ရီးယဲလ် မက်ဒရစ်အသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ကစားသမား ရောင်းချဖို့ မဖြစ်မနေ လိုအပ်နေတဲ့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမားကြီး အလက်ဆန်းဒါး လာကာဇက်ကို ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ရီးယဲလ်က ဒီနွေမှာ ကီလီ.ယန် အမ်ဘာပေနဲ့ အန်းဒရစ်ခ်တို့ကို ခေါ်ယူထားခဲ့ပေမယ့် ဘာပေကိုတော့ သူရဲ့စိတ်ကြိုက်နေရာဖြစ်တဲ့ ဘယ်ခြမ်းတိုက်စစ်မှာ အသုံးပြုဖို့က ဗင်နီစီယပ်စ်လည်း ရှိနေတာကြောင့် အထောင်တိုက်စစ်မှာသာ အသုံးပြုခဲ့ရာ ထင်သလောက် အလုပ်မဖြစ်ဘဲ ဖြစ်နေသလို အန်းဒရစ်ခ်ကလည်း ရီးယဲလ်မှာ ပွဲကစားခွင့်တွေ နည်းပါးနေရပါတယ်။
Photo Credit : beIN SPORTS
ဒီလို အခြေအနေမျိုး ဖြစ်နေသည့်တိုင် ရီးယဲလ်အသင်းက ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ထပ်မံ ခေါ်ယူဖို့ အစီအစဉ် မရှိပေမယ့်လည်း လက်ရှိမှာ ဝါရင့် တိုက်စစ်ကစားသမားတစ်ဦးကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုးက ရရှိလာခဲ့ပါတယ်။
ဒီကစားသမားကြီးက အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူး လာကာဇက် ဖြစ်ပါတယ်။ အာဆင်နယ် ကစားသမားဟောင်း လိုင်ယွန် အသင်းခေါင်းဆောင် လာကာဇက်ဟာ အာဆင်နယ်ကနေ လိုင်ယွန်အသင်းဆီ ပြန်ရောက်ကတည်းက (၈၈)ပွဲမှာ (၅၈)ဂိုးအထိတောင် သွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။
Photo Credit : Sportskeeda
လိုင်ယွန်က လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် တန်းဆင်းရမယ့် အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်နေရပြီး ဆောင်းဈေးကွက်မှာ ကစားသမား ခေါ်ယူမှုခွင့်ပါ ပိတ်ပင်ထားခံရသလို အသင်းရဲ့ ထိပ်တန်း ကစားသမားတချို့ကိုလည်း မဖြစ်မနေ ရောင်းထုတ်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီကစားသမားတွေထဲမှာ လာကာဇက်လည်း သေချာပေါက် ပါဝင်လာပါတယ်။
လာကာဇက်က လာမယ့် ၂၀၂၅ ဇွန်လမှာပဲ လိုင်ယွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်နဲ့ လက်မလွတ်ခင် ဆောင်းဈေးကွက်မှာပဲ cut-priced တန်ကြေးနဲ့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ ရီးယဲလ်က လာကာဇက်အတွက် ယူရို (၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။