ရီးရဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် မန်စီးတီးအသင်းရဲ့ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းစာတစ်ခုဖြစ်တဲ့ Daily Star ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ ၂၀၁၅ခုနှစ်ကမှ လီဗာပူးလ်ကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၂)ကြိမ် အက်အေဖလား (၁)ကြိမ် လိဂ်ဖလား(၄)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် စတာလင်ဟာ ဖေဖော်ဝါရီ (၂၁)ရက်နေ့က အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း အသင်းအတွက် သွင်းဂိုးသွင်းယူပြီးနောက်ပိုင်းကတည်းက (၉)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေရသလို ဂိုးဖန်တီးမှုအပိုင်းမှာလည်း (၁)ကြိမ်မှကို မလုပ်ဆောင်ထားနိုင်ခဲ့ပါဘူး။

Photo Credit : Eurosport

ဒီလိုအခြေအနေရှိနေတဲ့ စတာလင်ကို မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက ပွဲထွက်ကစားခွင့် အကန့်အသတ်နဲ့သာ ပေးလာနိုင်ဖွယ်ရှိနေပြီး သူ့ထက် လူငယ်ကစားသမားလေး ဖေးလ်ဖိုဒန်ကိုသာ နေရာပိုပေးလာဖွယ် ရှိနေတာကြောင့် ဒီအခြေအနေကို ရီးရဲလ်ဘက်ကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ တောင်ပံကစားသမား အီဒင်ဟာဇက်ကို အသင်းကနေ ပြန်လည်ရောင်းချသွားဖို့ အစီအစဉ် ရှိလို့နေပြီး သူရဲ့နေရာမှာလည်း နောက်ထပ် ပရီးမီးယားလိဂ်ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ စတာလင်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက စတာလင်ဟာ အသင်းရဲ့တိုက်စစ်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကြားမှာ အကောင်းဆုံး လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်မယ်သူလို့ ယုံကြည်ထားတာကြောင့် အရခေါ်ယူဖို့ကို စီစဉ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် စတာလင်က မန်စီးတီးအသင်းမှာ ပျော်ရွှင်လျက်ရှိနေပြီး အသင်းကလည်း သူ့ကို လက်လွတ်သွားဖို့ အစီအစဉ်မရှိတဲ့အပြင် နောက်ထပ်စာချုပ်သစ်တစ်ရပ်ကိုပါ ကမ်းလှမ်းသွားဖွယ် ရှိလို့နေတာကြောင့် ရီးရဲလ်အနေနဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကို ပြောင်းလဲရဖွယ် ရှိနေပါတယ်။