ရီးယဲလ် မက်ဒရစ်အသင်းက မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် နောက်ခံလူ လာပေါ့တ်ကို အယ်လ် နာဆာအသင်းရဲ့ လက်ထဲကနေ ကြား​ဖြတ် ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဂဗာဒီယိုလ်ကို ခေါ်ယူပြီးချိန်ကတည်းက လာပေါ့တ်ကို ရောင်းချဖို့ စီစဥ်ထားရာ ဆော်ဒီ ထိပ်သီးကလပ် အယ်လ် နာဆာအသင်းက လာပေါ့တ်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဒါကိုလည်း စီးတီးက လက်ခံထားခဲ့ပါတယ်။

Photo Credit : CaughtOffside

လာပေါ့တ် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း လာပေါ့တ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့က ကျန်ရှိနေသေးတာကြောင့် ဒီအချိန်မှာ ရီးယဲလ်က လာပေါ့တ်ကို ကြားဖြတ်လုဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ အဓိက နောက်ခံလူ မီလီတာအိုက ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် အနည်းဆုံး (၆)လခန့်လောက်အထိ အနားယူသွားရဖို့ ရှိနေတာမို့ မီလီတာအိုနေရာမှာ အစားထိုးဖို့အတွက် စပိန်လက်ရွေးစင် နောက်ခံလူ လာပေါ့တ်ကို လာလီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : Machester Evening News

ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ACL ဒဏ်ရာတွေရဲ့ နှိပ်စက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မီလီတာအို မတိုင်ခင် ဂိုးသမား ကော်တွိုက်စ်ပါ ACL ထိသွားလို့ သူ့နေရာမှာ ယာယီ အစားထိုးဖို့ ချယ်လ်ဆီးရဲ့ စပိန်ဂိုးသမား ကက်ပါ အာရီဇာဘယ်လာဂါကို တစ်ရာသီ အငှားနဲ့ ခေါ်ယူထားခဲ့ရပါတယ်။

ကော်တွိုက်စ်အတွက် အစားထိုးဖို့ ဂိုးသမားက မဖြစ်မနေ လိုအပ်ပေမယ့်လည်း မီလီတာအို နာသွားချိန်မှာ ဗဟို ခံစစ်နေရာမှာ တခြား ကစားသမားတွေလည်း ရှိနေသေးတာမို့ လာပေါ့တ်ကို မဖြစ်မနေ ခေါ်ယူဖို့ မရှိပဲ လိုအပ်မှသာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေပါတယ်။