MySport Myanmar

ဖာမီနိုကို အလွတ်နဲ့ ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ရီးယဲလ်ပါ ပါဝင်လာ

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဇွန်လမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘရာဇီးလ် ဝါရင့် တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုကို free transfer နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဘန်ဇီမာရဲ့ back-up striker အဖြစ် ထားရှိသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Sport Moles

၂၀၁၅ခုနှစ်ကတည်းက ဘွန်ဒက်စ်လီဂါကလပ် ဟော့ဖန်ဟင်မ်အသင်းကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှ်ိလာခဲ့တဲ့ ဖာမီနိုဟာ လီဗာပူးလ်အသင်းမှာ (၈)ရာသီအထိ ကျင်လည်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလားပေါင်းများစွာလည်း ဆွတ်ခူးခဲ့ပါတယ်။ လက်ရှိမှာတော့ ဖာမီနိုက လီဗာပူးလ်နဲ့ စာချုပ် သက်တမ်းတိုးတော့မှာ မဟုတ်ပဲ နွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖို့သာ ဆုံးဖြတ်လိုက်တာကြောင့် သူ့ကို ကလပ်အသင်း များစွာက ချဉ်းကပ်လာကြသလို ဒီအသင်းတွေထဲမှာလည်း ရီးယဲလ်မက်ဒရစ်ပါ ပါဝင်နေတယ်လို့ စပိန်သတင်းမီဒီယာ El Nacional က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

El Nacional ရဲ့ ဖော်ပြချက်မှာတော့ ရီးယဲလ်အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာကို နှစ်အနည်းငယ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုပြီး သူရဲ့ back-up တိုက်စစ်နေရာအတွက် ကစားသမားသစ်တစ်ဦးကို ပြောင်းရွှေ့ကြေးများစွာ ခေါ်ယူတာမျိုးထက် အတွေ့အကြုံ ရှိထားပြီးသား တိုက်စစ်မှူးတစ်ဦးကိုပဲ ပြောင်းရွှေ့ကြေး အနည်းငယ် ဒါမှမဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်လာခဲ့တာကြောင့် ဖာမီနိုကို စိတ်ဝင်စားလာခဲ့တာလို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖာမီနိုက လီဗာပူးလ်အသင်းမှာ ပွဲပေါင်း (၃၅၀)ကျော်လောက် ပါဝင်ထားသူဖြစ်ပြီး စုစုပေါင်း (၁၀၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာဆိုရင်လည်း လူစားဝင် ပါဝင်ကစားရင်းနဲ့ အသင်းအတွက် လိုအပ်နေတဲ့ ဒုတိယမြောက် ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ တကယ်လို့ ဖာမီနိုသာ ရီးယဲလ်ကို ရောက်လာမယ်ဆိုရင် အသင်းတိုက်စစ်မှာ ဗင်နီစီယပ်စ် ရိုဒရီဂိုတို့နဲ့အတူ ဖာမီနိုကိုပါ ဘရာဇီးလ် တိုက်စစ်အတွဲအဖက်အဖြစ် တွေ့မြင်ရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version