MySport Myanmar

အသင်းခေါင်းဆောင်ဟောင်းကြီး ရာမို့စ်ကို ပြန်လည် ခေါ်ယူဖို့ မရှိတဲ့ ရီးယဲလ်

ရီးယဲလ် မက်ဒရစ်အသင်းကတော့ အသင်းခေါင်းဆောင် ဒါနီ ကာဗာဟယ်လ် ဒဏ်ရာရသွားပြီး ရက်သတ္တပတ်လောက် အကြာမှာပဲ နောက်ထပ် ခံစစ်မှူး အက်ဒါ မီလီတာအိုပါ ထပ်မံ ဒဏ်ရာရသွားခဲ့ပြန်ပြီး ကာလရှည်ကြာတွေ အနားယူရတော့မှာဖြစ်လို့ ဒါက ရီးယဲလ်အတွက် ခေါင်းခဲစရာ ဖြစ်လာရပါတယ်။

ရီးယဲလ်က ဒီနွေမှာ ဝါရင့် ခံစစ်ကစားသမား နာချို ဖာနန်ဒက်ဇ်ကို အသင်းကနေ လက်လွတ်ခဲ့ပြီးနောက် သူ့နေရာအတွက် ကစားသမား ထပ်မံ ခေါ်ယူခြင်း မရှိခဲ့ရာ အခုဆိုရင် အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ညာနောက်ခံလူ ကာဗာဟယ်လ်နဲ့ ဗဟိုခံစစ်မှူး မီလီတာအိုတို့ ဒူးအရွတ်ဒဏ်ရာကြီးတွေ ရသွားတာဟာ ရီးယဲလ်ခံစ်အတွက် အတော်လေး တိုင်ပတ်သွားခဲ့ပါတယ်။

 

Photo Credit : talkSPORT

ပိုဆိုးတာကတော့ ရီးယဲလ်အသင်းရဲ့ ခံစစ်မှာ ရူဒီဂါ မန်ဒီ ဂါဆီယာ ဗယ်လေဟိုတို့ပဲ ဒဏ်ရာကင်းစင်နေတာမို့ ရီးယဲလ်အနေနဲ့ အကယ်ဒမီက လူငယ် ခံစစ်ကစားသမားတွေကိုပါ ထည့်သွင်း အသုံးပြုနေရပြီး လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်တဲ့ ဒေးဗစ် အလာဘာကိုလည်း risk ယူပြီး အလျင်အမြန် ကစားစေဖွယ် မရှိနိုင်ပါဘူး။

ဒီအခြေအနေမှာ ရီးယဲလ်က ခံစစ်ပိုင်း ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသင်းခေါင်းဆောင်ဟောင်း နောက်ခံကစားသမားကြီး ဆာဂျီယို ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ သတင်းတွေက ဆက်တိုက် ထွက်ပေါ်ခဲ့ပေမယ့်လည်း ရာမို့စ်ဟာ လက်ရှိမှာ အသက် (၃၈)နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်ပြီးတော့ ကလပ်အသင်းလက်မဲ့ ဖြစ်နေတယ် ဆိုပေမယ့်လည်း ဇူလိုင်လလောက်ကတည်းကနေ လက်ရှိအချိန်အထိ ပွဲကစားထားခြင်းပါ မရှိတာမို့ ရာမို့စ်ရဲ့ ကြံခိုင်ရေး အခြေအနေက စိတ်ချစရာ အနေအထားမှာ မရှိနိုင်ဘဲ ဖြစ်နေရပါတယ်။

Photo Credit : Goal

ဒါကြောင့် ရီးယဲလ်က တခြားသော ခံစစ်ကစားသမားကိုသာ ပစ်မှတ်ထားနေခဲ့ပြီး ဒီထဲမှာ အာဆင်နယ် ခံစစ်မှူး ဆလီဘာ ၊ အယ်လ်နာဆာရဲ့ စပိန်ခံစစ်မှူး လာပေါ့တ် ၊ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ် ၊ လိုက်ပ်ဇစ် ခံစစ်မှူးလေး လူကီဘာနဲ့ လေဗာကူဆင် ခံစစ်ကစားသမား ဂျိုနသန်တက်ချ်တို့ ပါဝင်နေကြပါတယ်။

ဒီထဲမှာ လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီ ခံစစ်မှူး ဂျိုနသန်တက်ချ်က ရီးယဲလ်အသင်းဆီ ရောက်ရှိဖို့ ဖြစ်နိုင်ခြေ များနေပေမယ့် နွေမှပဲ အလွတ်နဲ့ ရနိုင်မယ့် ကစားသမားတစ်ဦးအတွက် ရီးယဲလ်က ငွေသုံးပါ့မလားဆိုတာ မသေချာသလို ဆလီဘာ ဘရန့်ဝိတ် လူကီဘာတို့ ကစားသမားတွေဆိုရင်လည်း လာမယ့်နွေလောက်မှသာ ကမ်းလှမ်းသွားဖွယ် ရှိနိုင်ပြီး လာပေါ့တ်ကတော့ လစာကိစ္စကြောင့် ခေါ်ယူရ ခက်ခဲနိုင်ပါတယ်။

Exit mobile version