်က ပိုမိုအသက်ဝင်လာပြီး သွင်းဂိုးတွေဆက်တိုက်ရရှိခဲ့တာဆိုပေမယ့် ဒီပွဲမှာတော့ ၅၆မိနစ်အတွင်း ဗွီတိုလို ပါဝင်လာပေမယ့်လည်း အသက်လက်တီကိုတိုက်စစ်က သိပ်မထူးခြားလာပဲ ရီးရဲလ်ကပဲ အခွင့်အရေးတွေ ပိုရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘန်ဇီမာမပါနိုင်တဲ့ ရီးရဲလ်တိုက်စစ်ကလည်း အလုပ်မဖြစ်ခဲ့သလို အော့ဘလက်ကလည်း သွင်းဂိုးခွင့်မပြုရအောင် အကောင်းဆုံးကြိုးစားခဲ့လို့ ရီးရဲလ်အတွက်လည်း ဂိုးစရဖို့က ခက်ခဲနေခဲ့ပါတယ်။ ဆက်လက်ပြီး ပွဲပြီးချိန်ထိ ရီးရဲလ်ကပဲ ဆက်တိုက်ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ဂိုးတော့ရရှိနိုင်ခြင်းမရှိလို့ အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။

Photo Credit : Getty Images

ဒါပေမယ့်လည်း အချိန်ပိုပထမိုင်းဒုတိယပိုင်းတွေမှာ သွင်းဂိုးမြင်တွေ့ရခြင်းမရှိတဲ့အပြင် အချိန်ပိုဒုတိယပိုင်းအတွင်း ဂိုးရလုနီးပါး ဖြစ်ခဲ့ရတဲ့ မိုရာတာအပေါ် ဗယ်ဗာဒီဘက်ကနေ ဖြတ်ထုတ်မှုကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်ကနေ အနီကတ်ပြပြီး ထုတ်ပယ်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေရယူနိုင်ခြင်းမရှိလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ရီးရဲလ်မက်ဒရစ်ဘက်ကနေ ပင်နယ်တီကန်ချက် ၄ကြိမ်လုံး ဂိုးဝင်ခဲ့ပေမယ့် အသက်လက်တီကိုဘက်ကနေ ပင်နယ်တီအစ၂ကြိမ် မဝင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်မှာ ၄ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၂ကြိမ်မြောက်အဖြစ် စပိန်စူပါဖလားကို ဗိုလ်စွဲနိုင်ခဲ့ပါတယ်။