ဒီနွေဈေးကွက်အတွင်းမှာ ကလပ်အသင်းတွေကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ ဂျုဗင်တပ်စ် ကွင်းလယ်ကစားသမား အက်ဒရီယန် ရာဘီယော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ရီးယဲလ်မက်ဒရစ်လည်း ပါဝင်လာခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
ရီးယဲလ်က မကြာသေးခင်ကပဲ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေလို ထိပ်တန်း ကစားသမားကောင်းတစ်ဦးကို free transfer နဲ့ ခေါ်ယူထားနိုင်ခဲ့သလို အရင်တုန်းကလည်း ဒေးဗစ် အလာဘာ ၊ အန်တိုနီယို ရူဒီဂါတို့လို နာမည်ကြီး ကစားသမားတချို့ကိုပါ အလွတ်နဲ့ပဲ ခေါ်ယူထားခဲ့ဖူးပါတယ်။
Photo Credit : Transfermarket
ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီးဖြစ်တဲ့ ရီးယဲလ်က သူတို့ အမှန်တကယ် အလိုရှိပြီ ခေါ်ယူချင်ပြီဆိုတဲ့ ကစားသမားမျိုးအတွက် ပြောင်းရွှေ့ကြေး များစွာနဲ့ ခေါ်ယူတက်တဲ့ အသင်းကြီးဖြစ်သလို သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားတွေထဲကမှ အရည်အသွေးမြင့် ကစားသမားတွေကို အလွတ်နဲ့ပါ ခေါ်ယူတက်ပါတယ်။
အခုလည်း ယူရို-၂၀၂၄ပြိုင်ပွဲကြီး ပြီးဆုံးသွားရင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အဆုံးသတ်တော့မယ့် ကွင်းလယ်လူ တိုနီ ကရူးစ်နေရာမှာ အစားထိုးသွားဖို့အတွက် ဂျုဗင်တပ်စ်ရဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီအော့ကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။
Photo Credit : Transfermarket
အသက် (၂၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း ရာဘီအော့ဟာ လွန်ခဲ့တဲ့ ၂၀၁၉ကတည်းက ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ပါ ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ ရာဘီအော့အနေနဲ့ အသင်းကနေ ထွက်ခွာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ရာဘီအော့လို ဘောလုံးအတွေ့အကြုံကောင်းတွေ များစွာ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးကို မန်ချက်စတာ ယူနိုက်တက် အပါဝင် အသင်းအမြောက်အများက ခေါ်ယူချင်နေကြပြီး အခုလည်း ရီးယဲလ်အသင်းကပါ ကရူးစ်နေရာအတွက် ရာဘီအော့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။