MySport Myanmar

ဗင်နီစီယပ်စ်ရဲ့ ဒဏ်ရာကြောင့် ဝါနာကို အငှားနဲ့ ခေါ်ယူသွားဖွယ် ရှိနေတဲ့ ရီးယဲလ်

ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ရဲ့ ပေါင်ဒဏ်ရာ အခြေအနေကြောင့် တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်လာတဲ့အတွက် လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဝါနာကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ကိုလံဘီယာ နဲ့ ဘရာဇီးလ်တို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်းမှာပဲ ပေါင်ကြွက်သား ဒဏ်ရာနဲ့ ဘယ်ခြေထောက် အကြောပြတ် ဒဏ်ရာတွေပါ ရရှိခဲ့တာဖြစ်လို့ လာမယ့် ဖေဖော်ဝါရီလလောက်အထိ အနားယူသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ဗင်နီက ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှာ အဓိကကျတဲ့ ကစားသမားဖြစ်လို့ ရီးယဲလ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေနိုင်တဲ့အတွက် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်းဆီကို တိုက်စစ်ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူရဖို့ ရှိလာပါတယ်။

စပိန်အခြေစိုက် SPORT သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ရီးယဲလ်အသင်းဟာ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဝါနာကို ရာသီကုန်အထိ အငှား ဒါမှမဟုတ် အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနိုင်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : SPORT

အသက် (၂၇)နှစ်အရွယ် ဂျာမနီ တိုက်စစ်ကစားသမား ဝါနာဟာ ၂၀၁၆လောက်ကနေ စတင်ပြီး လိုက်ပ်ဇစ်အသင်းနဲ့အတူ တောက်ပခဲ့လို့ ၂၀၂၀မှာ ချယ်လ်ဆီးက သူ့ကို ခေါ်ယူခဲ့ပေမယ့် ချယ်လ်ဆီးမှာ (၂)ရာသီသာ ကစားခဲ့ရပြီး အသင်းဟောင်း လိုက်ပ်ဇစ်ဆီသာ ပြန်လည် ရောင်းချခဲ့ပါတယ်။

အခုရာသီမှာလည်း လိုက်ပ်ဇစ်ရဲ့ တိုက်စစ်ပိုင်းအတွင်း အိုပင်ဒါ ဆက်စ်ကို ပေါလ်ဆန်တို့ရဲ့နောက် အရန်အဖြစ်နဲ့သာ ကစားနေရလို့ လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကနေ နောက်တစ်ကြိမ် ပြန်လည် ထွက်ခွာချင်နေပြီး ဝါနာကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတချို့နဲ့ ဂျုဗင်တပ်စ်အသင်းတို့က စောင့်ကြည့်လျက် ရှိနေပါတယ်။

Exit mobile version