၂၀၁-၂၀၂၀ ဘောလုံးရာသီ စပိန်လာလီဂါ ပွဲစဉ်(၃၈) ရာသီပိတ်ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်(၇)ပွဲကို ဒီနေ့ည(၁)နာရီခွဲအချိန်မှာ တပြိုင်နက်တည်းယှဉ်ပြိုင်ကစားခဲ့ပြီး ဒီရာသီရဲ့လာလီဂါချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အဝေးကွင်းမှာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နေတဲ့ လီဟာနက်စ်အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံခဲ့ပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Image

ရီးရဲလ်အသင်းကတော့ ၄-၃-၃ ကစားကွက်နဲ့အတူ ဘန်ဇီမာ အဆန်စီယို ဗင်နီဆီယပ်စ် အစ္စကို ကတ်စ်မဲရိုး ဗယ်ဗာဒီ မန်ဒီ ရာမို့စ် ဗက်ဇ်ကေးစ် အာရီအိုလာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အက်စပန်ညို မာယော့ကာအသင်းတွေနဲ့အတူ လာမယ့်နှစ် ဆီဂန်ဒါကို တန်းမဆင်းသွားရစေဖို့အတွက် အိမ်ရှင်လီဟာနက်စ်အသင်းကလည်း အကောင်းဆုံးရုန်းအားတွေနဲ့ ရီးရဲလ်ကို ရင်ဆိုင်သွားခဲ့ပြီး ပထမပိုင် ပွဲချိန်အတွင်းမှာတောင် လီဟာနက်စ်က ဂိုးကန်သွင်းခွင့်တွေ ပိုမိုပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ရီးရဲလ်က စတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်ရာမို့စ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ကာ သူရဲ့ဒီရာသီ လာလီဂါ(၁၁)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းရဲ့ နာကျင်အချိန်ပိုမှာတော့ ဘရိုင်ယန်က အိမ်ရှင်အတွက် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ အစ္စကိုထိုးပေးလိုက်တဲ့ ဘောလုံးကို အဆန်စီယိုက အကောင်းဆုံးဆွဲပြေးရယူပြီး ဦးဆောင်ဂိုးအဖြစ် ပိတ်သွင်းနိုင်ခဲ့ပါတယ်။ သွင်းဂိုးပြန်လည်ခွင့်ပြုလိုက်ရချိန်မှာတော့ လီဟာနက်စ်တို့ ဖိအားပြန်ဝင်သွားခဲ့ပြီး ရီးရဲလ်ကို အနိုင်ယူနိုင်မှသာ တန်းဆင်းဇုန်က လွတ်နိုင်မှဖြစ်တာကြောင့် သူတို့အပေါ် ကျရောက်နေတဲ့ အရမ်းကို ကြီးမားသွားခဲ့ရပေမယ့် Cooling break နားပြီး ပြန်ကစားချိန်မှာပဲ ချေပဂိုးတစ်ဂိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့ကာ မျှော်လင့်ချက် ပြန်လည်ရှင်သန်ခဲ့ရပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကို မသွင်းယူနိုင်ခဲ့တာကြောင့် လီဟာနက်စ်တို့ လာလီဂါကနေ တန်းဆင်းသွားခဲ့ရပါတယ်။